အီရန်အပေါ် အမေရိက၏ ထပ်မံတို-က်ခိုက်မှု မှန်သမျှသည် ပြင်းထန်သော အကျိုးဆက်များဖြစ်လာလိမ့်မည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့သော အင်တာဗျူးတစ်ခုတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က ပြောကြားခဲ့ပြီး ငြိမ်းချမ်းသောနျူကလီးယားအစီအစဉ်သို့ အီရန်လျှောက်လှမ်းနိုင်ရေး ဖြေရှင်းချက်ရှာဖွေရာတွင် ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် တောင်းဆိုခဲ့သည်။
ဝါရှင်တန်နှင့် တေရန်အကြား မြင့်တက်လာသည့် အကျပ်အတည်းသစ်ကို တားဆီးရန် အမေရိကနှင့် အီရန် ညှိနှိုင်းရေးမှူးများ သည် ဂျီနီဗာတွင် သွယ်ဝိုက်ဆွေးနွေးမှုများပြုလုပ်အပြီး တစ်ရက်အကြာတွင် ဆော်ဒီ၏ အယ်လ်အာရေဗျရုပ်သံနှင့် လက်ဗ်ရော့ဗ်၏ အင်တာဗျူးထွက်ပေါ်လာခြင်းဖြစ်သည်။
“အကျိုးဆက်တွေက မကောင်းပါဘူး။ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ အီရန်နျူကလီးယားနေရာတွေကို တို-က်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးပါပြီ။ ကျွန်တော် သုံးသပ်နိုင်သလောက်ကတော့ နျူကလီးယားမတော်တဆမှုတစ်ခုဖြစ်သွားနိုင်တဲ့ အန္တရာယ်တွေရှိနေပါတယ်” ဟု ၎င်း၏ ဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် တင်ခဲ့သော အင်တာဗျူး၌ လက်ဗ်ရော့ဗ်က ပြောကြားခဲ့သည်။
Ref: Red Lake Nation News
