Tuesday, December 16, 2025

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု...

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ...

မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အားဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားထိုးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)အား လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ခံများကကြီးကြပ်၍...

ထိုင်းက လာအိုသို့ လောင်စာဆီတင်ပို့မှုများကို ကန့်သတ်

လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို...

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကောင်းမွန်

ကွယ်လွန်ပြီဟုပြောဆိုနေခြင်းမှာ သတင်းမှားသာဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လျက်ရှိပြီး ၎င်း၏ သားဖြစ်သူ ကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ပြောဆိုနေခြင်းမှာသတင်းမှားသာဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က...
HomeInternationalအီရန်ကို တို-က်ခို-က်မှု အမေရိက...

အီရန်ကို တို-က်ခို-က်မှု အမေရိက ပါဝင်ခြင်းမရှိဟုဆို          

အီရန်ကို အစ္စရေးက စစ်ရေးတို-က်ခို-က်လိုက်မှုနှင့် ပတ်သက်၍ ဆွေးနွေးရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သောကြာနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် နိုင်ငံတော်လုံခြုံရေးကောင်စီ အစည်းအဝေးကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
         
တစ်ချိန်တည်းမှာပင် အစ္စရေးက အီရန်နျူကလီးယားနယ်မြေများကို ဗုံးကြဲတို-က်ခို-က်ခဲ့မှုတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အမေရိက,က ပြောကြားခဲ့သည်။ ယင်းတို-က်ခို-က်မှုက ဒေသတွင်း ပဋိပက္ခကို ပိုမိုနက်ရှိုင်းသွားစေရန် တွန်းပို့နိုင်သည့် အန္တရာယ်ရှိနေသည်။
          
အစ္စရေးသည် တို-က်ခို-က်မှုကို တစ်ဖက်သတ်ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်းနှင့် အီရန်အနေဖြင့် အမေရိကကို လက်တုန့်ပြန်ခြင်းမျိုးမလုပ်ရန် သတိပေးကြောင်း တို-က်ခို-က်မှုစတင်ခဲ့ပြီးနောက် မကြာခင်ပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့သည်။
           
  “အီရန်ကို တို-က်ခို-က်မှုမှာ ကျွန်တော်တို့ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။ ဒေသတွင်းက အမေရိကန်တပ်တွေကို ကာကွယ်သွားဖို့က ကျွန်တော်တို့ရဲ့ ထိပ်တန်းဦးစားပေးဖြစ်ပါတယ်” ဟု ရူဘီယိုက ပြောခဲ့ပြီး “အီရန်အနေနဲ့ အမေရိကန်အကျိုးစီးပွားတွေကိုဖြစ်စေ အမှုထမ်းတွေကိုဖြစ်စေ ပစ်မှတ်ထားတာမျိုး မလုပ်ဖို့ ရှင်းလင်းစွာ အသိပေးပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
         
အမေရိကသည် အစ္စရေး၏ စစ်ဆင်ရေးနှင့်  ရှောင်ဖယ်၍နေသည်မှာ အများအသိပင်ဖြစ်သော်ငြားလည်း အီရန်နိုင်ငံပိုင်ရုပ်သံက ချက်ချင်းပင် ဝါရှင်တန်ကို အပြစ်ဆိုခဲ့ကာ  ကလေးများ‌ေ-သဆုံးခဲ့သည် တို-က်ခို-က်မှုတွင် ကြံရာပါဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
           
Operation Rising Lion ဟု အမည်ပေးထားသော အစ္စရေး၏ တို-က်ခို-က်မှုသည် အီရန်၏ နျူကလီးယားပရိုဂရမ်နှင့် အခြားစစ်ဖက်နယ်မြေများကို ပစ်မှတ်ထားခဲ့သည်ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပြောကြားခဲ့သည်။

Ref: တိုင်မ်းဆော့ဖ်အစ္စရေး၊ ဘီဘီစီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု ထရမ့် ပြောကြား

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ အလျှော့အတင်းပြုလုပ်မည့် အလားအလာနှင့် သက်ဆိုင်ခြင်း ရှိမရှိ မေးမြန်းသောအခါ သူက - "အမှန်အတိုင်း ပြောရရင် သူတို့က နယ်မြေကို ဆုံးရှုံးပြီးသားပါပဲ။ ဆိုလိုတာက နယ်မြေဟာ ဆုံးရှုံးပြီးသားပါ" ဟု ပြောခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့က ဥရောပနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဥရောပက အဲဒီထဲမှာ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။ စစ်ပွဲ ထပ်မဖြစ်အောင်...

မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အားဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားထိုးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)အား လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ခံများကကြီးကြပ်၍ ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာတပ်ဆင်လျက်ရှိပြီး တပ်ဆင်ချိန်(၁၂)ရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က နိုင်ငံတော် ယာယီသမ္မတလှူဒါန်းထားသော တံတားအကျယ်(၁၂)ပေ (၈)လက်မ၊ အရှည် (၁၀၀)ပေရှိ ယာယီဘေလီသံပေါင်တံတားကို တပ်ဆင်နေခြင်းဖြစ်ကာ ဘုရားပွဲတော်ကျင်းပစဉ်ကာလတစ်လျောက်အသုံးပြုသွားမည်ကြောင်း သိရသည်။ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ရက်ပေါင်း(၈၆)ရက်ကြာ အစဉ်အလာမပျက်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး...

ထိုင်းက လာအိုသို့ လောင်စာဆီတင်ပို့မှုများကို ကန့်သတ်

လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို ရပ်ဆိုင်းလိုက်သည်။ ကမ္ဘောဒီးယားတပ်များသည် ထိုင်းနယ်မြေအတွင်းရှိ အရပ်ဖက်ပစ်မှတ်များကို လက်နက်ကြီးများသုံးကာ တို-က်ခို-က်နေသဖြင့် လိုအပ်ချက်အရ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေဒမ် ဆူရာဆန့် ကွန်ဆရီက ပြောကြားခဲ့သည်။ ယင်းသို့ ရပ်ဆိုင်းမိန့်ထုတ်ရခြင်း၏ အဓိကအကြောင်းရင်းသည် လာအိုမှတဆင့် တင်ပို့လိုက်သော လောင်စာဆီနှင့် ပစ္စည်းကိရိယာများကို စစ်ရေးကိစ္စရပ်များ အတွက်အသုံးပြုရန် ကမ္ဘောဒီးယားသို့ ပေးပို့နေကြောင်း ထောက်လှမ်းရေးသတင်းများက ဖေါ်ပြနေသောကြောင့်ဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071