ပြည်ပဈေးကွက်ကို အဓိကထားတင်ပို့နေသည့် ပေါင်းဆန်ကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ပြည်ပဈေးကွက်ကို အဓိကထား တင်ပို့ရောင်းချနေပြီးကျန်းမာရေး အထောက်အကူပြု ဆန်ဖြစ်သည့် ပေါင်းဆန်ကို ပြည်တွင်း၌ အိမ်အရောက်ပို့ စနစ်ဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ပေါင်းဆန်ကို ဥရောပဈေးကွက်သို့ အများဆုံး တင်ပို့နေပြီး ပြည်တွင်းမှာပါ ပိုမိုဖြန့်ဖြူးနိုင်ရန်အတွက် အိမ်အရောက်ပို့စနစ် သို့မဟုတ် လက်လီဆန် အရောင်းဆိုင်များကို ဖြန့်ဖြူးရောင်းချနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေး အထောက်အကူပြု ဆန်များဖြစ်သည့် ပေါင်းဆန်၊ ဆန်လုံးညိုနှင့် အားဖြည့်ဆန်များသည် ပြည်တွင်းဈေးကွက်၌ ဝယ်လိုအားနည်းခြင်းကြောင့် ပြည်ပဈေးကွက် တစ်ခုတည်းကို မှီခိုမနေဘဲ ပြည်တွင်းမှာပါ စားသုံးသူများ ပိုမိုစားသုံးလာအောင် ဈေးကွက်ပိုမို ချဲ့ထွင်ရန် လိုအပ်ကြောင်း ဆန်ဈေးကွက်အသိုင်းအဝိုင်းမှ သိရသည်။
