Friday, December 5, 2025

တရုတ်နိုင်ငံသား(၂၇၈)ဦးကိုပြည်နှင်လွှဲပြောင်းပေးပြီး (၂၄၈)ဦးကို ထပ်မံထိန်းသိမ်း

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒု စရို-က်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၂၇၈)ဦးကို ယနေ့ ဒီဇင်ဘာ ၄ ရက်က သက်ဆိုင်ရာနိုင်ငံသို့...

ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မည့် သဘာဝမြေဩဇာစက်ရုံတည်ဆောက်ရေးလုပ်ငန်းအား ဒီဇင်ဘာလတွင် စတင်နိုင်ရေး...

သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် မစ္စတာဆာဂေးရှတီရော့ဗ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် သဘာဝမြေဩဇာစက်ရုံ...

လုံခြုံရေးအရ အမေရိကန်တွင် အလုပ်လုပ်ခွင့်သက်တမ်းကို ၅...

အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှု(USCIS) ဟာ အမေရိကန်မှာ အလုပ်လုပ်ခွင့်ပြုလက်မှတ် (Employment Authorization Documents – EADs) ရဲ့ သက်တမ်းကို ၅...

အင်တာနက်ဝန်ဆောင်မှုများ ဒီဇင်ဘာလကုန် ဝန်းကျင်တွင် မူလအခြေအနေသို့...

အင်တာနက်ဝန်ဆောင်မှုများရရှိရန် နိုင်ငံတကာသို့ ချိတ်ဆက်ထားသည့်ဆက်ကြောင်းများအနက် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ သွယ်တန်းချိတ်ဆက်ထားသည့် UMO ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်ဆက်ကြောင်းသည် နိုဝင်ဘာ(၁)ရက်နေ့က ချို့ယွင်းပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့်...
HomeNewsLocal Newsအိန္ဒိယရောက် မြန်မာများ ကြိုတင်မဲများ...

အိန္ဒိယရောက် မြန်မာများ ကြိုတင်မဲများ လာရောက်ပေးနေပြီဖြစ်

အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် မဲရုံဖွင့်လှစ်ဆောင်ရွက်နေပြီး လာရောက် ဆန္ဒမဲပေးမှုများ လုပ်ဆောင်နေပြီးဖြစ်ကြောင်း သိရသည်။

နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် ယမန်နေ့ ဒီဇင်ဘာ(၄)ရက်ကစတင်ပြီး ကြိုတင်မဲပေးခြင်းဆောင်ရွက်နေပြီးဖြစ်ပြီး ဒီဇင်ဘာ(၆)ရက်နေ့ထိ မဲပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးက မဲရုံမှူးအဖြစ် ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး သံရုံးဝန်ထမ်းများမှ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လာမည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ပနိုင်ငံများသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးခြင်းကို ဒီဇင်ဘာလအစောပိုင်းတွင် သက်ဆိုင်ရာနိုင်ငံများ၌ ကျင်းပနေပြီဖြစ်ကြောင်းလည်းသိရသည်။

ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ဇန်နဝါရီ(၁၁)ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နိုင်ငံသား(၂၇၈)ဦးကိုပြည်နှင်လွှဲပြောင်းပေးပြီး (၂၄၈)ဦးကို ထပ်မံထိန်းသိမ်း

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒု စရို-က်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၂၇၈)ဦးကို ယနေ့ ဒီဇင်ဘာ ၄ ရက်က သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့ အားလူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ-ထိုင်း အမှတ် (၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြည်နှင်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒီဇင်ဘာ ၄ ရက်က လုံခြုံရေးအဖွဲ့ဝင်များသည် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်တွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများကျူးလွန်လျက်ရှိသည့် တရုတ်နိုင်ငံသား(၂၅)ဦးနှင့် မြန်မာနိုင်ငံသား(၂၂၃)ဦး(စုစုပေါင်း ၂၄၈ ဦး)တို့အား တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများတွင်အသုံးပြုသည့်...

ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မည့် သဘာဝမြေဩဇာစက်ရုံတည်ဆောက်ရေးလုပ်ငန်းအား ဒီဇင်ဘာလတွင် စတင်နိုင်ရေး ဆွေးနွေး

သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် မစ္စတာဆာဂေးရှတီရော့ဗ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေးစီမံကိန်းဆိုင်ရာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မိမိတို့ဝန်ကြီးဌာနနှင့် ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့်စီမံကိန်းများ၏ MoU ရေးထိုးနိုင်မှုအခြေအနေများ နှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ပြင် ရုရှားနိုင်ငံမှ ပံ့ပိုးပေးသည့် နေကြာမျိုးကိုးမျိုးကို စိုက်ပျိုးရေးသမဝါယမအသင်းများဖြင့် စမ်းသပ်စိုက်ပျိုးခဲ့မှုအခြေအနေများ၊ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်အသုံးပြုနိုင်ရေး ဆောင်ရွက်နေသည့်အခြေအနေများနှင့် သဘာဝမြေဩဇာစက်ရုံတည်ဆောက်ရေးလုပ်ငန်းအား ဒီဇင်ဘာလတွင် စတင်နိုင်ရေးနှင့်...

လုံခြုံရေးအရ အမေရိကန်တွင် အလုပ်လုပ်ခွင့်သက်တမ်းကို ၅ နှစ်မှ ၁၈ လသို့ USCIS မှ လျှော့ချ

အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှု(USCIS) ဟာ အမေရိကန်မှာ အလုပ်လုပ်ခွင့်ပြုလက်မှတ် (Employment Authorization Documents – EADs) ရဲ့ သက်တမ်းကို ၅ နှစ်ကနေ ၁၈ လ အထိ သိသိသာသာ လျှော့ချလိုက်ပါပြီ။ USCISက ကြာသပတေးနေ့မှာ ကြေညာခဲ့တာကတော့၊ အလုပ်လုပ်ခွင့်သက်တမ်းကို လျှော့ချလိုက်ခြင်းအားဖြင့် အမေရိကန်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံသားမဟုတ်သူတွေကို ပိုပြီး မကြာခဏ နောက်ခံစစ်ဆေးမှုတွေ ပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။ ဒါဟာ လိမ်လည်မှု၊ လုံခြုံရေးခြိမ်းခြောက်မှုတွေကို စစ်ဆေးနိုင်ပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့သူတွေကို ဖယ်ရှားနိုင်ဖို့ အထောက်အကူပြုမယ်လို့ တာဝန်ရှိသူတွေက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071