Thursday, May 14, 2026

Build-Smart & Biggest Myanmar...

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် (MCEF) ၏ နှစ်(၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်အဖြစ် “Build-Smart & Biggest Myanmar Production...

လွိုင်လင်မြို့နယ်အတွင်းမှ ကျေးရွာများအတွက် အိမ်သုံးဆိုလာ အစုံ...

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွက် အိမ်သုံးဆိုလာအစုံ ၂၅၀ ကို ဒေသခံတိုင်းရင်းသားပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ လွိုင်လင်မြို့နယ် ဆနင်းကျေးရွာအုပ်စု နားဟီးကျေးရွာအတွက် အိမ်သုံးဆိုလာ...

ဌက်အော်စမ်းလူငယ်သင်တန်း‌ကျောင်းတွင် လူငယ် ၄၀၉ ဦးကို...

ကလေးများသည် အနာဂတ်ကို ပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန် ဒုဝန်​ကြီးပြော ရန်ကုန်တိုင်းဒေသကြီး ဌက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင်း လူငယ် (၄၀၉) ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။ ကော့မှူးမြို့နယ် ဌက်အော်စမ်းသင်တန်းကျောင်းတွင် ...

လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန်...

လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန် အသိပညာပေးမှုကာလ တစ်ပတ်တိုးမြှင့်ပေးထားကြောင်း သိရသည်။ အသိပညာ‌ပေးမှုကို မေ ၇ ရက်က စတင်၍ တစ်ပတ်ပြုလုပ်ခဲ့ပြီးနောက် ယနေ့...
HomeInternationalအိန္ဒိယတွင် အာရုံကြောရောဂါတစ်မျိုးဖြစ်ပွားနေပြီး လူနာတစ်ဦး...

အိန္ဒိယတွင် အာရုံကြောရောဂါတစ်မျိုးဖြစ်ပွားနေပြီး လူနာတစ်ဦး ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ မဟာရပ်ရှ်ထရာပြည်နယ်တွင် ထုံကျင်ခြင်း၊ အားနည်းခြင်းနှင့် နာကျင်ကိုက်ခဲခြင်းတို့ဖြစ်စေသော အာရုံကြောရောဂါတစ်မျိုးဖြစ်သည့် Guillain-Barre syndrome(GBS) ရောဂါဖြစ်ပွားနေပြီး လူတစ်ဦး‌ေ-သဆုံးခဲ့ကြောင်းနှင့် ရောဂါဖြစ်ပွားသူများ‌နေကြောင်း ကျန်းမာရေးအရာရှိများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ ရောဂါဖြစ်ပွားသူလူနာ စုစုပေါင်း ၁၀၁ ဦးနေပြီး အများစုသည် ပြည်နယ်မြို့တော် မွမ်ဘိုင်းမှ မိုင် ၁၁၀ အကွာရှိ ပူနေးမြို့နှင့် ဝန်းကျင်ဒေသများမှဖြစ်သည်။

ဆိုလပူရ်မြို့တွင် လူတစ်ဦး‌ေ-သဆုံးခဲ့ပြီး လက်ရှိတွင် လူနာ ၁၆ ဦးကို အောက်ဆီဂျင်ပေးထားရသည်ဟု ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ပြောဆိုခဲ့သည်။

ပြည်သူများအနေဖြင့် အထိတ်တလန့်ဖြစ်စရာမလိုကြောင်း၊ ပြည်နယ်ကျန်းမာရေးဌာနက ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအစီအမံများကို အကောင်အထည်ဖော်ရန်ပြင်ဆင်ထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ရောဂါဖြစ်ပွားပြီးနောက် အခြေအနေကို အကဲဖြတ်ရန်အတွက် အစိုးရက အဖွဲ့ဝင် ခုနစ်ဦးပါ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားသည်ဟု ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

ခန္ဓာကိုယ်၏ ခုခံအားစနစ်က အာရုံကြောများကို တိုက်ခိုက်သည့် ရောဂါအခြေအနေဖြစ်ကာ လေဖြတ်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်ဟု ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ ရောဂါလက္ခဏာအများစုသည် ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားကူးစက်ခံရပြီး ရက်ပိုင်း သို့မဟုတ် ရက်သတ္တပတ်အနည်းငယ်အတွင်း ပေါ်လေ့ရှိပြီး ပုံမှန်အားဖြင့် ရက်သတ္တပတ်အနည်းငယ်ကြာတတ်သည်ဟု ဆိုသည်။

GBS ရောဂါဖြစ်ပွားမှုများ ရုတ်တရက်များပြားလာရခြင်း၏ နောက်ကွယ်မှအကြောင်းရင်းကို အတိအကျမသိရသေးဟု အိန္ဒိယဆရာဝန်များအသင်း ဥက္ကဌဟောင်း Avinash Bhondwe က ပြောဆိုပြီး ကူးစက်ပြီးနောက် ကိုယ်ခံအားအလိုအလျောက်ကျသည့် ရောဂါဖြစ်သည်ဟု ဆက်လက် ပြောဆိုခဲ့သည်။

“အလိုအလျောက်ခုခံအားကျတဲ့ ရောဂါတွေက မကူးစက်နိုင်ပါဘူး၊ လူနာတစ်ယောက်ကနေ အခြားတစ်ယောက်ကို မကူးနိုင်ပါဘူး၊ ဒါပေမဲ့ အများအားဖြင့်တော့ ရောဂါပိုးက ပြန့်ပွားပါတယ်” သူက ဆိုသည်။

ရောဂါဖြစ်ပွားနေသည့် ပူနေးမြို့၏ အချို့နေရာများတွင် ရေနုတ်မြောင်းများနှင့် ရေပိုက်လိုင်းများ ဘေးချင်းကပ်သွယ်တန်းထားသောကြောင့် သောက်သုံးနိုင်သောရေနှင့် ရေနုတ်မြောင်းရေဆိုးတို့ ရောနှောမှုဖြစ်ခြင်းသည် GBS ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်ဟု Bhondwe က ပြောကြားခဲ့သည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Build-Smart & Biggest Myanmar Production Expo 2026” ပြပွဲ ရန်ကုန်မြို့၌ ၃ ရက်ကြာ ကျင်းပမည်

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် (MCEF) ၏ နှစ်(၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်အဖြစ် “Build-Smart & Biggest Myanmar Production Expo 2026” ပြပွဲကို ရန်ကုန်မြို့ရှိ Yangon Convention Centre (YCC) တွင် မေလ ၁၅ ရက်မှ ၁၇ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများစွာ ပါဝင်ပြသမည်ဖြစ်ပြီး ဆောက်လုပ်ရေးနည်းပညာများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ...

လွိုင်လင်မြို့နယ်အတွင်းမှ ကျေးရွာများအတွက် အိမ်သုံးဆိုလာ အစုံ ၂၅၀ ထောက်ပံ့

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွက် အိမ်သုံးဆိုလာအစုံ ၂၅၀ ကို ဒေသခံတိုင်းရင်းသားပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ လွိုင်လင်မြို့နယ် ဆနင်းကျေးရွာအုပ်စု နားဟီးကျေးရွာအတွက် အိမ်သုံးဆိုလာ ၁၂၅ စုံ၊ နားမွမ်းကျေးရွာအတွက် အိမ်သုံးဆိုလာ ၇၆ စုံ၊ဝမ်ကျောင်းကျေးရွာအတွက် အိမ်သုံးဆိုလာ ၄၉ စုံ၊ စုစုပေါင်း ဆိုလာအစုံ ၂၅၀ စုံကို ထောက်ပံ့ခဲ့ပြီး အသုံးပြုပုံများကိုလည်း ရှင်းလင်းခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေပြီး အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ပြည်သူအတွက် ပထမရက် ၁၀၀...

ဌက်အော်စမ်းလူငယ်သင်တန်း‌ကျောင်းတွင် လူငယ် ၄၀၉ ဦးကို စောင့်ရှောက်ထား

ကလေးများသည် အနာဂတ်ကို ပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန် ဒုဝန်​ကြီးပြော ရန်ကုန်တိုင်းဒေသကြီး ဌက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင်း လူငယ် (၄၀၉) ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။ ကော့မှူးမြို့နယ် ဌက်အော်စမ်းသင်တန်းကျောင်းတွင်  ကလေးသူငယ်တရားရုံးများမှ ပေးပို့သော အသက် (၁၂) နှစ်မှ (၁၈) နှစ်အထိ  ယောင်္ကျားလေး ၃၇၆ ဦးနှင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေး ၃၃ ဦးတို့ကို လက်ခံစောင့်ရှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ “ကလေးများသည် အနာဂတ်ကိုပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန်လိုကြောင်း၊ ကလေးတစ်ဦးချင်းစီ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အုပ်စုလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အနားယူအပန်းဖြေခြင်းနှင့် ပျော်ပွဲရွှင်ပွဲအစီအစဉ်များကိုလည်း ပိုမိုဆောင်ရွက်ပေးစေလိုကြောင်းလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071