၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃) ရက်အထိ ဒဂုံမြို့သစ်(မြောက်ပိုင်း) ရှိ မြန်မာသိုင်းသင်တန်းကျောင်း၌ သုံးရက်ကြာကျင်းပပြုလုပ်ခဲ့ရာ အားကစားနည်း (၃)မျိုးမှ ပြိုင်ပွဲဝင်အားကစားသ မား စုစုပေါင်း (၂၂၆) ဦးအထိ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း ယနေ့တွင် အားကစားဝန်ကြီးဌာနထံက သိရသည်။
ပြိုင်ပွဲများအလိုက် ကျင်းပရာတွင် ဇွန်လ (၂၁) ရက်၌ ပန်ကြပ်ဆီလတ်ပြိုင်ပွဲကို အတိုက် အမျိုးသား (၃)တန်း၊ အမျိုးသမီး (၃)တန်းနှင့် အပြ (၆) နည်း စုစုပေါင်း (၈ )နည်းဖြင့် အသင်း (၁၅)သင်းမှ အား ကစားသမား (၄၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ယင်းနေ့၌ပင် ဗိုဗီနမ်ပြိုင်ပွဲကိုလည်း အတိုက် အမျိုးသား (၃) တန်း၊ အမျိုးသမီး (၃) တန်းနှင့် အပြ (၆) နည်း စုစုပေါင်း (၁၂) နည်းဖြင့် အသင်း (၁၄) သင်းမှ အား ကစားသမား (၂၉) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အလားတူ ဇွန်လ (၂၂) ရက်နှင့် (၂၃) ရက်နေ့များတွင် မြန်မာ့သိုင်းပြိုင်ပွဲကို အတိုက် အမျိုးသား (၃) တန်း၊ အမျိုးသမီး (၃) တန်းနှင့် အပြ (၆) နည်းတို့ဖြင့် ဆက် လက်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်းပေါင်း (၃၄) သင်းမှ အားကစားသမားအင်အား (၁၄၁) ဦးအထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအ နားကို ဆက်လက်ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးနောင်၊ အားကစားနှင့်ကာ ယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် သိုင်းဆရာကြီးများ တက်ရောက်၍ ပြိုင်ပွဲအမျိုးအစားအလိုက် ပထမဆု၊ ဒုတိယဆု နှင့် ပူးတွဲတတိယဆု ရရှိခဲ့ကြသည့် အားကစားသမားများကို ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
