မနက်ဖြန် ဩဂုတ် ၁၇ ရက်တွင် စတင်ကျင်းပမည့် ၂၀၂၆ အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်များအတွက် မြန်မာကိုယ်စားပြု Ayeyawady FC အမျိုးသမီးအသင်းနှင့် လက်ဘနွန်ကလပ် No Limits FC အမျိုးသမီးအသင်းတို့သည် Official Training အစီအစဉ်များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
နှစ်သင်းလုံးသည် ပြိုင်ပွဲမတိုင်မီ နောက် ဆုံးပြင်ဆင်မှုများအဖြစ် ကွင်းအတွင်း လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြပြီး ပြိုင်ပွဲအတွက် အသင့်ပြင်ဆင်ထားကြသည်။
အဆိုပါ Official Training အစီအစဉ်မှ ပုံရိပ်များကို မျှဝေပေးလိုက်ပါသည်။
ဓာတ်ပုံ-MFF
