Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsအာရှချန်ပီယံလိဂ် ခြေစစ်ပွဲပါဝင်ယှဉ် ပြိုင်မည့်...

အာရှချန်ပီယံလိဂ် ခြေစစ်ပွဲပါဝင်ယှဉ် ပြိုင်မည့် အမျိုးသမီးအသင်း(၄)သင်း နည်းပြချုပ်တို့၏ ပွဲကြိုသတင်းစကား

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှချန် ပီယံလိဂ်အမျိုးသမီးအသင်းခြေစစ်ပွဲအုပ်စုအဆင့်ပွဲစဉ်များကို မနက်ဖြန် ဩဂုတ်(၂၅)ရက် ညနေပိုင်းအချိန်တွင် ISPE အမျိုးသမီးအသင်းက ဧည့်ခံယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယင်းအတွက် ယနေ့ ဩဂုတ်(၂၄)ရက်၌ ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ Press Conference Room တွင် သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်မည့် အသင်း(၄)သင်း၏ နည်းပြချုပ်များက ပွဲကြိုသတင်းစကားများပြောကြားခဲ့သည်။

“ဒီပြိုင်ပွဲ မတိုင်မီကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြိုင်ဘက်အသင်းတွေရဲ့ ကစားပုံကို လေ့ လာထားပါတယ်။ ကျွန်မတို့ အသင်းအကောင်းဆုံး ကစားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ တစ်ပွဲချင်း အာရုံစိုက် ပြင် ဆင်သွားမှာပါ။ ပရိသတ်ကို ပျော်ရွှင်မှုပေးနိုင်အောင် ကြိုးစားသွားမှာပါ” ဟု ISPE အမျိုးသမီးအသင်းနည်းပြချုပ် ဒေါ်စန်းစန်းသိန်းက ဆိုသည်။

ထို့အတူ “ပွဲဦးထွက်မှာ အိမ်ရှင် ISPE အသင်းနဲ့ ကစားရမှာဖြစ်လို့ ခက်ခဲမှာဖြစ်ပေမယ့် ကြိုးစားယှဉ်ပြိုင်သွားမှာပါ။ အသင်းမှာ နိုင်ငံခြားသား ကစားသမား မပါဘူး။ အခြားအသင်းတွေနဲ့ ယှဉ်ရင်အားနည်းပေမယ့် ယုံကြည်မှု အပြည့်နဲ့ ကစားသွားမှာ ဖြစ်ပါတယ်”ဟု ဂူအမ်ကလပ် Bank of Gu am Strykers FC အမျိုးသမီးအသင်း နည်းပြချုပ် Gadia ကလည်း ဆိုသည်။

အလားတူ နိုင်ငံခြားသားကစားသမား (၈)ဦးအထိ ပါဝင်လာသည့် ဖိလစ်ပိုင်ကလပ် Stallion Laguna FC အမျိုးသမီးအသင်း၏ နည်းပြချုပ်ဖြစ်သူ Thomas Victoria က “ဒီပြိုင်ပွဲ ဝင်ရောက်ခွင့်ရလို့ ကျေနပ်မိပါတယ်။ ပြိုင်ပွဲမတိုင်မီ မြန်မာနိုင်ငံကို ကြိုတင်လာရောက်ပြီးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့လို့ ဒီကရာသီဥတုနဲ့ အသားကျနေပြီ ဖြစ်ပါတယ်။ အသင်းမှာ နိုင်ငံခြားသားက စားသမား ရှစ်ယောက် ပါဝင်ပါတယ်။ ISPE အသင်းက မြန်မာ့လက်ရွေးစင်တွေပါဝင်လို့ အသင်းကောင်းတစ်သင်းပါ” ဟု သတင်းစကားပါးသည်။

ထို့ပြင် မွန်ဂိုလီးယားကလပ် Khovd Western FC အသင်းနည်းပြချုပ် Bayarmagnai ကလည်း”ကျွန်တော်တို့ အုပ်စုမှာ အသင်းကောင်းတွေ ပါဝင်နေလို့ ပွဲတိုင်းက ခက်ခဲနေမှာပါ။ ကျွန်တော်တို့အကောင်းဆုံး ပြင်ဆင်သွားပါမယ်။ ISPE နဲ့ Stallion တို့မှာ လက်ရွေးစင်က စားသမားတွေ ပါနေတာမို့ တောင့်တင်းတဲ့ အသင်းတွေပါ”ဟု ပြောကြားသည်။

မြန်မာကလပ်အသင်းဖြစ်သည့် ISPE အမျိုးသမီးအသင်းတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှ ကစားသမား (၅)ဦးကို ကာလတို အငှားစာချုပ်ဖြင့် ခေါ်ယူထားကြောင်းသိရသည်။

ပြိုင်ပွဲအား Pyone Play Sports နှင့် Readers Channel တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071