၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ကျင်းပခဲ့သော အာဆီယံနိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအပြီးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထုတ်ပြန်ခဲ့သောအာဆီယံထုတ်ပြန်ချက်(၅)ရပ်နှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာ တမ်း၌ပြဋ္ဌာန်းထားချက်များကိုလေးစားလိုက်နာသင့်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ နိုင်ငံခြားရေးမူဝါဒနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်တို့နှင့်အညီ အိမ်နီးချင်းနိုင်ငံများ၊ ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်သွားမည်ဟု ထုတ်ပြန်ချက်၌ဖော်ပြခဲ့သည်။
ထို့ပြင် အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာ အာ ဏာကို အစဉ်အမြဲအလေးထားကာ အာဆီယံနှင့် အပြု သဘောဆောင်၍ အကျိုးရှိသောပူးပေါင်းဆောင်ရွက်မှုများကိုဆက်လက်ထိန်းသိမ်းသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ဖော်ပြခဲ့သည်။
ထို့ကြောင့် အာဆီယံထုတ်ပြန်ချက်(၅)ရပ်အပေါ် ဆွေး နွေးမှုများနှင့် အကောင်အထည်ဖော်မှုများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာ တမ်း၌ ပြဋ္ဌာန်းထားသည့် အာဆီယံ၏အခြေခံမူများဖြစ်သော အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားရေး၊ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်းမပြုရေးတို့ကိုလေးစားလိုက်နာသင့်သည်ဟုလည်း ထုတ်ပြန်ချက်၌ဖော်ပြခဲ့သည်။
ယင်း ထုတ်ပြန်ချက်(၅)ရပ်သည် အာဆီယံလုပ်ထုံးလုပ် နည်းများနှင့်သွေဖည်၍ အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် အဓိကသက်ဆိုင်သည့် မြန်မာနိုင်ငံအားမူကြမ်းချပြ အ သိပေးညှိနှိုင်းမှုမရှိဘဲ ဥက္ကဋ္ဌထုတ်ပြန်ချက်၏ နောက် ဆက်တွဲအဖြစ်ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒ(ASEAN Consensus) ဖြင့်ထုတ်ပြန်ခဲ့ခြင်းမဟုတ်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏ပကတိအခြေအနေများအပေါ်မူတည်၍ အာဆီယံနှင့်အဖြစ်နိုင်ဆုံးဆက်လက်ပူးပေါင်းဆောင်ရွက်သွားဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
အဆိုပါ အာဆီယံထုတ်ပြန်ချက်(၅)ရပ်နှင့်ပတ်သက်၍ ဇူလိုင် ၉ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ် တော်၌ “အာဆီယံထုတ်ပြန်ချက်(၅)ရပ်သည် အာဆီယံ ၏ အခြေခံမူများနှင့်ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသဖြင့် လိုအပ်သကဲ့သို့သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း”အ ရေးကြီးအဆိုတစ်ရပ်ကိုအတည်ပြုဆုံးဖြတ်ခဲ့သည်။
