Monday, June 8, 2026

၂၀၂၆ ခုနှစ်အတွင်းမှာ နိုင်ငံသုံးနိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြုဖို့...

ရုရှားနိုင်ငံအနေနဲ့ ၂၀၂၆ ခုနှစ်အတွင်း မလေးရှား၊ အင်ဒိုနီးရှားနဲ့ ကူဝိတ်နိုင်ငံသားတွေအတွက် ဗီဇာလိုမယ့် သတ်မှတ်ချက်တွေကို ပယ်ဖျ-က်ပေးဖို့ ရည်မှန်းထားတယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အထူးစီမံကိန်းများဌာန...

မုတ်သုံလေနှင့် မိုးတိမ်တောင်အရှိန်ကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့၌...

မုတ်သုံလေနှင့် မိုးတိမ်တောင်များ၏ အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၈ ရက်တွင်...

ဂူအမ်ကို ဂိုးပြတ်နိုင်ခဲ့သည့် မြန်မာအသင်း ဖိလစ်ပိုင်နှင့်...

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် သုံးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဖီဖာအဆင့် (FIFA Ranking) မြှင့်တင်နိုင်ရေးနှင့် အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲများအတွက် အလွန်အရေးကြီးသဖြင့် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့်ပွဲစဉ်ကို အထူးအာရုံစိုက်...

ဗိုလ်ကျစိုးမိုးရေးဝါဒကိုပြုံယမ်း နှင့်အတူ တို-က်ဖျ-က်သွားမည်–ရှီ

      မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးမြှင့်တင်ရန်သည် တရုတ်နိုင်ငံ၏ မယိမ်းယိုင်သော မူဝါဒဖြစ်ကြောင်း၊ ဗိုလ်ကျစိုးမိုးရေးဝါဒနှင့် စစ်ဝါဒကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုများကို တို-က်ဖျ-က်ရန် အတူအကွလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က...
HomeNewsLocal Newsအာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့်...

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ ဗီယက်နမ်သို့ ထွက်ခွာ၊ မြို့ပြစီမံခန့်ခွဲမှုနှင့် စီးပွားရေးအခွင့်အလမ်းများ ဆွေးနွေးမည်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့ တက်ရောက်ရန် ဇွန်လ ၇ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲများကို ဇွန်လ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ခရီးစဉ်တွင် အောက်ပါတာဝန်ရှိသူများ လိုက်ပါသွားကြသည် –

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်
မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးခင်မောင်အေး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်လင်းစိုး တို့ဖြစ်ကြသည်။

ယခုခရီးစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မြို့တော်ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်အတူ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်စီးပွားရေး အတွက်အောက်ပါကဏ္ဍရပ်များကို အလေးပေး ဆွေးနွေးဖလှယ်သွားရန် ရှိနေပါသည်။

ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးရေး

အာဆီယံဒေသတွင်း မြို့တော်ကြီးများအကြား ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများ။

မြို့ပြစီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေး

မြို့ပြအင်္ဂါရပ်နှင့်အညီ စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်ခြင်း။

စီးပွားရေးအခွင့်အလမ်းများ မြှင့်တင်ရေး

ဒေသတွင်း အနာဂတ်စီးပွားရေး အခွင့်အလမ်းသစ်များ ဖော်ဆောင်နိုင်ရန်နှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး။

ယခုခရီးစဉ်သည် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြန်မာ့အဓိက မြို့တော်ကြီးများအတွက် ဒေသတွင်း အခြားမြို့တော်ကြီးများနှင့် ချိတ်ဆက်ကာ မြို့ပြအဆင့်မြှင့်တင်ရေးနှင့် စီးပွားရေးကဏ္ဍသစ်များ ဖော်ဆောင်နိုင်မည့် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ရပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ခုနှစ်အတွင်းမှာ နိုင်ငံသုံးနိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြုဖို့ ရုရှားစီစဉ်နေ

ရုရှားနိုင်ငံအနေနဲ့ ၂၀၂၆ ခုနှစ်အတွင်း မလေးရှား၊ အင်ဒိုနီးရှားနဲ့ ကူဝိတ်နိုင်ငံသားတွေအတွက် ဗီဇာလိုမယ့် သတ်မှတ်ချက်တွေကို ပယ်ဖျ-က်ပေးဖို့ ရည်မှန်းထားတယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အထူးစီမံကိန်းများဌာန ညွှန်ကြားရေးမှူး နီကီတာ ကွန်ဒရက်တီးယက်ဗ် (Nikita Kondratyev) က စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) ရဲ့ ခေတ္တနားချိန်မှာ TASS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ "မလေးရှားနဲ့ အင်ဒိုနီးရှားကတော့ ဒီနှစ်အတွက် အဓိက ဦးစားပေးတွေပါ။ ကူဝိတ်နိုင်ငံကိုလည်း ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဒီနိုင်ငံသုံးနိုင်ငံကတော့ ဒီနှစ်ထဲမှာ ဆွေးနွေးညှိနှိုင်းမှုအပိုင်းတွေကို အပြီးသတ်ချင်တဲ့ နိုင်ငံတွေဖြစ်ပါတယ်"...

မုတ်သုံလေနှင့် မိုးတိမ်တောင်အရှိန်ကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့၌ မိုးကြီးနိုင်

မုတ်သုံလေနှင့် မိုးတိမ်တောင်များ၏ အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၈ ရက်တွင် ထုတ်ပြန်သည်။ ဇွန် ၈ ရက် ညနေအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း သိရသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးရွာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊...

ဂူအမ်ကို ဂိုးပြတ်နိုင်ခဲ့သည့် မြန်မာအသင်း ဖိလစ်ပိုင်နှင့် ဆက်လက်ရင်ဆိုင်ရမည်၊ ဖီဖာအဆင့်နှင့် အာဆီယံချန်ပီယံရှစ်အတွက် အာရုံစိုက်ကစားမည်ဟု နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ပြော

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် သုံးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဖီဖာအဆင့် (FIFA Ranking) မြှင့်တင်နိုင်ရေးနှင့် အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲများအတွက် အလွန်အရေးကြီးသဖြင့် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့်ပွဲစဉ်ကို အထူးအာရုံစိုက် ကစားသွားမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောကြားလိုက်သည်။ ဇွန်လ ၈ ရက် (ယနေ့) တွင် ပြုလုပ်ခဲ့သည့် မြန်မာ-ဖိလစ်ပိုင် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ကစားသမားများအနေဖြင့် မိမိကိုယ်ကို သက်သေပြရန် အခွင့်အရေးများစွာ ရှိနေကြောင်းလည်း ဆိုသည်။ ပွဲကြီးပွဲကောင်း ဖြစ်လာမည့် မြန်မာနှင့် ဖိလစ်ပိုင် မြန်မာအသင်းနှင့် ယှဉ်ပြိုင်ရမည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071