Monday, July 13, 2026

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများတွင် အသုံးပြုခဲ့သည့် တရားမဝင်လူနေအဆောက်အအုံ...

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့သည့် တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းနှင့် စနစ်တကျဖျက်ဆီးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက...

တိုးချဲ့ငါးမွေးမြူရေးဧရိယာများအတွက် ဒေသတွင်းအစာကုန်ကြမ်း အသုံးပြုနိုင်ရေး နည်းပညာပံ့ပိုးမည်

ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့် ဧရိယာများတွင် လိုအပ်သည့် သွင်းအားစုများ ရရှိနိုင်ရေးအတွက် ဒေသတွင်း ရရှိနိုင်သော အစာကုန်ကြမ်းများကို အသုံးပြု၍ မွေးမြူထုတ်လုပ်နိုင်ရေး နည်းပညာပံ့ပိုးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

လေပြင်းမိုးကြီးဒဏ်ကြောင့် မုဒုံမြို့နယ် ဘိုးဘွားရိပ်သာ အဆောင်အမိုးများပျက်စီး၊...

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဘိုးဘွားရိပ် သာသည် ဇူလိုင် ၁၂ ရက်က ဖြစ်ပွားခဲ့သည့် လေပြင်းမိုးကြီးဒဏ်ကြောင့် အ ဆောင်အမိုးများနှင့် အခြေခံအဆောက် အအုံများ...

ဘယ်လ်ဂျီယံကို အနိုင်ယူပြီး စပိန် ဆီမီးဖိုင်နယ်တက်၊

ပြင်သစ်နှင့် ပွဲကြီးပွဲကောင်း တွေ့ဆုံမည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပွဲစဉ်တွင် စပိန်အသင်းသည် ဘယ်လ်ဂျီယံအသင်းကို ၂-၁ ရလဒ်ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားခဲ့ပြီ...
HomeInternationalအာဆီယံနှင့် တရုတ်နိုင်ငံကို ချိတ်ဆက်ပေးလိုက်သည့် ...

အာဆီယံနှင့် တရုတ်နိုင်ငံကို ချိတ်ဆက်ပေးလိုက်သည့်  တရုတ်-လာအို နိုင်ငံဖြတ်ကျော် ရထားလမ်းကြီး

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော် ကူမင်း မှ လာအိုနိုင်ငံ၏ မြို့တော် ဗီယန်ကျင်း  အထိ ကီလိုမီတာ ၁,၀၀၀ ကျော် (၁,၀၃၅ ကီလိုမီတာ) ရှည်လျားသည့် နိုင်ငံဖြတ်ကျော် မီးရထားလမ်းမကြီး သည် ၅နှစ်​ကျော်ကြာ တည်​ဆောက်ခဲ့ပြီး ၂၀၂၁ ခုမှ စတင်​​ပြေးဆွဲ​နေရာ ၅ နှစ်ရှိလာပြီဖြစ်သည်။ ဤမဟာဗျူဟာမြောက် ရထားလမ်းကြီးသည် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း (Belt and Road Initiative – BRI) ၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယခင်က ကုန်းပိတ်နိုင်ငံတစ်ခု ဖြစ်ခဲ့သည့် လာအိုနိုင်ငံကို ကုန်းတွင်းချင်း ချိတ်ဆက်မိသည့် အချက်အချာနိုင်ငံ (Land-linked Hub) တစ်ခုအဖြစ် လုံးဝအသွင်ပြောင်းလဲပေးခဲ့သည်။ ရထားအမျိုးအစားနှင့် ပြေးဆွဲမှု ကျည်ဆန်ရထားစတိုင် ဒီဇိုင်း ပုံတွင် မြင်တွေ့ရသည့်အနီ၊ အပြာ၊ အဖြူစပ် လာအိုအမျိုးသားအလံ အရောင်များ ခြယ်သထားသည့် ရထားကြီးမှာ လာအို-တရုတ် ဖက်စပ်ထုတ်လုပ်ထားသော “လန်ဆန်း” (Lane Xang) ဟု အမည်ရသည့် အမြန်နှုန်းမြင့် လျှပ်စစ်ရထား (EMU) ဖြစ်သည်။ ၎င်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ နှုန်းဖြင့် ခရီးသည်များကို ဘေးကင်းမြန်ဆန်စွာ သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။ လူစီးရထား အမြန်တွင် တွဲဆိုင်းများမှာ ရိုးရိုး နှင့် အဆင့်မြင့်ရှိသည်။ ရထား​ပေါ် ​ဆေးလိပ်​သောက်ခွင့်မရှိသဖြင့် ဘူတာ၌ ခနရပ်လျှင် ခရီးသည်များ ပလက်​ဖောင်း​ပေါ်​ပြေးဆင်းကာ ​ဆေးလိပ်ဆင်း​သောက်ကြသည်။ ၁၀ နာရီခွဲဖြင့် နိုင်ငံဖြတ်ကျော်နိုင်ခြင်း ယခင်က ကူမင်းမှ ဗီယန်ကျင်းသို့ မော်တော်ကားလမ်းဖြင့် သွားလာပါက ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း၊ ယခုအခါ ဤနိုင်ငံဖြတ်ကျော် အမြန်ရထားကြီးကြောင့် နယ်စပ်ဖြတ်ကျော် လူဝင်မှုကြီးကြပ်ရေး (Immigration) စစ်ဆေးသည့် အချိန်အပါအဝင် စုစုပေါင်း ၁၀ နာရီခွဲခန့် သာ ကြာမြင့်တော့သည်။ လွန်ပရာဘန် ဖက်​ရောက်ခါနီးလာလျှင်​တောင်များ ထူထပ်လှသဖြင့် ဥမင်များထဲက ဖြတ်ရသည်။ မိုးကြီးလျှင်​ ဥမင်ဂူထဲ ​ရေဖြတ်သဖြင့် ရထားများ နာရီပိုင်းခန့်​စောင့်ရတတ်သည်။ ကုန်ရထား​ပြေးဆွဲမှုအ​ခြေအ​နေ ကုန်တွဲများလည်း ဤရထားလမ်းကိုအသုံးပြုဆွဲ​နေသည်။ ၂၀၂၆ ခုနှစ်အတွင်း  ဇွန်လအထိ တရုတ်-လာအို ရထားလမ်း၏ စုစုပေါင်း ကုန်စည်သယ်ယူပို့ဆောင်မှု ပမာဏသည် တန်ချိန် ၁၀ သန်းကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းအနက် နိုင်ငံဖြတ်ကျော် ကုန်စည်သယ်ယူပို့ဆောင်မှု ပမာဏသည် တန်ချိန် ၂ ဒသမ ၅ သန်းကျော် ရှိခဲ့ပြီး၊ တစ်ရက်လျှင် ပျမ်းမျှကုန်စည်သယ်ယူပို့ဆောင်မှု ပမာဏမှာ တန်ချိန် ၆၇,၀၀၀ ရှိခဲ့ကြောင်း သိရသည်။တရုတ် ကုန်များသည် လာအိုနိုင်ငံတွင်းသို့ ၂၆ နာရီအတွင်း​ရောက်ရှိသည့် အ​နေအထားဖြစ်သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၏ တံခါးဖွင့်ဝါဒ အခင်းအကျင်းကို ပိုမိုမြင်လာရပြီး နိုင်ငံဖြတ်ကျော် ရထားလမ်းစင်္ကြံ၏ ဘက်စုံတန်ဖိုးများကိုလည်း ​တွေ့ရသည်။ စီးပွားရေးနှင့် ခရီးသွားကဏ္ဍ အလှည့်အပြောင်း ဤရထားလမ်းကြီးသည် တရုတ်နိုင်ငံတောင်ပိုင်းမှတစ်ဆင့် လာအို၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် အာဆီယံဒေသတစ်ခုလုံးသို့ ကုန်းလမ်းဖြင့် ကုန်စည်စီးဆင်းမှုကို အဆမတန် မြန်ဆန်သွားစေခဲ့သည်။ လာအိုနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များနှင့် ပိုးထည်ကဲ့သို့သော လက်မှုအနုပညာပစ္စည်းများကို တရုတ်ဈေးကွက်ကြီးဆီသို့ တိုက်ရိုက်တင်ပို့နိုင်သလို၊ တရုတ်နိုင်ငံဘက်မှလည်း ခေတ်မီစက်မှုကုန်ကြမ်းများနှင့် နည်းပညာပစ္စည်းများကို အပြန်အလှန် လွယ်ကူစွာ တင်သွင်းနိုင်ခဲ့သည်။ ထို့ပြင် တရုတ်ခရီးသွား ဧည့်သည်အမြောက်အမြားကို လာအိုနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်မြို့တော် လွန်ပရာဘန်နှင့် ဗီယန်ကျင်းမြို့များဆီသို့ အလုံးအရင်း ဝင်ရောက်လာစေသဖြင့် ဒေသခံတို့၏ လူမှုစီးပွားဘဝနှင့် ဟိုတယ်၊ စားသောက်ကုန်လုပ်ငန်းများကို မြှင့်တင်ပေးနိုင်ခဲ့သည့် ရထားလမ်းကြီး ဖြစ်သည်.

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများတွင် အသုံးပြုခဲ့သည့် တရားမဝင်လူနေအဆောက်အအုံ ၇၂ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်ကာဖျက်ဆီးရန် (၅)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့သည့် တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းနှင့် စနစ်တကျဖျက်ဆီးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ က  ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ကိုးထပ်အဆောက်အအုံတစ်လုံးအား ထပ်မံ၍ စနစ်တကျ မိုင်းခွဲဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ ဟု...

တိုးချဲ့ငါးမွေးမြူရေးဧရိယာများအတွက် ဒေသတွင်းအစာကုန်ကြမ်း အသုံးပြုနိုင်ရေး နည်းပညာပံ့ပိုးမည်

ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့် ဧရိယာများတွင် လိုအပ်သည့် သွင်းအားစုများ ရရှိနိုင်ရေးအတွက် ဒေသတွင်း ရရှိနိုင်သော အစာကုန်ကြမ်းများကို အသုံးပြု၍ မွေးမြူထုတ်လုပ်နိုင်ရေး နည်းပညာပံ့ပိုးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးက ဇူလိုင် ၈ ရက်တွင် ပြည်သူ့လွှတ်တော်၌ ပြောကြားရာတွင် ငါး၊ ပုစွန်နှင့် ဂဏန်းမွေးမြူထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်း၊ ဈေးကွက်အသစ်များ ရှာဖွေခြင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

လေပြင်းမိုးကြီးဒဏ်ကြောင့် မုဒုံမြို့နယ် ဘိုးဘွားရိပ်သာ အဆောင်အမိုးများပျက်စီး၊ ပြုပြင်ရေးအတွက် အကူအညီများ လို အပ်နေ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဘိုးဘွားရိပ် သာသည် ဇူလိုင် ၁၂ ရက်က ဖြစ်ပွားခဲ့သည့် လေပြင်းမိုးကြီးဒဏ်ကြောင့် အ ဆောင်အမိုးများနှင့် အခြေခံအဆောက် အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးအတွက် အကူအညီများ ဆက်လက်လိုအပ်နေကြောင်း သိရသည်။ ဖြစ်စဉ်အတွင်း အဘွားအဆောင်၊ အဘိုးအဆောင်နှင့် မီးဖိုချောင်တို့၏ အမိုးများ ပျက်စီးခဲ့သည့်အပြင် သစ်ပင်အများအပြား လဲပြိုခဲ့ကာ လျှပ်စစ်မီးတိုင်များနှင့် မီးကြိုးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ အာဏာ ပိုင်အဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့၊ မြန်မာ့လူငယ် (Y) အဖွဲ့၊ မေတ္တာစမ်းလအဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071