Wednesday, December 17, 2025

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...

နေပြည်တော်တွင် မီးသတ်တပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြသ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်းတွင် ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက မီး သတ်ဦးစီးဌာနတွင်ဖွဲ့စည်းထားသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ပြသခဲ့ကြကြောင်း...
HomeNewsLocal Newsအာဆီယံ သံမဏိဖိုရမ်ကို မြန်မာနိုင်ငံသံနှင့်သံမဏိအသင်းတက်ရောက်

အာဆီယံ သံမဏိဖိုရမ်ကို မြန်မာနိုင်ငံသံနှင့်သံမဏိအသင်းတက်ရောက်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁ ရက်အထိကျင်းပလျက်ရှိသော ASEAN Policymakers Conference on Steel နှင့် 2025 ASEAN Iron & Steel Forum: Sustainability & Construction ကို မြန်မာနိုင်ငံသံနှင့်သံမဏိအသင်း ဥက္ကဋ္ဌဒေါက်တာကေသီလွင်နှင့် အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာန၊ အကြီးစားစက်မှုလုပ်ငန်း(၁)မှ မန်နေးဂျင်းဒါ ရိုက်တာဦးမင်းသူနှင့် ဒု-အထွေထွေမန်နေဂျာဦးအောင်ကိုထိုက်တို့ တက်ရောက်လျက်ရှိသည်။

မြန်မာနိုင်ငံမှတက်ရောက်လျက်ရှိသောအဖွဲ့မှာ သံမဏိသည် အခြေခံအဆောက်အဦးများအတွက်အရေးပါပုံနှင့် မရှိမဖြစ်လိုအပ်သောပစ္စည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သံမဏိသုံးစွဲမှုနှင့် ကမ္ဘာ့သံမဏိသုံးစွဲမှုများအားနှိုင်းယှဉ်ဆွေးနွေးပြောကြားသွားမည်ဖြစ်သည်။

အဆိုပါ ASEAN Steel Forum 2025 တက်ရောက်လျက်ရှိသဖြင့် မြန်မာကိုယ်စားလှယ်များသည် နောက်ဆက်တွဲမူဝါဒများအတွက် အမြင်အသစ်များရရှိခြင်း၊ စက်မှုတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မှုအပေါ် အခြေခံနားလည်မှုမြှင့်တင်ခြင်း၊ မြန်မာ့သံမဏိနယ်ပယ်ကို အာဆီယံအတွင်း အာရုံစိုက်နိုင်ခြင်း၊ နိုင်ငံအတွင်းတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်မှုမြှင့်တင်ခြင်းအကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် အာဆီယံနယ်ပယ်မှ သံမဏိမူဝါဒရေးဆွဲသူများနှင့် စက်မှုထိပ်တန်းဦးဆောင်သူများ၏ အတွေ့အကြုံများကိုလေ့လာပြီး မြန်မာ့သံမဏိနယ်ပယ်တွင်လိုအပ်သည့် သင်ခန်းစာများရယူနိုင်ခြင်း၊ တိုးတက်မှုဆိုင်ရာစည်းမျဉ်းအတွေ့အကြုံများလည်း ရရှိနိုင်မည်ဖြစ်သည်။

ပြည်တွင်းနှင့် ဒေသတွင်းသံမဏိလုပ်ငန်းများအတွက် တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှု၊ ကာဗွန်လျှော့ချရေးမူဝါဒများနှင့် ဆောက်လုပ်ရေးအဆင့်မြှင့်ခြင်းများကိုဆွေးနွေးရန်ရည်ရွယ်၍ ASEAN Steel Forum 2025 ကိုကျင်းပခြင်းဖြစ်ကာ အိမ်ရှင်မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ မြန်မာ၊ အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များတက်ရောက်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာထုတ်ပြန်ခဲ့

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းဝင်ခွင့်ရသူများစာရင်းအား သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ပညာရေးဝန်ကြီးဌာန၏ website ဖြစ်သော www.moe.gov.mm နှင့် အဆင့်မြင့်ပညာဦးစီးဌာန website ဖြစ်သည့် www.dhe.gov.mm တို့တွင်ကြေညာပေးထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071