Friday, January 9, 2026

အမေရိကန်သူ ဆုရကဗျာဆရာမ တစ်ဦး ICE...

အသက် ၆ နှစ်အရွယ် သားငယ်တစ်ဦး၏ မိခင်ဖြစ်သူ Renee Nicole Good (အသက် ၃၇ နှစ်) သည် ယနေ့အစောပိုင်းက...

၂၀၂၆ တရုတ်နှစ်သစ်ကူး ညချမ်း ပဒေသာဖျော်ဖြေပွဲ...

တရုတ်နှစ်သစ်ကူးညချမ်း ပဒေသာ ဖျော်ဖြေပွဲအတွက် ကမ္ဘာလုံးဆိုင်ရာ မိတ်ဆက်ဗီဒီယိုကို China Media Group မှ ထုတ်ပြန်ခဲ့ပြီး မကြာခင်ရောက်ရှိလာမည့် တရုတ်နှစ်ကူးပွဲတော်အတွက် ကန့်လန့်ကာ...

သီးနှံအာမခံစနစ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ...

သီးနှံအာမခံစနစ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပြီး အစိုးရအနေဖြင့် လိုအပ်သည့် မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲခြင်းနှင့် အာမခံပရီမီယံကြေး သတ်မှတ်ပေးနိုင်‌ရေးကိုလည်း...

ကျိုက်ထီးရိုး စေတီတော်ကို ဇန်နဝါရီ ပထမအပတ်အတွင်း...

ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ ယခုနှစ် ဇန်နဝါရီလ ပထမအပတ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် (၆၉,၀၀၀) ကျော် လာရောက်ဖူးမြော်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာမှ သိရသည်။ နှစ်ဦးဖြစ်သည်နှင့်အညီ ကျိုက်ထီးရိုးစေတီတော်မြတ်သို့...
HomeNewsLocal Newsအာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲတွင်...

အာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သော မြန်မာ့လက် ရွေးစင် ယူ-၁၆ ဖူဆယ် အသင်းအား ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်

အာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သော မြန်မာ့လက် ရွေးစင် ယူ-၁၆ ဖူဆယ် အသင်းအား ဆုပေးပွဲ အခမ်းအနား ကို ယနေ့ ဇန်နဝါရီ (၆)ရက်
ညနေပိုင်းက MFF Futsal Stadium တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

တတိယဆုရ မြန်မာလက်ရွေးစင် ယူ- ၁၆အသင်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ ကျပ်သိန်း (၁၀၀)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ကျပ်သိန်း (၂၀၀)၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်မှ ကျပ်သိန်း(၁၀၀)၊ MIU အသင်းပိုင်ရှင် ဦးဖြိုးမောင်မောင်က ကျပ်သိန်း(၁၀၀)၊ YRG အသင်းပိုင်ရှင် ဦးထက်ရဲနောင်က ကျပ်သိန်း(၁၀၀)၊ TG United အသင်းပိုင်ရှင် ဦးရွှေတောက်မှ ဆုကြေးငွေကျပ် သိန်း (၁၀၀)အသီးသီးချီးမြှင့်ခဲ့ကြသည်။

အလားတူ မိသားစု ပရိဘောဂ လုပ်ငန်း ဦးကျော်မြင့်ဦး၊ ‌ဒေါ်ဖြူဖြူဝင်းမိသားစုမှ ဆုကြေးငွေကျပ် (၁၀)သိန်း စုစုပေါင်း ငွေကျပ် သိန်း (၇၁၀)ကို ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ကစတင်ကျင်းပလျက်ရှိသော Glan Master Futsal League I & II 2025- 26 ဖွင့်ပွဲအခမ်းအနားကိုလည်း တဆက်တည်းကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ စီးပွါးရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်၊ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ များဖြစ်ကြသော ဦးနိုင်သောင်းထိုက်နှင့် ဦးဖြိုးမောင်မောင်၊ ပြိုင်ပွဲ၏ စပွန်ဆာဖြစ်သော Glan Master (Century Beverage Co.Ltd) မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကစားသမားများနှင့် မြန်မာ့လက်‌ရွေးစင် ယူ-၁၆ ဖူဆယ် အသင်းသားများ တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်သူ ဆုရကဗျာဆရာမ တစ်ဦး ICE အေးဂျင့် ပ-စ်ခတ်မှုကြောင့် ကွယ်လွန်ရှာ

အသက် ၆ နှစ်အရွယ် သားငယ်တစ်ဦး၏ မိခင်ဖြစ်သူ Renee Nicole Good (အသက် ၃၇ နှစ်) သည် ယနေ့အစောပိုင်းက Minneapolis မြို့ရှိ သူမ၏နေအိမ်နှင့် လမ်းအနည်းငယ်သာဝေးသောနေရာတွင် ICE (လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အရာရှိ) တစ်ဦး၏ ပ-စ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့သည်။ " ယနေ့နံနက်ပိုင်းက Minneapolis တောင်ပိုင်းတွင် ဒေသခံများနှင့် ဖက်ဒရယ်အရာရှိများကြား ထိပ်တိုက်တွေ့ဆုံမှုအတွင်း အမျိုးသမီးတစ်ဦးကို ‌ေ-သနတ်ဖြင့် ပ-စ်ခတ်ခဲ့သည်။ အခင်းဖြစ်ပွားမှုကို မြင်တွေ့ခဲ့သည့် ဒေသခံအချို့၏ ပြောကြားချက်အရ အေးဂျင့်များသည် ထိုအမျိုးသမီးအား...

၂၀၂၆ တရုတ်နှစ်သစ်ကူး ညချမ်း ပဒေသာဖျော်ဖြေပွဲ ကမ္ဘာလုံးဆိုင်ရာ မိတ်ဆက် ဗီဒီယို ထုတ်ပြန်

တရုတ်နှစ်သစ်ကူးညချမ်း ပဒေသာ ဖျော်ဖြေပွဲအတွက် ကမ္ဘာလုံးဆိုင်ရာ မိတ်ဆက်ဗီဒီယိုကို China Media Group မှ ထုတ်ပြန်ခဲ့ပြီး မကြာခင်ရောက်ရှိလာမည့် တရုတ်နှစ်ကူးပွဲတော်အတွက် ကန့်လန့်ကာ ဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်နှစ်သစ်ကူးပွဲတော်ကို နွေဦးပွဲတော်လို့ ခေါ်ဆိုကြပြီး တစ်နှစ်တာအတွင်း အကြီးကျယ် အခမ်းနားဆုံး ရိုးရာပွဲတော်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) က လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်းသတ်မှတ်ထားခဲ့ကြောင်းလည်း သိရသည်။ တေးဂီတအကများ၊ ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်ပြီး သိပ္ပံနည်းပညာများနှင့် အားဖြည့်ဆောင်ရွက်ပြီး ရိုးရာဓလေ့များကို...

သီးနှံအာမခံစနစ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပြီး အစိုးရအနေဖြင့် မူဝါဒရေးဆွဲခြင်းနှင့် အာမခံပရီမီယံကြေး သတ်မှတ်ပေးနိုင်‌ရေး ဆောင်ရွက်မည်ဖြစ်

သီးနှံအာမခံစနစ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပြီး အစိုးရအနေဖြင့် လိုအပ်သည့် မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲခြင်းနှင့် အာမခံပရီမီယံကြေး သတ်မှတ်ပေးနိုင်‌ရေးကိုလည်း စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားခဲ့သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၅၁) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲကို ရာသီဥတုဒ-ဏ်ကြောင့် သီးနှံအထွက်နှုန်း ထိခိုက်မှုကြောင့် တောင်သူအပေါ် ထိခိုက်မှုလျှော့ချရန် သီးနှံအာမခံစနစ် ပေါ်ပေါက်စေရေးခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဆွေးနွေးပွဲတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071