Monday, June 29, 2026

IBEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၀၂၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာ စာစစ်ဌာနများ၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ ထုတ်ပြန်ချက်များအရ...

ဖားကန့်မြို့နယ်တွင် လုပ်ကွက်ဟောင်းမြေစာပုံပြိုကျမှုဖြစ်ပွား၊ ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူ...

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းမြေစာပုံတစ်ခုသည် ဇွန် ၂၈ ရက် ည ၁၁ နာရီကျော်ခန့်က ပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ၂၀...

သီလဝါအထူးစီးပွားရေးဇုန်တွင် နှစ်ရှည်မြေယာငှားရမ်းမှု ၃.၉ ဟက်တာ...

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် နှစ်ရှည်မြေယာငှားရမ်းမှု မြေဧရိယာ ၃.၉ ဟက်တာကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း မြန်မာ-ဂျပန် သီလဝါ ဒက်ဗလော့မင့် လီမိတက်...

ရန်ကုန်တိုင်းလွှတ်တော်တွင် YBS တိုးချဲ့ပြေးဆွဲရေး၊ နိုင်ငံ့ဝန်ထမ်းများ...

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) ကို ယနေ့ (ဇွန် ၂၉ ရက်) တွင် ဆက်လက်ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် (၈)...
HomeNewsLocal Newsအာဆီယံ ဘုံသဘောတူညီချက် (၅)...

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းသည့်အဆို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်း

အဆိုကို လက်ခံဆွေးနွေးရန် အတည်ပြု၊ ဇွန် ၃၀ ရက် နောက်ဆုံးထား၍ ဆွေးနွေးမည့် ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းရမည်

မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ် (Five-Point Consensus) ကို ပြန်လည်သုံးသပ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အဆိုတစ်ရပ်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ကလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိ အာဆီယံ၏ ဆောင်ရွက်ချက်များသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရဆိုသည့် အခြေခံမူနှင့် ကွဲလွဲနေသည်ဟု ယူဆကြောင်းနှင့် ယင်းအပေါ်အခြေခံ၍ မြန်မာနိုင်ငံအပေါ် ထုတ်ပြန်ထားသည့် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတွင် ဖော်ပြထားသည်။

အဆိုကို ပင်လောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းရီရီဝင်းက ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်က အဆိုကို လက်ခံဆွေးနွေးရန် သဘောတူအတည်ပြုခဲ့ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ အမည်စာရင်းပေးသွင်းရန် လွှတ်တော်နာယကက ကြေညာထားကြောင်း သိရသည်။

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် (Five-Point Consensus) သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပသည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် ချမှတ်ခဲ့သည့် သဘောတူညီချက်ဖြစ်ပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ အပြုသဘောဆောင်သော ဆွေးနွေးမှုများ စတင်ရေး၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေး၊ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးနှင့် အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်၍ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေးတို့ ပါဝင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

IBEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၀၂၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရှင် (၁)ဦးအပါအဝင် ကျောင်းသား/သူ (၈၈)ဦး အောင်မြင်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာ စာစစ်ဌာနများ၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ ထုတ်ပြန်ချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဆရာတော်ကြီး ဦးစီးဖွင့်လှစ်တော်မူသည့် IBEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ (၆)ဘာသာဂုဏ်ထူးရှင် (၁)ဦးအပါအဝင် ကျောင်းသား/သူ (၈၈)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို IBEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူ (၁၈၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၆)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်...

ဖားကန့်မြို့နယ်တွင် လုပ်ကွက်ဟောင်းမြေစာပုံပြိုကျမှုဖြစ်ပွား၊ ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူ ၂၀ ခန့်ကို ဆက်လက်ရှာဖွေနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းမြေစာပုံတစ်ခုသည် ဇွန် ၂၈ ရက် ည ၁၁ နာရီကျော်ခန့်က ပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ၂၀ ဦးခန့် ပျောက်ဆုံးနေသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် လုပ်ကွက်ဟောင်းများရှိ မြေစာပုံများ ပြိုကျလွယ်သည့် အခြေအနေဖြစ်ပေါ်နေပြီး ရေမဆေးကျောက်ရှာဖွေသူများသည် ညပိုင်းတွင် မီးထိုး၍ ရှာဖွေနေစဉ် မြေစာပုံပြိုကျခဲ့ခြင်းကြောင့် အချိန်မီရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းများနှင့် ဒေသခံများက ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေကယ်ဆယ်လျက်ရှိပြီး...

သီလဝါအထူးစီးပွားရေးဇုန်တွင် နှစ်ရှည်မြေယာငှားရမ်းမှု ၃.၉ ဟက်တာ အတည်ပြု၊ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှု ၅.၄ မဂ္ဂါဝပ်အထိ တိုးမြှင့်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် နှစ်ရှည်မြေယာငှားရမ်းမှု မြေဧရိယာ ၃.၉ ဟက်တာကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း မြန်မာ-ဂျပန် သီလဝါ ဒက်ဗလော့မင့် လီမိတက် (Myanmar Japan Thilawa Development Limited-MJTD) မှ သိရသည်။ MJTD သည် သီလဝါအထူးစီးပွားရေးဇုန်အတွင်း စက်မှုလုပ်ငန်းဧရိယာ ဖွံ့ဖြိုးရေး၊ ဈေးကွက်တင်ရောင်းချရေး၊ နှစ်ရှည်ငှားရမ်းရေးနှင့် စက်မှုလုပ်ငန်းဧရိယာ လည်ပတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တည်ထောင်ထားသော ကုမ္ပဏီဖြစ်သည်။ ကုမ္ပဏီ၏ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071