Wednesday, December 17, 2025

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့...

ချစ်ရတဲ့မိသားစုနဲ့ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို...

နာမည်ကျော် ဟာသလူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင်ဟာ သူ ချစ်ရတဲ့ မိသားစု၊ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ပြီးတော့ ဘဝတစ်ပါးကို ကူးပြောင်းသွားပါပြီ။...
HomeNewsLocal Newsအသေးစားစက်မှုလုပ်ငန်းများ မိတ္ထိလာတွင်ထွန်းကား

အသေးစားစက်မှုလုပ်ငန်းများ မိတ္ထိလာတွင်ထွန်းကား

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် MSME များရှိရာ စပါးခွံလောင်စာတောင့်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်အသုံးပြုနေသော “မိဘမေတ္တာ”အဆင့်မြင့်ဆန်စက်လုပ်ငန်း၊ ကျီတော်ကုန်းရပ်ကွက်၌ ၄၅နှစ်သက်တမ်းရှိ”သိန်းမင်း”ငရုတ်သီးမှုန့်ထုတ်လုပ်ရေးလုပ်ငန်းတို့ကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇူလိုင် ၁၀ ရက်က သွားရောက်အားပေးခဲ့သည်။

ဆန်စက်များမှထွက်ရှိလာသည့် စပါးခွံများကို အလေအလွင့်မရှိဘဲပတ်ဝန်းကျင်သန့်ရှင်းမှုနှင့် ထင်းသုံးစွဲမှုကို လျော့ ကျစေသည့် ထင်းအစားထိုး စပါးခွံလောင်စာတောင့်ထုတ်လုပ်နိုင်မှု၊ စပါးခွံလောင်စာတောင့်အသုံးပြုသည့် Gasifier စက်ဖြင့် အင်ဂျင်လည်ပတ်ကာ လုပ်ငန်းသုံးလျှပ်စစ်ဓာတ်အားပြန်လည်ထုတ်လုပ်ခြင်းတို့တွင် အသုံးပြု​နေကြသည်။

မိတ္ထီလာမြို့၊ ဝမ်းတော်ပြည့်တိုးချဲ့၊ နယ်မြေ(၈)၊ ကျီတော်ကုန်းရပ်ကွက်ရှိ “သိန်းမင်း”အမှတ်တံဆိပ် ငရုတ်သီးမှုန့်ထုတ်လုပ်ရေးလုပ်ငန်းတွင်လည်း ပိုးသတ်ပြီးငရုတ်သီးများအား နေရောင်ခြည် စွမ်းအင်သုံးအခြောက်ခံစက်အတွင်း၌ ငရုတ်သီးအမျိုးအစားအလိုက် Moisture (၈ မှ ၁၀)အထိ ကျအောင်အခြောက်ခံထားခြင်း၊
ငရုတ်ခြောက်များအား အညှာခြွေသန့်စင်မှု၊ သန့်စင်ပြီးငရုတ်ခြောက်များအား မှိုဝင်မှုမရှိစေရေး Moisture ၅ အထိကျအောင်အခြောက်ခံ၍ ကြိတ်ခွဲပြီးထွက်ရှိလာသည့် ကုန်ချောများကို သန့်ရှင်းစွာထုပ်ပိုးနေမှုတို့က စားသုံးသူဘေးကင်းရေး စေတနာနှင့် စီးပွါးဖြစ်ရေး ပညာတို့ပေါင်းစပ်ကာ ပြည်တွင်း ထုတ်လုပ်မှုကို အရှိန်ရစေမည်ဖြစ်သည်။

ဒေသမှထွက်ရှိသည့် ငရုတ်သီးများ ၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်တို့မှထွက်ရှိသည့်ငရုတ်သီးများဖြင့် ငရုတ်ချဉ်၊ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်နှင့် ငရုတ်ဆော့ တို့ကို ထုတ်လုပ်ရောင်းချနိုင်သည်။

စျေးကွက်အနေနှင့်လည်း တနိုင်ငံလုံးသို့ဖြန့်နိုင်သလို ဒေသတွင်းနိုင်ငံများသည်လည်း ငရုတ်သီးအသုံးများသည့်နိုင်ငံများဖြစ်သဖြင့် အခွင့်အလမ်းများရှိဆဲဖြစ်သည်။

MSNE များသည် အလုပ်အကိုင်အခွင့်အလမ်းများပေါလာစေသလို ပို့ကုန်အဖြစ်မလုပ်နိုင်သေးလျှင်တောင်မှ သွင်းကုန်အစားထိုးနိုင်ခြင်းက တိုင်းပြည်အတွက် အကျိုးများစေသဖြင့် MSME များကို အားလုံးက အား​ပေးနေကြချိန်လည်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင် စတင်ဝင်ရောက်လာခြင်းဖြစ်သည်။ ယနေ့ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းက အများပိုင်ကုမ္ပဏီ Good Brothers Co., ltd အောက်ရှိ လယ်ယာဝန်ဆောင်မူများ ဆောင်ရွက်သည့် ကုမ္ပဏီခွဲGBS( လယ်ယာစိုက်ပျိုးရေးဝန်ဆောင်မှု အများပိုင် ကုမ္ပဏီလီမိတက်)က ရန်ကုန်စတော့အိတ်ချိန်းရှိ PLB (Pre listing Board) တွင် မှတ်ပုံတင်ခြင်း အခမ်းအနားကျင်းပပြီး ရှယ်ယာများအား သက်သာသောဈေး...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့ ၌ နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် စွမ်းအင်၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် အလားအလာရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအဆင့် နှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071