Sunday, September 20, 2026

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ...

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း...

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026)...

ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင် တရားပွဲများ...

ရန်ကုန်၊ စက်တင်ဘာ ၂၀ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင်...
HomeNewsLocal Newsအသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်(၃)ခုအတွက်...

အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်(၃)ခုအတွက် မြန်မာ – အိန္ဒိယ လက်မှတ်ရေးထိုး

အိန္ဒိယ အစိုးရ၏ အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ် (၃)ခုအတွက် ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှု စာချွန်လွှာကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အစိုးရ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ ဒုတိယအကြီးအကဲ Shri Ashish Sharma တို့သည် လူမှုအခြေပြု အခြေခံအဆောက်အအုံများကို အထူးအာရုံစိုက်မှုဖြင့် ကျွမ်းကျင်မှုဆိုင်ရာ ဆောင်ရွက်ချက်များဖြင့် ချိတ်ဆက်၍ ကျား၊ မဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရေး နှင့် လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံခြင်းခံရသောသူများ၏ ကဏ္ဍများကိုပံ့ပိုးကူညီရန်ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းများထဲမှနှစ်ခုတွင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၀) ခုရှိ
Home Science School တွင် သက်မွေးဝမ်းကျောင်းသင်တန်းနှင့် စာသင်ခန်းဆိုင်ရာ အခြေခံအဆောက်အအုံများ ပံ့ပိုးပေးခြင်းတို့ ပါဝင်ကြောင်း၊ အဆိုပါစီမံကိန်းများသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ ပုသိမ်၊ ရွာငံ၊ စစ်တွေ၊ ဟားခါး နှင့် ထားဝယ် စသည့်မြို့ကြီး (၁၁) မြို့ကို ဖြန့်ကျက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တတိယစီမံကိန်းသည် ရန်ကုန်၊ မန္တလေး၊ ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၅) ခုတွင် မူးယစ်ဆေးစွဲခဲ့ကြသူများ ပြန်လည် ထူထောင်ရေးအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် သင်ကြားရေးအထောက်အကူများ ပေးအပ်ခြင်းတို့ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် အိန္ဒိယ ထောက်ပံ့ကူညီရေး နားလည်မှုစာချွန်လွှာမူဘောင်ကို ၂၀၁၀ ခုနှစ် ဇူလိုင်လ (၂၇) ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လ (၂၈)ရက်နှင့် ၂၀၂၀ ခုနှစ် ဇူလိုင်လ (၂၈) ရက်တွင် နှစ်ကြိမ် သက်တမ်းတိုးခဲ့ကြောင်း သိရသည်။

အသေးစားဖွံ့ဖြိုးတိုးတက်ရေး မံကိန်း မူဘောင်အရ အိန္ဒိယနိုင်ငံအစိုးရသည် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ မျိုးသမီးနှင့် ကလေ-းဆေးရုံကြီး အဆင့်မြှင့်တင်ရေး၊ ရခိုင်ပြည်နယ် စစ်တွေ ကွန်ပျူတာ တက္ကသိုလ်သို့ ကွန်ပျူတာများ ထောက်ပံ့မှု နှင့် ရခိုင်ပြည်နယ်သို့ ထွန်စက်များနှင့် စပါးရိတ်သိမ်းစက်များ ထောက်ပံ့မှုအပါအဝင် အကျိုးသက်ရောက်မှုရှိသည့် စီမံကိန်းများအတွက်ပံ့ပိုးကူညီမှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိသလို မြန်မာနိုင်ငံရှိ အမျိုးသမီးများ၊ကလေ-းသူငယ်များနှင့် ခွဲခြားဆက်ဆံခြင်းခံရသောလူမှုအသိုက်အဝန်းများ၏ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ ရွှေတံဆိပ်ဆွတ်ခူး

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s Singles အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောကစားသမား ခင်နှင်းဝေက ရှုံးပွဲမရှိ ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ခင်နှင်းဝေသည် အုပ်စုအဆင့်တွင် ပြိုင် ဘက်များကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီး သုံးပွဲကစား သုံးပွဲအနိုင်ဖြင့် အုပ်စုပထမနေရာရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် လက်ဘနွန်ကစားသမားနှင့် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင် ဒေသအများစု မိုးထစ်ချုန်းရွာမည်၊ ဒေသအချို့ မိုးကြီးနိုင်

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၀ ရက် နံနက် ၇ နာရီတွင် ထုတ်ပြန်သည်။ မိုးထစ်ချုန်းရွာနိုင်သည့် ဒေသများမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့်...

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး တက်ဂ်ဘော ကြေးတံဆိပ်ဆွတ်ခူး

ရန်ကုန်၊ စက်တင်ဘာ ၂၀ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘော အမျိုးသားတစ်ဦးချင်း (Men’s Singles) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား Saw Friday သည် ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ရရှိကာ ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ Saw Friday သည် ယနေ့ စက်တင်ဘာ ၂၀ ရက်က တတိယနေရာအတွက် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ဖိလစ်ပိုင်ကစားသမားကို ၁၂-၇ ရလဒ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071