Saturday, February 14, 2026

“ထိုက်သူပန်”အဆင့်မြင့်အဝေးပြေးခရီးသည်တင် ယာဥ်လိုင်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် လိုက်ပါစီးနင်းသည့် ခရီးသွားများကို...

"ထိုက်သူပန်"အဆင့်မြင့် အဝေးပြေးခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းသစ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၃ ရက်ညနေ ၅ နာရီတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ထွက်ခွာမည့်ယာဥ်ဖြင့်လိုက်ပါမည့် ခရီးသွားများကို ခြုံစောင်များပေးဝေလှူဒါန်းခဲ့သည်။ " ဒီ "ထိုက်သူပန်"အဆင့်မြင့်ယာဥ်လိုင်းဖွင့်ပွဲအထိမ်း...

ငလျင်ကြောင့် ထိခို-က်ခဲ့သည့် အဆောက်အအုံပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများ...

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် မန္တလေးနန်းမြို့ရိုး နှင့် ရှေးဟောင်းဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ဆောင်ရွက်သည့် လုပ်ငန်းများအလိုက် ဆောင်ရွက်ကြရသည့် အချိန်ကာလအတွင်းပြီးစီးရေး အလေးထား...

မေတ္တာညွှန့်ရပ်ကွက်မီးလေ-ာင်ပြင်မှ ကြောင်ပေါက်လေးတစ်ကောင်ကို ကယ်ထုတ်ပေးနိုင်ခဲ့

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု(၁)လမ်းတွင် ဖေဖော်ဝါရီ ၁၃ ရက်ည ၈ နာရီ ၄၇ မိနစ်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့်...

တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွ က် ကြိုးစားနေကြောင်း...

နိင်ငံ၏ အမျိုးသားရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ဆန်၊ စပါး၊ သား၊ ငါး နှင့် ဆီဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း (၇၉)နှစ်မြောက်ပြည်‌ထောင်စုနေ့...
HomeNewsLocal Newsအလုပ်ကိုင်တွေရှားလို့ အလုပ်လွယ်ကူစွာရနိုင်မယ့် ကုန်ထမ်းတဲ့အလုပ်ကို လုပ်ခဲ့တဲ့ ကိုကိုဇော်

အလုပ်ကိုင်တွေရှားလို့ အလုပ်လွယ်ကူစွာရနိုင်မယ့် ကုန်ထမ်းတဲ့အလုပ်ကို လုပ်ခဲ့တဲ့ ကိုကိုဇော်

အလုပ်ကိုင်တွေရှားလို့ အလုပ်လွယ်ကူစွာရနိုင်မယ့် ကုန်ထမ်းတဲ့အလုပ်ကို လုပ်ခဲ့တဲ့ ကိုကိုဇော်

ကိုဗစ်ကာလ ကျန်းမာရေးအခြေအနေတွေကြောင့် လုပ်ငန်းတော်တော်များ ရပ်နားထားရတဲ့အချိန်မှာ အဆင်မပြေမှု များဖြစ်နေတဲ့ အချိန် မှာ အလုပ်ရတာ လွယ်ကူတဲ့ ကုန်ထမ်းအလုပ်ကို လုပ်ကိုင်နေသူက အသက်၃၀နှစ်ရှိတဲ့ ကိုကိုဇော်ပဲဖြစ်ပါတယ်။ ကုမ္ပဏီ အလုပ်တွေ နားထား ရတဲ့အချိန်မှာ မိသားစုစားဝတ်နေရေးကြောင့် ကုန်ထမ်းအလုပ်ကို လုပ်ကိုင်ဖြစ်တဲ့အကြောင်းကို အခုလိုပဲပြောပြခဲ့ပါတယ်။


“ ကိုဗစ်ကာလအလုပ်တွေနားထားတော့ ကုမ္ပဏီမှာကလည်း သွားလျှောက်လို့မရ၊အလုပ်ကလည်း မရှိတာနဲ့ စိတ်တွေညစ်နေတဲ့အချိန်မှာ ရရာအလုပ်ကို ဝင်လုပ်မယ်ဆိုပြီး ဒီကုန်ထမ်းတဲ့အလုပ်ကိုဝင်လုပ်ဖြစ်တယ်။စစလုပ်တဲ့အချိန်မှာတော့ သူငယ်ချင်းတွေနဲ့တွေ့ရင် ရှက် တယ်။ မျက်နှာကိုအဝတ်ပတ်ပြီး ကုန်ထမ်းတယ်။ ဒါပေမယ့်နောက်ကျတော့လည်း ကိုယ်လုပ်တဲ့အလုပ်က သမ္မာအာဇီဝကျတဲ့ အလုပ်ပဲ ဖြစ်တဲ့ အတွက်မရှက်မကြောက်ဘဲ ကုန်ထမ်းခဲ့တယ်။ မိသားစု စားဝတ်နေရေးကလည်း ရှိတော့ အလုပ်လုပ်မှ စားရမယ့် အခြေအနေ ဆိုတော့ မလုပ်မဖြစ်တော့ ရရာအလုပ်ကို လုပ်ကိုင်ပြီး စားသောက်နေပါတယ်။ အဓိကက ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားသောက်တဲ့ အလုပ် မှန်သမျှမှာ ဂုဏ်ရှိတဲ့အတွက် ဒီကုန်ထမ်းတဲ့ အလုပ်လုပ်ရတာကို မရှက်ပါဘူး။” လို့ပြောပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071