Wednesday, July 22, 2026

ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုကားများကို ဒီဂျစ်တယ်စနစ်...

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ပြည်သူလူထုနှင့် အနီးကပ်ဆုံး ထိတွေ့ဆက်ဆံရသော ဌာနတစ်ခုဖြစ်သည့်အတွက် ပြည်သူများအတွက် အကျိုးရှိစေမည့်...

ဥတ္တရသီရိမြို့နယ်ရှိ ထရန်စဖော်မာ လောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အစားထိုးလဲလှယ်ရေး...

နေပြည်တော်၊ ဇူလိုင် ၂၁ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) တွင် တပ်ဆင်ထားသည့် ၃၃/၁၁ ကေဗွီ၊ ၁၀...

ဘင်္ဂလားဒေ့ရှ်နှင့် အမေရိက ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်

ဇူလိုင်လ ၂၁ ရက်၊ ဒါကာ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အင်ဒို-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာ...

ချောင်းနှစ်ချောင်း ရေမြင့်တက်မှုကြောင့် ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင်...

ဖားကန့်၊ ဇူလိုင် ၂၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းတို့၏ ရေမြင့်တက်လာသဖြင့် ဇူလိုင် ၂၁ ရက်တွင် ကာမိုင်းမြို့၌...
HomeNewsLocal Newsအရှေ့အလယ်ပိုင်းဒေသ အခြေအနေများအပေါ် အလွန်စိုးရိမ်ပူပန်‌မိကြောင်း...

အရှေ့အလယ်ပိုင်းဒေသ အခြေအနေများအပေါ် အလွန်စိုးရိမ်ပူပန်‌မိကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအ‌ဝေးမှ ထုတ်ပြန်

အရှေ့အလယ်ပိုင်းဒေသတွင် လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်နေသော အခြေအနေများနှင့်စပ်လျဉ်း၍ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတို့အကြား အသစ်တစ်ဖန် ပြန်လည်ဖြစ်ပွားနေသော ရန်လိုမှုများအပေါ် ကြီးစွာသော စိုးရိမ်ပူပန်မှုများရှိနေကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးမှ ထုတ်ပြန်လိုက်သည်။

အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိဖြစ်ပွားနေသော အ‌ခြေအနေများသည် အဓိက ကြားဝင်စေ့စပ်ပေးနေသူများ၏ လက်ရှိကြိုးပမ်းအားထုတ်မှုများကို ဆိုးရွားစွာ ထိခိုက်စေပြီး ဆွေးနွေးပွဲများနှင့် သံတမန်ရေးရာနည်းလမ်းများမှတစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် အလားအလာများကို လျော့ကျစေသည့်အပေါ် အာဆီယံအနေဖြင့် အထူးစိုးရိမ်ပူပန်မိကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေဖြင့် အမြင့်မားဆုံးသော မိမိကိုယ်ကို ထိန်းချုပ်မှုရှိကြရန်နှင့် အခြေအနေကို ပိုမိုဆိုးရွားစေနိုင်မည့် မည်သည့်လုပ်ရပ်များကိုမဆို ရှောင်ရှားကြရန် တောင်းဆိုကြောင်း၊ ပဋိပက္ခများနှင့် တင်းမာမှုများကို ဖြေရှင်းရာတွင် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကို ထိန်းသိမ်းရန်၊ နိုင်ငံတကာဥပဒေကို လိုက်နာစောင့်ထိန်းရန်၊ စစ်မှန်သော ဆွေးနွေးတိုင်ပင်မှုနှင့် သံတမန်ရေးရာနည်းလမ်းများကို မြှင့်တင်ရန် အရေးကြီးကြောင်းနှင့် အရှေ့အလယ်ပိုင်းဒေသရှိ စစ်မျက်နှာအားလုံးတွင် ရန်လိုမှုများ အလုံးစုံနှင့် ချက်ချင်း ရပ်စဲရေး လိုအပ်ချက်ကိုလည်း အလေးအနက်ထား ပြောကြားလိုကြောင်း စသည်ဖြင့် ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖေါ်ပြထားသည်။

(၅၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ ဝန်ကြီးအဆင့် ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပလျှက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုကားများကို ဒီဂျစ်တယ်စနစ် ဖြင့် စနစ်တကျ ထိန်းသိမ်းထားရှိ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ပြည်သူလူထုနှင့် အနီးကပ်ဆုံး ထိတွေ့ဆက်ဆံရသော ဌာနတစ်ခုဖြစ်သည့်အတွက် ပြည်သူများအတွက် အကျိုးရှိစေမည့် ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး လုပ်ငန်းများကို စနစ်တကျ ပိုမိုတိုးမြှင့် ဆောင်ရွက်စေလိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ပြောကြားခဲ့သည်။ ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအောက်ရှိ ဖလင်ပိဋကတ်တိုက်နှင့် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ လမ်းညွှန်မှာကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက လူထုအခြေပြု ဗဟိုဌာနများကို...

ဥတ္တရသီရိမြို့နယ်ရှိ ထရန်စဖော်မာ လောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အစားထိုးလဲလှယ်ရေး ဆောင်ရွက်နေ

နေပြည်တော်၊ ဇူလိုင် ၂၁ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) တွင် တပ်ဆင်ထားသည့် ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာအမှတ် (၁) သည် ဇူလိုင် ၂၁ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်က လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ၁၀ အမ်ဗွီအေ ထရန်စဖော်မာ ဖြင့် အစားထိုးလဲလှယ်နိုင်ရန် တန် ၇၀ ကရိန်းယာဉ်နှင့် အခြားယန္တရားများကို အသုံးပြု၍...

ဘင်္ဂလားဒေ့ရှ်နှင့် အမေရိက ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်

ဇူလိုင်လ ၂၁ ရက်၊ ဒါကာ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အင်ဒို-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာ အားကောင်းလာစေရန်အတွက် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို စတင်လိုက်ပြီဖြစ်သည်။ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ အထူးတပ်ဖွဲ့တစ်ခုဖြစ်သော ပါရာ ကွန်မန်ဒို တပ်မဟာ ၏ ကြီးကြပ်မှုဖြင့် ၁၃ ရက်ကြာ ပြုလုပ်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၁၉ ရက်တွင် စတင်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ ပြန်ကြားရေးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071