Tuesday, December 16, 2025

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...
HomeInternationalအရှေ့တောင်အာရှနှင့် အာဖရိကသို့ဘလင်ကန် သွားရောက်လည်ပတ်မည်

အရှေ့တောင်အာရှနှင့် အာဖရိကသို့ဘလင်ကန် သွားရောက်လည်ပတ်မည်

အရှေ့တောင်အာရှနှင့် အာဖရိကသို့ဘလင်ကန် သွားရောက်လည်ပတ်မည်


ဝါရှင်တန်၊ ဇူလိုင် ၂၉ ရက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်တိုနီ ဘလင်ကန်သည် လာမည့်အပတ်၌ ကမ္ဘောဒီးယားတွင် ကျင်းပမည့် အမေရိကန်-အာဆီယံ ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၉ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေး၌ ဘလင်ကန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲမှု၊ မြန်မာ့အရေးနှင့် ယူကရိန်း အရေးအခင်းတို့ကိုဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖနွမ်းပင်တွင် ဩဂုတ်လ ၃ ရက်မှ ၅ ရက်အထိ ကျင်းပမည့် အဆိုပါ ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ပြီးနောက် ဘလင်ကန်သည် အမေရိကန်-ဖိလစ်ပိုင် မဟာမိတ် ခိုင်မာစေရေးကို ဆွေးနွေးရန်အတွက် မနီလာသို့သွားရောက်မည်ဖြစ်ပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကိုစ်၊ နိုင်ငံခြားရေးဝန်ကြီး အန်ရီကီ မနာလို တိုနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အရှေ့တောင်အာရှခရီးစဉ်အတွင်း ဘလင်ကန်သည် ဒီမိုကရေစီအ‌ ရေးကို‌‌ း‌ေရှ့တန်းမှတက်ကြွစွာ‌ေတာင်းဆိုသူ လေးဦးကို သေဒဏ်ချမှတ်ခဲ့သည့် နကစအစိုးကိုဖိအားပေးရန် အခြားနိုင်ငံများကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ခရစ်တင်ဘရင့် က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုနောက် ဘလင်ကန်သည် ဩဂုတ်လ ၇ ရက်မှ ၉ ရက်အထိ တောင်အာဖရိတိုက်ရှိ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ရဝမ်ဒါနိုင်ငံသို သွားရောက်လည်ပတ်မည် ဖြစ်သည်။

ဘလင်ကန်သည် ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ အရှေ့ပိုင်းဒေသတွင် ဆက်လက်ဖြစ်ပွားနေသော တင်းမာမှုများနှင့် အကြမ်းဖက်မှုများကို လျှော့ချရာ၌ အဓိကကျနေသည့် ရဝမ်ဒါအစိုး၏ အခန်းကဏ္ဍကို အာရုံစိုက်သွားမည်ဖြစ်ကြော်ငး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဝမ်ဒါနိုင်ငံ၌ ရောက်ရှိနေစဉ် ဘလင်ကန်သည် အမေရိကန်တွင် တစ်သက်တာ နေထိုင်ခွင့်ရရှိထားသူ အား မှားယွင်းစွာ ချုပ်နှောင်ထားမှုနှင့် ပတ်သက်၍ တင်ပြဆွေးနွေးသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

အသက် ၆၇ နှစ်အရွယ် Paul Rusesabagina သည် ရဝမ်ဒါသမ္မတ ပေါ ခါဂါမေ၏အုပ်ချုပ်မှုကို ဆန့်ကျင်သော အဖွဲအစည်းတစ်ခုနှင့်ဆက်စပ်နေသည်ဟုဆိုကာ အကြမ်းဖက်မှု စွဲချက် ရှစ်ခုဖြင့် ထောင်ဒဏ် ၂၅ ခုနှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။

Source: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေးပေးရန် ဒေါ်နယ်လ် ထရမ့် တရားစွဲပြီ

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို ဘီဘီစီ (BBC)သတင်းဌာနမှ တည်းဖြတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ထရမ့်က တရားစွဲဆိုခဲ့ရာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထုတ်လွှင့်ခဲ့သည့် Panorama အစီအစဉ်တွင် သူ၏မိန့်ခွန်းကို ဘီဘီစီက “ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်” တည်းဖြတ်ခဲ့သည်ဟု ထရမ့်က စွပ်စွဲထားသည်။ တနင်္လာနေ့ ညနေပိုင်းက တင်သွင်းခဲ့သည့် တရားစွဲဆိုမှုတွင်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈ ရက် နေ့ရွေးကောက်ပွဲတွင် ပါတီအနိုင်ရခဲ့ပါက ဝန်ကြီးချုပ်ရာထူးအတွက် ယော့ချနန် ဝေါင်ဆာဝပ်ကို ဖြူထိုင်းက ပထမဦးစားပေးရွေးချယ် အဆိုပြုသွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဂျူလာပန် အမွန်ဝိဗတ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကိုယ်စားလှယ်လောင်းစာရင်းတွင် အခြားကိုယ်စားလောင်းနှစ်ဦးလည်းပါဝင်မည်ဖြစ်ပြီး ဂျူလာပန်ကိုယ်တိုင်နှင့် ဝါရင့်နိုင်ငံရေးသမား ဆူရီယာ ဂျွန်ရွန်ဂရန်ကစ်တို့ဖြစ်သည်။ “ပါတီတွင်း ဆွေးနွေးမှုတွေအရ ဖြူထိုင်းပါတီအတွက် ဝန်ကြီးချုပ်အဖြစ် အဆိုပြုဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ဟာ မစ္စတာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071