Saturday, May 2, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeNewsFootballအရှုံးများက အသင်းအတွက် ပိုမိုသန်မာလာစေသည်ဟု...

အရှုံးများက အသင်းအတွက် ပိုမိုသန်မာလာစေသည်ဟု ရှမ်းယူနိုက်တက် နည်းပြချုပ်ပြော

အရှုံးများက အသင်းအတွက် ပိုမိုသန်မာလာစေသည်ဟု ရှမ်းယူနိုက်တက် နည်းပြချုပ် ဟီရိုကီအို က ယမန်နေ့၌ ပြောကြားသည်။

AFF SHOPEE CUP ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် တဖိရန်ဂါးနူးအသင်း(မလေးရှား)တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက (၅)ဂိုးပြတ်ဖြင့် ရှူံးနိမ့်ခဲ့ရသည့်ပေါ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

” ကစားကွက် အသစ်ကို စသုံးတဲ့ပွဲမှာ ကျွန်တော့်ကစားသမားတွေ အမှားတချို့ လုပ်ခဲ့မိတယ်။ တစ်ချိန်တည်းမှာပဲ အ သင်းရဲ့ အားနည်းချက်တွေကိုလည်း သိလာကြတယ်။ နိုင်ငံတကာ ပွဲတွေမှာအားကောင်းမောင်းသန် ယှဉ်ပြိုင်နိုင်ဖို့ ကျတော့်အသင်းကို တည်ဆောက်နေဆဲ ကာလဖြစ်ပြီး အကောင်းဘက်ကို ရောက် လာမယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် အရှုံးတွေကလည်းကျွန်တော်တို့ အားလုံးကို အရင်ကထက် ပိုပြီးသန်မာစေပါတယ် ” ဟု ဆိုသည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခု ဇန်ဝါရီအတွင်း ပွဲစဉ်များးဆက်တိုက်ကစားရမည်ဖြစ်ပြီး၊ ဇန်နဝါရီ (၂၂)ရက်နေ့၌ BG Pathum အသင်း (ထိုင်း) ဆက်လက်ယှဉ်ပြိုင်ကစာရမည်ဖြစ်သကဲ့သို့ ပြည် တွင်း မြန်မယနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် သစ္စာအားမာန်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ကို ယှဉ်ပြိုင်ကစားသွားရဦးမည်ဖြစ်သည်ဟု ဆို သည်။

၎င်းက “မြန်မာ့ လက်ရွေးစင် အသင်းကနေ ပြန်လာတဲ့ကစားသမား တချို့ကို တောင်ကြီးခရီးစဉ်မှာခေါ်မလာဘဲ တမင် ထားခဲ့တာပါ။ အခု သစ္စာအားမာန်ပွဲ ပြီးရင် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ဆက်ကစားရမယ် ” ဟု ပွဲစဉ်ဆက်တိုက်ဖြစ်နေသည့်အပေါ် သူက ထပ်မံပြောကြားထားသည်။

ထို့ပြင် ပွဲစဉ်တိုင်းအတွက်လေးလေးစား စား ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ၊ ပြည်တွင်း မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များအတွက် တောင်ကြီးကွင်မျက်နှာပြင်အခြေအနေအရ အသင်းအတွက် စိုးရိမ်လျှက်ရှိသည်ဟုလည်း ဖြည့်စွက် ပြောကြားထားသည်။

ရှမ်းယူနိုက်တက် အသင်းသည် မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲအတွင်း (၁၄) ပွဲ ကစား ရမှတ် (၄၀) ဖြင့် အဆင့်ရပ်တည်မှု (၁)တွင် ရှိနေသည့် ပြည်တွင်းချန်ပီယံအသင်းတစ်သင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး ပွဲစျေး မြင်ကွင်းများ

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား တို့အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြင့် တည်ထားကိုးကွယ်ထားသည်။

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀) ကျော်အား ပဲဆွမ်းလောင်းလှူ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊ တာ ဝန်ရှိသူများက ရွှေယဉ်မျှော်စေတီတော်ရှိ မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းပူဇော်ပြီးနောက် ဘားအံမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၅၇)ကျောင်းနှင့် သီလရှင်ကျောင်း(၁၅)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်(၂,၃၈၀)ပါးတို့အား မိုးတွင်းကာလ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရန်ရည်ရွယ်၍ မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်းနှင့် ပဲဖြူလေး(ပဲအမျိုးမျိုး) တို့ကိုလောင်းလှူခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွင် ပဲဆွမ်းလောင်းလှူသောအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကဆုန်လပြည့်နေ့၌ ပဲဆွမ်းလောင်းလှူခြင်းသည် ထူးခြားသည့်အစဉ်...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071