Wednesday, December 17, 2025

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...
HomeNewsLocal Newsအမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့်...

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ယာယီကန့်သတ်သည့်ကိစ္စ အလုပ်သမားဝန်ကြီးဌာန အတည်ပြု

မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် အမျိုးသားများ၏ ပြည်ပထွက်ခွာခွင့်ကို မေလ (၁) ရက်မှစတင်၍ယာယီကန့်သတ်လိုက်သည့် သတင်းမှာ မှန်ကန်ကြောင်း အလုပ်သမား ဝန်ကြီးဌာနက အတည်ပြုသည်။

ယင်းကဲ့သို ကန့်သတ်ရခြင်းမှာ ပြည်ပထွက်ခွာခွင့်ကိစ္စရပ်များကို အချိန်ယူစိစစ်နိုင်ရန်အတွက် ယာယီဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူကသတင်းမီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” ထွက်ခွာခွင့် ကိစ္စရပ်များ ပိုမိုအချိန်ယူ စိစစ်နိုင်ရန်နှင့် အခြားအခြေအနေများအရ ယာယီအားဖြင့် ဆိုင်းငံ့ထားခြင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ပြည်ပထွက်ခွာခွင့်ယာယီကန့်သတ်ခြင်းသည် နိုင်ငံအားလုံးကို ဆိုလိုခြင်းဖြစ်ပြီး ယင်းသည် Demand(အလုပ်ခေါ်စာ) တင်သည့်သူသာ အကျုံးဝင်ကြောင်း မီဒီယာအချို့တွင်ရေးသားဖော်ပြထားသော်လည်း ယင်းအကြောင်းအရာနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဖြေဆိုထားခြင်းမရှိပေ။

ယင်းညွှန်ကြားချက်နှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီး ဌာနမှ တစ်စုံတရာ အကြောင်းကြားထားခြင်းမရှိကြောင်း ‌ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သ ည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နောက်ပိုင်းမှ စတင်ကာ ပြည်တွင်းရှိ လူငယ်လူရွယ်အများစုသည် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ လာအို အစရှိသည့် ဒေသတွင်းရှိ နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် အခြေအနေဖြစ်သည်။

လူများစုသည် ပတ်စ်ပို့ PV အမျိုးအစားဖြင့်ထွက်ခါ ​ရောက်ရှိနိုင်ငံတွင်အလုပ်လုပ်ရင်း PJ ​ပြောင်းသည့်အစီစဥ်များ လုပ်​ဆောင်နိုင်​သဖြင့် စိစစ်မည်ဟုထင်​ကြေး​ပေးသူများလည်းရှိသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များ၏ ပတ်စ်ပို့ ကိုစိစစ်ခြင်းမျိုးလည်းဖြစ်နိုင်​ကြောင်းအချို့က ယူဆကြသည်။

မကြာသေးမီကာလက အသက်သွင်း အကောင်အထည်ဖော်နေသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ ရိုက်ခတ်မှုသည်လည်း ပြည်တွင်း၌ ကျန်ရှိ‌နေသည့် လူငယ်လူရွယ်များကို ပြည်ပသို့ ထွက်ခွာရန် တွန်းအားတစ်ခုအနေဖြင့် တွန်းပို့နေပြီး လူငယ်အမြောက်အမြား ပြည်ပသို့ ထွက်ခွာ​နေကြသည့်အခြေအနေလည်း ဖြစ်သည်။

ပြည်တွင်း၌ လုပ်ခ လစာနည်းပါးခြင်း၊ နယ်​မြေအလိုက်တည်ငြိမ်မူ  ကွာခြားခြင်း၊​ငွေ​ကြေး​ဖောင်းပွခြင်းတို့က ပြည်တွင်း၌ လုပ်သားရှားပါးမှုများ ဖြစ်ပေါ်စေနိုင်မည့်အခြေအနေတစ်ရပ်အနေ ဖြင့် စိန်ခေါ်မှု မြင့်မားလျက် ရှိနေဆဲဖြစ်သည်။

ယခုကန့်သတ်ချက်သည် လူငယ်လူရွယ်များ စစ်မှုထမ်းဥပဒေအား ရှောင်ရှားရန် ကြိုးပမ်းခြင်းကို ကာကွယ်ရန် ထိန်း ချုပ်လိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသော်လည်း ယင်းပြောဆိုမှုများနှင့် ပတ်သက်၍ နစကနှင့် အလုပ်သမားဝန်ကြီးဌာနဘက်မှ တစ်စုံတရာ ပြောဆိုထားခြင်း မရှိပေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071