Wednesday, July 29, 2026

ASEAN Hyundai Cup 2026...

ASEAN Hyundai Cup 2026 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားလျက်ရှိသော ဖိလစ်ပိုင်အမျိုးသားဘောလုံးအသင်းနှင့် မြန်မာအမျိုးသားဘောလုံးအသင်းတို့၏ ပွဲစဉ်တွင် ပထမပိုင်း (HT) ပြီးဆုံးချိန်၌...

နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်မယ်လို့...

ချဒ်နိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်ဖို့ စီစဉ်နေကြောင်း တနင်္လာနေ့မှာ ကြေညာခဲ့ပြီး နောက်ဆုံး နှုတ်ထွက်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ ခုံရုံးရဲ့...

ရထားစီးခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉...

နေပြည်တော်၊ ဇူလိုင် ၂၈ ရထားခရီးစဉ်များ ချောမွေ့လုံခြုံစေရေးအတွက် စီးနင်းသူခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက်ကို ORTP က ထုတ်ပြန်ခဲ့ပြီး ဖောက်ဖျက်ပါက...

မြန်မာဘက်က လုပ်သားအင်အား၊ ဂျပန်ဘက်က နည်းပညာနဲ့...

"ကျွန်မတို့နိုင်ငံမှာ လူငယ်လုပ်သားအင်အားပေါများတာ အားသာချက်ဖြစ်ပြီး ဂျပန်နိုင်ငံမှာက နည်းပညာနဲ့ အရင်းအနှီးတွေရှိတာအားသာချက်ပါ။ ဒီအားသာချက်‌ေတွကို ပူးပေါင်းဆောင်ရွက်လိုက်ရင် နှစ်နိုင်ငံလုံးအတွက် Win-Win Situation ဖန်တီးနိုင်မှာပါ။ ဒါဟာ...
HomeMoviesအမျိုးသားပြတိုက်ကို သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ...

အမျိုးသားပြတိုက်ကို သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းပေးမည့် အသိပညာဗဟိုဌာနဖြစ်စေရေး နိုင်ငံတော်သမ္မတ လမ်းညွှန်

အမျိုးသားပြတိုက်သည် နိုင်ငံ၏သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို ဖော်ညွှန်းပြသနေသည့် အရေးပါသောနေရာတစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်ရှိ သမိုင်းမှတ်တမ်းများကို ဆက်စပ်မှုရှိရှိ၊ ခိုင်မာပြည့်စုံစွာ ခင်းကျင်းပြသရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

ပြတိုက်သို့ လာရောက်လေ့လာသူများအနေဖြင့် နိုင်ငံ၏ခိုင်မာသည့် သမိုင်းကြောင်းနှင့် အစဉ်အလာကြီးမားသော ယဉ်ကျေးမှုတန်ဖိုးများကို သိရှိနားလည်ကာ တန်ဖိုးထားထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာစေရန် ခင်းကျင်းပြသမှုများကို စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မှာကြားသည်။

ပြည်ပခရီးသွားဧည့်သည်များနှင့် မြန်မာနိုင်ငံတွင် လာရောက်တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားသားများအနေဖြင့်လည်း ပြတိုက်ရှိ သမိုင်းအထောက်အထားများကို လေ့လာခြင်းမှတစ်ဆင့် မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုအပေါ် အထင်ကြီးလေးစားမှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း ပြောကြားသည်။

လူငယ်လူရွယ်များ ပြတိုက်သို့ လာရောက်လေ့လာခြင်းဖြင့် သမိုင်း၏တန်ဖိုးကို နားလည်လာပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် နိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်လိုစိတ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

အမျိုးသားပြတိုက်၌ လေ့လာကြည့်ရှုခြင်းဖြင့် မြန်မာတို့၏ မြင့်မားသည့်အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ကြွယ်ဝသည့်ယဉ်ကျေးမှုအမွေအနှစ်များနှင့် မြန်မာတိုင်းရင်းသားတို့၏ စွမ်းဆောင်ချက်များကို သိရှိနိုင်မည်ဖြစ်သကဲ့သို့ ဘိုးဘေးများ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်လိုစိတ်နှင့် မြန်မာနိုင်ငံသားအဖြစ် ဂုဏ်ယူတတ်စိတ်များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း ဆိုသည်။

ပြတိုက်အတွင်းရှိ ပစ္စည်းများသည် တန်ဖိုးဖြတ်၍မရနိုင်သည့် သမိုင်းအထောက်အထားများဖြစ်သဖြင့် ပျက်စီးယိုယွင်းမှုမရှိစေရေး စနစ်တကျထိန်းသိမ်းရန်နှင့် လာရောက်သူများ စည်းကမ်းတကျလေ့လာနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း နိုင်ငံတော်သမ္မတက မှာကြားသည်။

ထို့ပြင် ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ လှူဒါန်းသူများ၏အမည်နှင့် သက်ဆိုင်ရာအချက်အလက်များကို ဖော်ပြထားရန်၊ ဓာတ်ပုံမှတ်တမ်းနှင့် စာရွက်စာတမ်းအချို့ကို ခေတ်မီနည်းပညာအသုံးပြု၍ ပိုမိုကြည်လင်ပြတ်သားအောင် ပြုပြင်ပြသရန် လိုကြောင်း ပြောကြားသည်။

ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံခြားသားဧည့်သည်များ၊ သုတေသီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်းများ လာရောက်လေ့လာရာတွင် သမိုင်းအထောက်အထားများကို လွယ်ကူရှင်းလင်းစွာ သိရှိနိုင်ရေး အချက်အလက်များကို ပြည့်စုံစွာ၊ စနစ်တကျ ရေးသားဖော်ပြထားရန်လည်း နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ASEAN Hyundai Cup 2026 ပထမပိုင်းအပြီးတွင် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၀-၂ ဂိုးဖြင့် ဦးဆောင်ထား

ASEAN Hyundai Cup 2026 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားလျက်ရှိသော ဖိလစ်ပိုင်အမျိုးသားဘောလုံးအသင်းနှင့် မြန်မာအမျိုးသားဘောလုံးအသင်းတို့၏ ပွဲစဉ်တွင် ပထမပိုင်း (HT) ပြီးဆုံးချိန်၌ မြန်မာအသင်းက ၀-၂ ဂိုးဖြင့် ဦးဆောင်ထားသည်။ ပွဲစတင်သည်မှစ၍ နှစ်ဖက်စလုံး အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြသော်လည်း မြန်မာအသင်းက ရရှိသော အခွင့်အရေးများကို ထိရောက်စွာ အသုံးချကာ ပထမပိုင်းအတွင်းမှာပင် ဦးဆောင်ဂိုး ၂ ဂိုး စတင်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်အသင်းသည် ပထမပိုင်း ချေပဂိုးပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာအသင်း၏ ခံစစ်နှင့် ဂိုးသမားတို့၏ ကာကွယ်မှုကြောင့် ဂိုးမရရှိဘဲ ပထမပိုင်းကို...

နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်မယ်လို့ ချဒ်နိုင်ငံ ကြေညာ

ချဒ်နိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်ဖို့ စီစဉ်နေကြောင်း တနင်္လာနေ့မှာ ကြေညာခဲ့ပြီး နောက်ဆုံး နှုတ်ထွက်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ ခုံရုံးရဲ့ ထိရောက်မှုဟာ "ကန့်သတ်ချက်ရှိပြီး ညီမျှမှုမရှိဘူး" လို့ တိုင်ကြားခဲ့သလို ခုံရုံးရဲ့ လုပ်ဆောင်ချက်တွေဟာ အာဖရိကအပေါ်မှာပဲ ဗဟိုပြုနေတယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ ဒီလို‌ကြေညာတာဟာ အမေရိကန်ရဲ့ လှုပ်ရှားမှုအပြီးမှာ ထွက်ပေါ်လာတာပါ။ အမေရိကန်ဟာ ဒီလအစောပိုင်းတုန်းက ICC ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ် ကြေညာခဲ့ပြီး အရေးယူပိတ်ဆို့မှုတွေ ပိုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့သလို ICC ဟာ "အမေရိကန်ရဲ့...

ရထားစီးခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက် ORTP ထုတ်ပြန်

နေပြည်တော်၊ ဇူလိုင် ၂၈ ရထားခရီးစဉ်များ ချောမွေ့လုံခြုံစေရေးအတွက် စီးနင်းသူခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက်ကို ORTP က ထုတ်ပြန်ခဲ့ပြီး ဖောက်ဖျက်ပါက ထောင်ဒဏ် (၃) လအထိ သို့မဟုတ် ငွေဒဏ် ကျပ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။ ရထားပေါ်ရှိ အရေးပေါ်ကိရိယာများကို အကြောင်းမဲ့ အသုံးမပြုရ။ ဆက်သွယ်ရေးစနစ်နှင့် စက်ပစ္စည်းများကို မဖျက်ဆီး၊ မနှောင့်ယှက်ရ။ ရထား ထွက်ခွာချိန် သို့မဟုတ် မရပ်မီ ခုန်တက်၊ ခုန်ဆင်း မပြုရ။ ရထားအမိုး၊ ခြေနင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071