အမျိုးသားစာပေဆု ၊ တစ်သက်တာစာပေဆု၊ တော်ဘုရားလေးစာပေဆု၊ အင်္လကာကျော်စွာဆုရ
အသက် (၉၁) နှစ် အရွယ်ရှိပြီးဖြစ်သည့် ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) သည် ယနေ့ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းတွင် (၉၆) ပါးသောရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
ကြွင်းကျန်ရစ်သောရုပ်ကလာပ်ကို နိုဝင်ဘာ ၂၃ ရက် (တနင်္ဂနွေ့နေ့) နေ့လည် (၁) နာရီတွင် တံတားဦးသုဿန်၌မီးသင်္ဂြိုလ်မည်ဖြစ်ကြောင်းလည်း ကျန်ရစ်သူမိသားစုထံမှ သိရသည်။
ကိုလေး (အင်းဝဂုဏ်ရည်) သည် ထင်ရှားသည့် ကဗျာဆရာကြီးတစ်ဦးဖြစ်ပြီး ၁၉၃၆ ခုနှစ် ဩဂုတ်လတွင် မွေးဖွားသူဖြစ်ကာ ပထဆုံးကဗျာမှာ “ ကျွန်တော်တို့ဌာနေ ရွှေအင်းဝ “ ကဗျာဖြစ်ကြောင်း သိရသည်။
အသက် ၂၉နှစ် အရွယ် ၁၉၆၅ခုနှစ် တွင် လမ်းသစ်ကဗျာများ စာအုပ်ဖြင့် အမျိုးသားစာပေဆု ပထမဦးဆုံး ချီးမြှင့်ခံရသည်။ကိုလေး (အင်းဝဂုဏ်ရည်) သည် အမျိုးသားစာပေ တစ်သက်တာဆုရှင် လည်းဖြစ်သည်။
လမ်းသစ်ကဗျာများ စာအုပ်ဖြင့် အမျိုးသားစာပေဆု(၁၉၆၅) နှင့်
မွန်းတည့်အမီ ကဗျာစာအုပ်ဖြင့် တော်ဘုရားလေးကဗျာဆု(၂၀၁၂)နှင့် အမျိုးသားစာပေ တစ်သက်တာဆု(၂၀၁၄)မှာ ရရှိခဲ့ကြောင်း သိရသည်။
