Monday, September 14, 2026

ရုရှားရဲ့ ဒီဇယ်စက်ရုံတွေကို ပစ်မှတ်ထားတိုက်တာတွေ ရပ်ဖို့...

ရုရှားရဲ့ ဒီဇယ်လောင်စာဆီတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇီလင်စကီးကို တိုက်တွန်းလိုက်ပါတယ်။ အဲဒီလိုတိုက်ခိုက်နေတာတွေက "ကမ္ဘာကြီးကို ထိခိုက်နစ်နာစေတယ်"...

စမ်းချောင်းမြို့နယ်ရှိ Bar 4 U...

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ Bar 4 U ဘီယာဆိုင်၌ စက်တင်ဘာ ၁၃ ရက်ည ၈ နာရီ ၁၉ မိနစ်ခန့်က...

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet...

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet 789 ကိုဦးဆောင်လုပ်ကိုင်သည့်(Senior Agent) (၇)ဦးအား ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက Online...

စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်ချောင်းမြောက်ရပ်ကွက်၌ ယနေ့(စက်တင်ဘာ ၁၃ ရက်)၊ ည ၈ နာရီ ၁၉...
HomeNewsLiterature Newsအမျိုးသားကင်ဆာရောဂါကုသရေးဌာန ကိုငွေကျပ် ၉၂၀၈...

အမျိုးသားကင်ဆာရောဂါကုသရေးဌာန ကိုငွေကျပ် ၉၂၀၈ သန်း အသုံးပြုတည်ဆောက်​နေ

ဒဂုံဆိပ်ကမ်းမြို့နယ်၌ တည်ဆောက်လျက်ရှိသော အမျိုး သားကင်ဆာရောဂါ ကုသရေးဌာန စီမံကိန်းပြီးစီးပါက ကင်ဆာရောဂါကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်မ ည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာသက်ခိုင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ယင်းစီမံကိန်း ပြီးစီးပါက ကင်ဆာရောဂါဓာတ်ရောင်ခြည် ကုသမှုအပါအဝင် ကင်ဆာရောဂါကုသရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အချိန်မီပြီးစီးရန် ဆောင်ရွက်ရေး၊ ဓာတ်ရောင်ခြည် လုံခြုံမှုအပါ အဝင်အဆောက်အအုံ အရည်အသွေးကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားများ ကောင်းမွန်ကြံ့ခိုင်ရေး၊ ဝန်ထမ်းများ အဆင်ပြေစွာသွား လာနေထိုင်နိုင်ရေး၊ ဓာတ်ရောင်ခြည် ကုသစက်နှင့် ဆေးရုံသုံးပစ္စည်းများ တပ်ဆင်ပြီးစီးရေးတို့ကိုလည်း တစ်ပြိုင်တ ည်းပြီးစီးအောင် စီစဉ်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ဝန်ကြီးသည် အမျိုးသား ကင်ဆာကုသရေးဌာန၌ ဓာတ်ရောင်ခြည် ကုသစက်လေးလုံးထားရှိရန် Bunker များ တည်ဆောက်ပြီးစီးမှု၊ တည်ဆောက်ဆဲ အဆောက်အအုံများ၊ တည်ဆောက်ပြီးစီးသွားသော ငါးထပ်လူနာဆောင်တွင် ခွဲစိတ်ခန်းများ၊ လူနာဆောင်များနှင့် ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများ၊ တည်ဆောက်ပြီးစီးသွားသော အသုံးပြုပြီး ဓာတ်ရောင်ခြည်သုံး ပစ္စည်းများ သိုလှောင်ထားရှိမည့် မြေအောက် Bunker များကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြော င်း သိရသည်။

အမျိုးသား ကင်ဆာရောဂါ ကုသရေးဌာနကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်ကာ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေကျပ် ၉၂၀၈ သန်း အသုံးပြုပြီး ကင်ဆာဓာတ်ရောင်ခြည်ကုသစက်လေးလုံး တပ်ဆင်၍ ကုသမှုပေးနိုင်ရန် ရည်ရွယ်ကာ တည်ဆောက်နေခြင်းဖြစ်ပြီး ယခု ၂၀၂၄ ခုနှစ်အတွင်း စတင်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဌာနတည်ဆောက်ပြီးစီးပါက ကင်ဆာရောဂါလူနာများသည် ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ အထူးကြပ်မတ် ကုသခြ င်း၊ ဓာတ်ခွဲစမ်းသပ်မှု၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်းတို့ကို တစ်နေရာတည်းတွင် အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားရဲ့ ဒီဇယ်စက်ရုံတွေကို ပစ်မှတ်ထားတိုက်တာတွေ ရပ်ဖို့ ယူကရိန်းကို ထရမ့်က ပြောကြား

ရုရှားရဲ့ ဒီဇယ်လောင်စာဆီတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇီလင်စကီးကို တိုက်တွန်းလိုက်ပါတယ်။ အဲဒီလိုတိုက်ခိုက်နေတာတွေက "ကမ္ဘာကြီးကို ထိခိုက်နစ်နာစေတယ်" လို့ သူက ဆိုပါတယ်။ ​တနင်္ဂနွေနေ့က အိုင်ယာလန်နိုင်ငံကို တရားဝင်သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ ထရမ့်က "မစ္စတာဇီလင်စကီး လုပ်ရမယ့်အလုပ် တစ်ခုရှိတယ်။ အဲဒါက ရုရှားက ဒီဇယ်လောင်စာဆီတွေကို ပစ်မှတ်ထားနေတာကို ရပ်ဖို့ပါပဲ။ သူ့အနေနဲ့ တခြားပစ်မှတ်တွေကို တိုက်ချင်တိုက်ပါ၊ ဒီဇယ်ဆီတွေကိုတော့ မလုပ်ပါနဲ့။ ဘာလို့လဲဆိုတော့ သူက ဒီဇယ်ရှားပါးမှုကို ဖြစ်စေလို့ပါပဲ" လို့ ပြောခဲ့ပါတယ်။ ​သူက...

စမ်းချောင်းမြို့နယ်ရှိ Bar 4 U ဘီယာဆိုင်၌ Level 1 အဆင့်မီးလောင်မှုတွင် အမျိုးသား(၂)ဦးသေဆုံးခဲ့

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ Bar 4 U ဘီယာဆိုင်၌ စက်တင်ဘာ ၁၃ ရက်ည ၈ နာရီ ၁၉ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရပြီး အမျိုးသား(၂)ဦးသေဆုံးခဲ့ကြောင်း သိရသည်။ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ စမ်ချောင်းမြောက်ရပ်ကွက်ရှိ Bar 4 U ဘီယာဆိုင်တွင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသော်လည်း ဆက် လက်လောင်ကျွမ်းနေသဖြင့် ည ၈ နာရီ ၂၄ မိနစ်၌ Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့်...

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet 789 ကိုဦးဆောင်လုပ်ကိုင်သည့်(Senior Agent) (၇)ဦးအား ရန်ကုန်နှင့် မန္တလေးတွင်ဖမ်းမိ

တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet 789 ကိုဦးဆောင်လုပ်ကိုင်သည့်(Senior Agent) (၇)ဦးအား ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက Online လောင်းကစားဂိမ်းများအား အဓိကဦးစီးဆောင်ရွက်သူ Level မြင့် Agent များကိုဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂ ရက်တွင် Ibet 789 Online လောင်းကစားဂိမ်း Senior Agent ဖြိုးသိင်္ဂီ အား ရန်ကုန်လေဆိပ်၊ Senior Agent နှင်းဝတ်ရည်ကျော် အပါအဝင် (၃)ဦးကို မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့အတူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071