ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ အမျိုးသမီးတည်းမောင်းနှင်လာသည့် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု ယနေ့ စက်တင်ဘာ ၇ ရက်နေ့လယ် ၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမြန်လမ်းမကြီးအတိုင်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ အမျိုးသမီးတစ်ဦးတည်းမောင်းနှင်လာသော အိမ်စီးကားသည် မိုင်တိုင်အမှတ် ၃၀/၆ နှင့် ၃၀/၅ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ခြမ်း ချောက်ထဲသို့ရောက်ရှိတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ကားမောင်းသူအမျိုးသမီးတွင် ထိခိုက်ဒ-ဏ်ရာရမှုမရှိသော်လည်း အိမ်စီးကားမှာပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
