Wednesday, June 10, 2026

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု NSPNC...

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအ ညီများရရှိနိုင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။ NSPNC နှင့် NCA...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်...

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ...

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့်...
HomeArticlesအမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီရဲ့ကဗျာဆုတစ်ဆုပေးခြင်းအပေါ်...

အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီရဲ့ကဗျာဆုတစ်ဆုပေးခြင်းအပေါ် သူတို့ရဲ့ အမြင်

အမျိုးသားစာပေဆု ချီးမြှင့်ရာ မှာ ကဗျာဆုကို အစဉ်အလာ(ဂန္ထဝင် ကဗျာ)ကဗျာနဲ့ ခေတ်ပေါ်ကဗျာဆိုပြီး နှစ်ဆုခွဲပြီး မချီးမြှင့်ဘဲ ဆုတစ်ဆု တည်းသာ ချီးမြှင့်တဲ့အချက်နဲ့ ပတ်သက်လို့ စာပေလောကအတွင်း ဝေဖန်သံတွေထွက်ပေါ်ခဲ့သလို အမျိုး သားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်အချို့ နုတ်ထွက်မှုလည်း ရှိခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီးဟာ အစဉ်အလာကဗျာကို မှေးမှိန်ပျောက် ကွယ်အောင် လုပ်ဆောင်တာကြောင့် သမိုင်းတွင်တော့မယ်ဆိုတဲ့ ဝေဖန်မှု မျိုးတွေအထိ ရှိခဲ့တာပါ။ ဒါကြောင့် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီအနေနဲ့ ၂ဝ၁၇ ခုနှစ် အမျိုး သားစာပေဆု စိစစ်ရွေးချယ်ရေးမူဝါဒ နဲ့ ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်း ပွဲကို ဇွန်လ ၇ ရက်နေ့က သိမ်ဖြူ လမ်းရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေ ရေးလုပ်ငန်းမှာပြုလုပ်ကာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အဲဒီ သတင်းစာ ရှင်းလင်းပွဲနဲ့ပတ်သက်ပြီး အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ ဝင်အချို့ရဲ့ သဘောထားအမြင်တွေ ကို စုစည်းတင်ပြလိုက်ပါတယ်။

ဒေါက်တာကျော်ဝင်း
အမျိုးသားစာပေဆု
စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်

ဒါကတော့ တစ်ဦးချင်းအမြင် အနေနဲ့ ဝေဖန်ခွင့်ရှိပါတယ်။ စာပေ ဆုရွေးချယ်တဲ့အခါမှာ သဘောထား ကွဲလွဲမှုလေးတွေကတော့ ရှိတတ်တာ ပါပဲ။ အဖွဲ့ထဲမှာလည်း ရှိတယ်။ သို့ သော် မိမိတို့ရဲ့ သဘောဆန္ဒကိုတော့ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်။ အလားတူပဲ အပြင်ပရိသတ်အနေနဲ့ လည်း ကိုယ့်ရဲ့အမြင်ကို သီးခြား ဖော်ထုတ်လို့ ရပါတယ်။ အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ မှာ ပါဝင်တဲ့ပညာရှင်တွေက တကယ့် ကို သမာသမတ်ရှိတဲ့ ပညာရှင်တွေ ပါ။ အဲဒီတော့ ဒီအဖွဲ့ကလည်း ဆုံး ဖြတ်တဲ့အခါမှာ တစ်ဦးတစ်ယောက် တည်းသဘောနဲ့ ဆုံးဖြတ်တာ မဟုတ် ပါဘူး။ အပြင်ကလည်း ဖိအားပေး တာမျိုး၊ ဝင်ရောက်စွက်ဖက်တာမျိုး မရှိပါဘူး။ အဖွဲ့နဲ့ ဆုံးဖြတ်တာ ဖြစ် ပါတယ်။ ရှေ့လျှောက်မှာလည်း သဘောထားထုတ်ပြန်ချက်တွေကို ဖေ့စ်ဘုတ်ခ်၊ ဝက်ဘ်ဆိုက်တို့ကနေ ပွင့်လင်းမြင်သာစွာ ထုတ်ပြသွားဖို့ ရှိပါတယ်။

ဒေါက်တာမြင့်ဇံ
အမျိုးသားစာပေဆု

စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်
အခုဝေဖန်သံတွေ ပွက်လောညံ နေတာက အပ်နဲ့ ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ ပေါက်သလို ဖြစ်နေတယ်။ကဗျာတစ်ဆုပဲ ပေးပေး၊ နှစ်ဆုပဲပေး ပေး ဒီကိစ္စကို ဒီလောက် အတင်းကြီး လိုက်ပုတ်ခတ်နေတာက နည်းနည်း မဖြစ်သင့်ဘူးလို့ထင်တယ်။ ကော်မတီ ဝင်တွေ နုတ်ထွက်ကြတယ်။ ဒါကို လက်ခံပါတယ်။ ဒါပေမဲ့ နုတ်ထွက်တဲ့ အခါမှာ ကျွန်တော်၊ ကျွန်မ သဘော မတူပါသဖြင့် နုတ်ထွက်ပါသည်ဆိုရင် ပြီးတာပဲ။ သမိုင်းတရားခံဖြစ်တော့ မယ်လို့ ပြန်ကြားရေးဝန်ကြီးကို ပြော တာမျိုးကတော့ ဘယ်သူပြောပြော လွန်တယ်လို့ ထင်တယ်။ ဒါကျွန် တော်က ဒေါက်တာဖေမြင့်ကို ခင်လို့ ပြောတာ မဟုတ်ပါဘူး။ ဒီကော်မတီ ဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ် တယ်။ ဟိုလူ့ကိုတော့ မပေးနဲ့၊ ဟိုလို တော့ပေး စသည်ဖြင့်လုပ်တဲ့ခေတ် မဟုတ်တော့ဘူး။ တစ်ဆုပဲ ပေးမယ် ဆိုတာက ဝန်ကြီးက ဆုံးဖြတ်တာ လည်း မဟုတ်ပါဘူး။ ကော်မတီဝင် အများစုက လွတ်လပ်စွာ ဆုံးဖြတ်ခဲ့ တာပါ။ မဲခွဲတဲ့အခါမှာ တစ်ဆုပဲပေး မယ်ဆိုတာက ၄ဝ မဲ ရခဲ့တယ်လေ။ အဲဒါကြောင့်ပါ။

မောင်လင်းရိပ်
အမျိုးသားစာပေဆု
စိစစ်ရွေးချယ်ရေးကော်မတီ
တွဲဖက်အတွင်းရေးမှူး(၂)

ဝေဖန်သူတွေအနေနဲ့ သူတို့ရဲ့ နှုတ်ကနေ သူတို့ဆန္ဒအရ ဝေဖန်တာ ကိုတော့ ဘာမှမပြောလိုပါဘူး။ အ စဉ်အလာကဗျာကို ပစ်ပယ်တယ်ဆို တာကတော့ အချက်အလက်အမှား ကြီးပါ။ ကျွန်တော်တို့က အစဉ် အလာ ကဗျာအပါအဝင် တစ်နှစ် အတွင်း ထွက်သမျှ ကဗျာအားလုံး အကျုံးဝင်အောင် ထည့်သွင်းစဉ်းစား တာပါ။ အရင်တုန်းကဆို ဆုရွေးချယ် တဲ့နေရာမှာ တစ်လျှောက်လုံး ဘယ်လိုလုပ်ခဲ့လဲဆိုရင် ရိုးရာစပ်ထုံး နဲ့ မညီတဲ့ ကဗျာဟူသမျှကို ဖယ်ထုတ် ပြီး စဉ်းစားခဲ့ကြတာပါ။ အခုက ကျွန်တော်တို့လုပ်နေတာက ပယ် ထုတ်လိုက်တာ မဟုတ်ပါဘူး။ ပေါင်း ထည့်လိုက်တာပါ။ အပြစ်တင်မယ် ဆိုရင် ဆုရွေးချယ်ရာမှာ မမျှတဘူး၊ အဂတိတရားတွေ ရှိနေတယ်၊ ဆုရွေး ချယ်လိုက်တဲ့ ကဗျာတွေက ညံ့နေ တယ်ဆိုရင် ဘယ်သူမဆို ဝေဖန် အပြစ်တင်ကြရမှာပါ။

မောင်သာမည
အမျိုးသားစာပေဆု
စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်

ကဗျာကို တစ်ဆုပေးမလား၊ နှစ်ဆုပေးမလား အဲဒါကို ဘယ်လိုပြန် ဖြစ်လဲဆိုတော့ အစဉ်အလာ ကဗျာ ကို မပေးဘူး၊ ခေတ်ပေါ်ကဗျာကိုပဲ ပေးမယ်ဆိုပြီး အချက်အလက်လွဲ ပြောနေတာတွေလည်း ရှိတယ်။ တကယ်က ကဗျာကို တစ်ဆုပဲ ပေး မယ်၊ ခေတ်ပေါ်တွေအစဉ်အလာတွေ ဘာမှမခွဲဘူး၊ ဘယ်လိုရေးထုံးနဲ့ ရေး ရေး ကဗျာအနေနဲ့ အကောင်းဆုံး လို့ ယူဆရင် ဆုပေးမှာပဲ။ အချက်အလက် လွဲအောင် မပြောကြစေချင်ဘူး။ အချက်အလက်လွဲတာရှိတယ်။ အထင် အမြင်လွဲတာရှိတယ်။ ဒေါက်တာ ဖေမြင့်ကိုပြောတဲ့ကိစ္စဆိုရင် ဒါ အချက် အလက် လွဲတာပေါ့။

စုမွန်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071