Friday, July 31, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီး ဂါရဝပြုတွေ့ဆုံ

ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေးအတွေ့အကြုံများ အပြန်အလှန်ဖလှယ်ရေး ဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၃၀ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီး...

နိုင်ငံတော်သမ္မတ၏ အစိုးရရက် (၁၀၀) ပြည့်...

နေပြည်တော်၊ ဇူလိုင် ၃၀ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အစိုးရရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ၂၀၂၆ ခုနှစ်...

လျှပ်စစ်မီတာ အသစ်များကို website မှတဆင့်...

ရန်ကုန်၊ ဇူလိုင် ၃၀ လျှပ်စစ်ဓာတ်အား သုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအတွက် လျှပ်စစ်မီတာအသစ်များကို လာမည့် ဩဂုတ် (၁၅) ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း...

မိမိယာဉ်နံပါတ်ကို အလွဲသုံးစားပြု၍ စက်သုံးဆီဝယ်ယူခံရသည့် ယာဉ်ပိုင်ရှင်များအတွက်...

နေပြည်တော်၊ ဇူလိုင် ၃၀ မိမိယာဉ်နံပါတ်ဖြင့် အခြားသူများက မသမာသောနည်းလမ်းများ အသုံးပြု၍ စက်သုံးဆီဝယ်ယူခြင်း ခံခဲ့ရသည့် ယာဉ်ပိုင်ရှင်များအတွက် စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးရေး...
HomeInternationalအမေရိကန်၏ အကူအညီဖြတ်တောက်မှုများသည် ကမ္ဘာကို...

အမေရိကန်၏ အကူအညီဖြတ်တောက်မှုများသည် ကမ္ဘာကို ‘ကျန်းမာရေးနည်းပါးခြင်း၊ လုံခြုံမှုနည်းပါးခြင်းနှင့် သာယာဝပြောမှုနည်းပါးခြင်း’များ ဖြစ်လာစေလိမ့်မည်ဟု ဂူတားရက်စ်ဆို

အမေရိကန်ပြည်ထောင်စုမှ လူသားချင်းစာနာမှုဆိုင်ရာနှင့် ဖွံ့ဖြိုးရေးရန်ပုံငွေများကို ပြင်းထန်စွာ ဖြတ်တောက်လိုက်ခြင်းသည် ကမ္ဘာတစ်ဝှမ်းရှိ အားနည်းချိနဲ့သော လူသန်းပေါင်းများစွာအတွက် ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေလိမ့်မည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်မှ သောကြာနေ့က သတိပေးခဲ့သည်။

“ဤဖြတ်တောက်မှုများသည် အရေးကြီးသော အစီအစဉ်များစွာကို ထိခိုက်စေသည်” ဟု ၎င်းက နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေး အစီအမံများကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် အလားအလာကိုလည်း အလေးပေးပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ဆယ်စုနှစ်များစွာကြာ ပြည်ပအကူအညီပေးရာတွင် “ဦးဆောင်အခန်းကဏ္ဍ” ထမ်းဆောင်ခဲ့သည့်အတွက် ကုလသမဂ္ဂ၏ ကျေးဇူးတင်‌ကြောင်းကို သူက ပြောကြားခဲ့ပြီး၊ အမေရိကန် အခွန်ထမ်းများ၏ ဒေါ်လာများနှင့် အခြားအလှူရှင်များကြောင့် နှစ်စဉ် လူပေါင်း ၁၀၀ သန်းကျော်သည် ကုလသမဂ္ဂ အစီအစဉ်များမှတစ်ဆင့် လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးကူညီမှုများ ရရှိခဲ့ကြောင်းကိုလည်း ထောက်ပြခဲ့သည်။

သို့သော်၊ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများ ပြင်းထန်လာနေချိန်တွင် ယခုကဲ့သို့သော ဖြတ်တောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ သန်းပေါင်းများစွာသော လူများကို ငတ်မွတ်ခြင်း၊ ရောဂါဘယနှင့် နေရပ်စွန့်ခွာရခြင်းအန္တရာယ်ထဲတွင် ထားရစ်ခဲ့သည်ဟု သူက ဆိုသည်။

“အကျိုးဆက်များသည် ကမ္ဘာတစ်ဝှမ်းရှိ အားနည်းချိနဲ့သော လူများအား အထူးဆိုးရွားစွာ ထိခိုက်ပျက်စီးစေလိမ့်မည်” ဟု မစ္စတာ ဂူတာရက်စ်က ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီး ဂါရဝပြုတွေ့ဆုံ

ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေးအတွေ့အကြုံများ အပြန်အလှန်ဖလှယ်ရေး ဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၃၀ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. Daba Debele Hunde က ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာရေး၊ အဆင့်မြင့်အရာရှိများ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ တိုးမြှင့်ဆောင်ရွက်ရေး၊ လွှတ်တော်များအချင်းချင်း ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်...

နိုင်ငံတော်သမ္မတ၏ အစိုးရရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ဇူလိုင် ၃၁ ရက်တွင် တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော်၊ ဇူလိုင် ၃၀ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အစိုးရရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။ အဆိုပါ နိုင်ငံတော်အခြေပြ မိန့်ခွန်းကို MRTV-HD၊ MRTV-News၊ MRTV-Parliament၊ MRTV-Farmers'၊ MWD-HD၊ MWD-Variety ရုပ်သံလိုင်းများနှင့် FM ရေဒီယိုမှ တစ်နိုင်ငံလုံးရှိ ပြည်သူများထံ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ၏ ယခုမိန့်ခွန်းသည် အစိုးရတာဝန်ထမ်းဆောင်သည့် ရက် (၁၀၀)...

လျှပ်စစ်မီတာ အသစ်များကို website မှတဆင့် ဩဂုတ် (၁၅) ရက်တွင် စတင်လျှောက်ထားနိုင်မည်

ရန်ကုန်၊ ဇူလိုင် ၃၀ လျှပ်စစ်ဓာတ်အား သုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအတွက် လျှပ်စစ်မီတာအသစ်များကို လာမည့် ဩဂုတ် (၁၅) ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အိမ်သုံးမီတာများအပြင် စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး လျှပ်စစ်မီတာအသစ်များကိုပါ လျှောက်ထားနိုင်မည်ဖြစ်သည်။ နိုင်ငံတော်ထံမှ ငှားရမ်းအသုံးပြုရာတွင် မီတာများ လျှင်မြန်စွာ ရရှိနိုင်ရေး၊ ပွဲစားများနှင့် ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုမရှိဘဲ အချိန်နှင့် စရိတ်စက သက်သာစေရန်အတွက် Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက်လျှောက်ထားနိုင်မည် ဖြစ်သည်။ ထို့ပြင် လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံအဆောက်အအုံများအား စဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071