Wednesday, December 17, 2025

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...

နေပြည်တော်တွင် မီးသတ်တပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြသ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်းတွင် ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက မီး သတ်ဦးစီးဌာနတွင်ဖွဲ့စည်းထားသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ပြသခဲ့ကြကြောင်း...
HomeInternationalအမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုကို ယူကရိန်းကသဘောတူပြီလို့...

အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုကို ယူကရိန်းကသဘောတူပြီလို့ ဆို

ယူကရိန်းဟာ ရုရှားနဲ့ စစ်ပွဲကို အဆုံးသတ်မယ့် သဘောတူညီချက်ကို သဘောတူညီခဲ့ပြီး “အသေးအဖွဲ ကိစ္စလေးတွေ” လောက်ပဲ ထပ်ညှိဖို့ကျန်တော့တယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။

ဒီလိုသတင်း ထွက်ပေါ်လာတာက အမေရိကန် စစ်ဝန်ကြီးဖြစ်သူ ဒန် ဒရစ်စကောလ်က အာရပ်စော်ဘွားများ ပြည်ထောင်စု မှာ ရုရှားအရာရှိတွေနဲ့ စစ်ပွဲအဆုံးသတ်ရေး အဆိုပြုချက်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးနေချိန်လည်း ဖြစ်ပါတယ်။

ယူကရိန်း အမျိုးသားလုံခြုံရေးအတွင်းရေးမှူး ရူစတမ် အူမဲရော့ဗ်ကတော့ “ဂျီနီဗာမှာ ဆွေးနွေးခဲ့တဲ့ သဘောတူညီချက်ရဲ့ အဓိကအချက်တွေကို နှစ်ဖက်စလုံးက နားလည်မှု ရရှိခဲ့ပြီ” လို့ X မှာရေးသားခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ နောက်ထပ် အဆင့်တွေအတွက် ဥရောပ မိတ်ဆွေတွေရဲ့ ပံ့ပိုးကူညီမှုကို မျှော်လင့်ပါတယ်” လို့လည်း သူကဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ ထရမ့်နဲ့ သဘောတူညီချက်ကို “နောက်ဆုံးအဆင့်တွေ အပြီးသတ်ပြီး အတည်ပြုနိုင်ဖို့အတွက်” သမ္မတ ဇလန်းစကီး အမေရိကန်ကို လာရောက်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း သူက ပြောပါတယ်။

ဇလန်းစကီးကလည်း X မှာ “ဂျီနီဗာမှာ တွေ့ဆုံမှုတွေအပြီးမှာ ငြိမ်းချမ်းရေးလမ်းကြောင်းကို အမှန်တကယ် ဖြစ်လာနိုင်တဲ့ အလားအလာကောင်းတွေ အများကြီးကို ကျွန်တော်တို့ တွေ့မြင်ရပါတယ်။ ခိုင်မာတဲ့ ရလဒ်တွေ ရရှိထားပြီးပါပြီ၊ ဒါပေမဲ့ လုပ်စရာ အလုပ်တွေ အများကြီး ကျန်နေသေးတယ်” လို့ ဒီနေ့မနက်စောစောပိုင်းက ပြောခဲ့ပါတယ်။

အမေရိကန် စစ်ဝန်ကြီးဒရစ်စကောလ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဂျက်ဖ် တောလ်ဘတ်ကလည်း အဘူဒါဘီမှာ အမေရိကန်နဲ့ ရုရှား ကိုယ်စားလှယ်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲတွေဟာ “အဆင်ပြေနေပြီ” လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်ကတော့ အကယ်၍ ပြင်ဆင်ထားတဲ့ အမေရိကန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ဟာ အလာစကာမှာ ကျင်းပခဲ့တဲ့ အမေရိကန်-ရုရှား ထိပ်သီးအစည်းအဝေးမှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေနဲ့ “အခြေခံအားဖြင့် ကွဲပြား” နေရင် ရုရှားဖက်က လက်ခံမှာ မဟုတ်ဘူးလို့ ပြောပြန်ပါတယ်။

တစ်ချိန်တည်းမှာပဲ ရုရှားနဲ့ ယူကရိန်းတို့ဟာ တစ်ညတာအတွင်း ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ အပြန်အလှန် ပြုလုပ်ခဲ့ကြပြီး ယူကရိန်းဖက်က အနည်းဆုံး လူ ခုနစ်ဦး သေဆုံးခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာထုတ်ပြန်ခဲ့

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းဝင်ခွင့်ရသူများစာရင်းအား သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ပညာရေးဝန်ကြီးဌာန၏ website ဖြစ်သော www.moe.gov.mm နှင့် အဆင့်မြင့်ပညာဦးစီးဌာန website ဖြစ်သည့် www.dhe.gov.mm တို့တွင်ကြေညာပေးထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071