Thursday, May 14, 2026

ရန်ကုန်နှင့် မန္တလေး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများအတွက်...

ရန်ကုန်တိုင်းဒေသကြီးရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာနှင့် မန္တလေးတိုင်းဒေသကြီးရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာတို့၏ အခန်းဖွဲ့ကာရံခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါလုပ်ငန်းများကို...

ကျောင်းကုန်းမြို့နယ်တွင် Football For School...

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု...

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း...

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ်...
HomeInternationalအမေရိကန်တွင် ခရီးသည်တင်လေယာဉ်နှင့် လေတပ်မှ...

အမေရိကန်တွင် ခရီးသည်တင်လေယာဉ်နှင့် လေတပ်မှ ရဟတ်ယာဉ်တို-က်မိ

အမေရိကန်ပြည်‌ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်မြို့ရှိ ရေဂင်အမျိုးသားလေဆိပ်တွင် ဗုဒ္ဓဟူးနေ့ညနေပိုင်းက ခရီးသည်တင်လေယာဉ်တစ်စင်းနှင့် အမေရိကန်လေတပ်မှ Black Hawk ရဟတ်ယာဉ်တစ်စင်းတို့ လေထဲတွင်တို-က်မိပြီးနောက် ကြီးမားသော ရှာဖွေကယ်ဆယ်ရေး ကြိုးပမ်းမှုကို လုပ်ဆောင်နေ‌ပြီဖြစ်ကြောင်း သိရသည်။

အမျိုးသားလေကြောင်းဦးစီးဌာန ၏ အဆိုအရ PSA လေကြောင်းလိုင်းမှ Bombardier CRJ700 အမျိုးအစား ပြည်တွင်းခရီးစဉ်သွား ဂျက်လေယာဉ်သည် ရေဂင်အမျိုးသားလေဆိပ်၏ ပြေးလမ်းအမှတ် ၃၃ သို့ ဆင်းသက်လာစဉ် အမေရိကန်လေတပ်မှ Black Hawk ရဟတ်ယာဉ်တစ်စင်းနှင် ဒေသစံတော်ချိန် ည ၉ နာရီအချိန်ခန့်က ဝေဟင်တွင် တို-က်မိခဲ့ကြောင်း သိရသည်။

အ‌ေ-သအပျောက်နှင့် ယာဉ်တို-က်မှုဖြစ်ရသည့် အကြောင်းရင်းကို ချက်ခြင်းထုတ်ပြန်ခြင်း မရှိသေးချေ။

American Airlines ၏အဆိုအရမူ CRJ-700 ခရီးသည်တင်လေယာဉ်ပေါ်တွင် ခရီးသည် ၆၀ နှင့် အမှုထမ်းလေးဦး လိုက်ပါခဲ့‌ကြောင်း သိရသည်။

“လေယာဉ်ပေါ်ပါ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေအတွက် စိုးရိမ်စရာပါပဲ” ဟု လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ကျွန်တော်တို့က အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး အရေးပေါ်တုံ့ပြန်ရေး ကြိုးပမ်းမှုတွေကို ကူညီနေပါတယ်။”ဟုလည်း ဖော်ပြထားသည်။

အမေရိကန်လေတပ်မှ Black Hawk ရဟတ်ယာဉ်ပေါ်တွင်မူ စစ်သည် ၃ ဦး လိုက်ပါခဲ့ကြောင်း တပ်မတော် အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဒီည အဖြစ်အပျက်မှာ ပါဝင်ခဲ့တဲ့ လေယာဉ်ဟာ ဘရာဗိုတပ်ခွဲ၊ အမှတ် ၁၂ လေကြောင်းတပ်ရင်းကဖြစ်ပြီး၊ လေ့ကျင့်ရေးပျံသန်းမှုအတွင်း လေ့ကျင့်ပျံသန်းနေတဲ့ တပ်မတော်ပိုင် UH-60 ရဟတ်ယာဉ်ဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်” ဟု အမေရိကန် လေတပ်က အတည်ပြုပြောကြားခဲ့သည်။

“ကျွန်တော်တို့က ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ရှာဖွေကယ်ဆယ်‌ရေးတွေ လုပ်ဆောင်နေပြီး သတင်းအချက်အလက်တွေ သိရလာတဲ့အခါ ထပ်လောင်းပေးသွားမှာပါ။”ဟုလည်း လေတပ်ကဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်နှင့် မန္တလေး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများအတွက် အခန်းဖွဲ့ကာရံခြင်းလုပ်ငန်း တင်ဒါခေါ်ယူ

ရန်ကုန်တိုင်းဒေသကြီးရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာနှင့် မန္တလေးတိုင်းဒေသကြီးရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာတို့၏ အခန်းဖွဲ့ကာရံခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် Lot ၁ မှ Lot ၄ အထိ ခွဲခြားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ Lot တစ်ခုစီတွင် (၄) ခန်းတွဲ၊ (၅) ထပ် အဆောက်အဦ ၂၅...

ကျောင်းကုန်းမြို့နယ်တွင် Football For School စီမံကိန်း စတင်အကောင်အထည်ဖော်၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်နိုင်ရေး ရည်မှန်း

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ်အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုကို မေ ၁၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျောင်းကုန်းမြို့နယ်တွင် တည်ဆောက်မည့် မိုးလုံလေလုံအားကစားရုံအတွက် မြေနေရာများကိုလည်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု ချုံချင့် နိုင်ငံခြားရေးဌာနညွှန်ချုပ် ပြောကြား

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို Chongqing ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် မေ ၁၂ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က ချုံချင့်မြူနီစီပယ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်းနှင့် Chongqing သည် တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အရေးပါသည့် မြို့တစ်မြို့ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းကလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071