အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အန်ဂိုလာနိုင်ငံ ခရီးစဉ်ဖြင့် သမိုင်းမှတ်တိုင်စိုက်ထူမည်ဖြစ်ပြီး အဆိုပါနိုင်ငံသို့ သွားရောက်သည့် ပထမဆုံး အမေရိကန်သမ္မတဖြစ်လာမည်ဖြစ်သည်။ ဘိုင်ဒင်၏ ခရီးစဉ်တွင် Luanda မြို့ရှိ ကျွန်ပြုမှုဆိုင်ရာ အမျိုးသားပြတိုက်သို့လည်း သွားရောက်လည်ပတ်မည်ဖြစ်သော ဘိုင်ဒင်၏ ခရီစဉ်သည် နှစ်နိုင်ငံရင်ဆိုင်ခဲ့ရသော အတ္တလန္တိတ်ဖြတ်ကျော် ကျွန်ကုန်သွယ်မှု သမိုင်းကြောင်းကို မီးမောင်းထိုးပြမည်ဖြစ်သည်။
နှစ်နိုင်ငံဆက်ဆံရေးကို အထိမ်းအမှတ်ပြုခြင်းရည်ရွယ်ချက်အပြင် ဘိုင်ဒင်၏ ခရီးစဉ်သည် အထူးသဖြင့် သတ္ထု့တူးဖော်ရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးခြင်းကို တန်ပြန်ရန်ရည်ရွယ်ထားသော အဓိကမီးရထားလမ်းစီမံကိန်းမှတဆင့် အမေရိကန်အကျိုးစီးပွားများ ခိုင်မာအားကောင်းစေရန်လည်း ပါဝင်သည်။ ဆက်ဆံရေး ပိုမိုနီးကပ်ရေး ကြိုးပမ်းနေသည့် ဝါရှင်တန်အတွက် အဆိုပါ စီမံကိန်းသည် အမေရိကနှင့် အန်ဂိုလာဆက်ဆံရေးတွင် ထူးခြားလေးနက်သော စီမံကိန်းတစ်ခုဖြစ်သည်။
အန်ဂိုလာသမ္မတ Joao Lourenco နှင့် ဆွေးနွေးမှုများအတွင်း ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အကြောင်းကိစ္စများ ပါဝင်မည်ဖြစ်သော်လည်း အငြင်းပွားဖွယ်ရာ လျော်ကြေးကိစ္စများကိုမူ ဆွေးနွေးမှုအကြောင်းအရာတွင် ထည့်သွင်းဖွယ် မရှိပေ။ သို့သော်လည်း ဘိုင်ဒင်၏ ရပ်တည်မှုအရ ကိုလိုနီခေတ် အမွေအနှစ်များ၊ လက်ရှိစီးပွားရေး စီမံကိန်းများနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးမှုကို အလေးပေးဖော်ပြသည်။
Ref: Devdiscourse
