ရုရှားနှင့် အနာဂတ်စီးပွားရေးဆက်ဆံရေးကို ဝါရှင်တန်ဘက်က မည်သို့အမြင်သဘောထားရှိသည်နှင့်ပတ်သက်၍ အမေရိကနှင့် ဆွေးနွေးရန် အချိန်ကျရောက်ပြီဟု တုကီယေးနိုင်ငံ အန်တာလီယာမြို့တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က ပြောကြားခဲ့သည်။ သို့ရာတွင် နှစ်နိုင်ငံအကြားကွဲလွဲမှုများရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နေတိုးသည် အကောင်းဆုံးအခြေအနေတွင် ရှိမနေသော်လည်း ရုရှားသည် မဟာမိတ်အဖွဲ့၏ အတွင်းရေးကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်းကိုလည်း လက်ဗရော့ဗ်က ပြော ကြားခဲ့သည်။
ရုရှားသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အစိုးရနှင့် သံတမန်ဆက်ဆံရေးပြေလည်စေရန် ၎င်း၏အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် အမေရိကနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်စတင်ခဲ့သည်။
Ref: ရိုက်တာ