Friday, May 8, 2026

ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကြားမှ မြန်မာ့စက်သုံးဆီဈေးနှုန်းများ (၃) ပတ်ဆက်တိုက်...

ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကြားမှ မြန်မာ့စက်သုံးဆီဈေးနှုန်းများ (၃) ပတ်ဆက်တိုက် ပြန်လည်ကျဆင်းလာ၊ ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှုရှိနိုင်မလားမြန်မာနိုင်ငံအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့် ရက်သတ္တပတ် (၃) ပတ်မှစတင်ကာ...

ထိုင်းနှင့်ကမ္ဘောဒီးယားဝန်ကြီးချုပ်များဖိလစ်ပိုင်တွင်နယ်စပ်အရေးဆွေးနွေး

ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်သည် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပပြုလုပ်သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ပြင်ပဆွေးနွေးပွဲအဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် နှင့်...

တောင်တရုတ်ပင်လယ်တွင်း နှောင့်ယှက်မှုများရပ်ရန် ဖိလစ်ပိုင်ကို တရုတ်တိုက်တွန်း

ပေကျင်း၊ မေ ၇ ရက် တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း သိပ္ပံသုတေသနလုပ်ငန်းများကို ဖိလစ်ပိုင်ဘက်က နှောင့်ယှက်ဟန့်တားမှုကို တုံ့ပြန်သည့်အနေဖြင့် တရားမဝင် နိုင်လိုမင်းထက်ပြုမှုများ၊ ဂုဏ်သိက္ခာညှိုးနွမ်းစေရန် လုပ်ဆောင်မှုများနှင့်...

ဟန်တာဗိုင်းရပ်စ်ကကူးစက်မှုနည်း–ဒဗ္ဗလျူအိတ်ခ်ျအို

MV Hondius အပျော်စီးသင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားပြီးနောက် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် ဗိုင်းရပ်စ်က ထပ်မံမပြန့်ပွားစေရန် ကြာသပတေးနေ့တွင် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ အာဏာပိုင်များသည်...
HomeMoviesအထူးစီးပွားရေးဇုန်များအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန်...

အထူးစီးပွားရေးဇုန်များအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြရမည်ဖြစ်

အထူးစီးပွားရေးဇုန်များအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြရမည်ဖြစ်ကြောင်း၊  မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ကပြောသည်။

ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ ပထအကြိမ်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် အထူးစီးပွားရေးဇုန်များသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်းလည်း ဒေါက်တာကံဇော်က ပြောသည်။

ပြည်သူများ အလုပ်အကိုင်ရရှိစေရန်၊ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားပြီး ပြည်ပပို့ကုန်တိုးတက်စေရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးများလာစေရန်နှင့် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိစေရန်တို့အတွက် အထူးစီးပွားရေးဇုန်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးသည် အရေးကြီးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဓိကအကောင်အထည်ဖော်ဆောင်ရွက်နေသည့် အထူးစီးပွားရေးဇုန် (Special Economic Zone – SEZ) ၃ ခု ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်(ရန်ကုန်တိုင်း) သည် လည်ပတ်နေပြီးဖြစ်ပြီး ရခိုင်ပြည်နယ် က ကျောက်ဖြူအထူးစီးပွားရေးဇုန်  နှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်အထူးစီးပွားရေးဇုန် တို့သည် အကောင်ထည်ဖော်ဆောင်ရွက် နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကြားမှ မြန်မာ့စက်သုံးဆီဈေးနှုန်းများ (၃) ပတ်ဆက်တိုက် ပြန်လည်ကျဆင်းလာ၊ ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှုရှိနိုင်မလား

ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကြားမှ မြန်မာ့စက်သုံးဆီဈေးနှုန်းများ (၃) ပတ်ဆက်တိုက် ပြန်လည်ကျဆင်းလာ၊ ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှုရှိနိုင်မလားမြန်မာနိုင်ငံအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့် ရက်သတ္တပတ် (၃) ပတ်မှစတင်ကာ ယနေ့အထိ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်များနှင့် ဈေးကွက်အတွင်းမှ သိရသည်။ စွမ်းအင်အကျပ်အတည်း နောက်ခံအခြေအနေ ပြီးခဲ့သည့် ကာလများအတွင်း ကမ္ဘာတစ်ဝန်းတွင် စွမ်းအင်အကျပ်အတည်း ပြင်းထန်စွာ ကြုံတွေ့ခဲ့ရသည်။အဓိကအားဖြင့် - ပထဝီနိုင်ငံရေးတင်းမာမှုများ: ရုရှား-ယူကရိန်း စစ်ပွဲနှင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ရေနံစိမ်းထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ အခက်အခဲဖြစ်ပေါ်ခဲ့ခြင်း။ ငွေကြေးဖောင်းပွမှု: ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုနှင့်အတူ ပြည်တွင်း၌ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုများကြောင့် စက်သုံးဆီဈေးနှုန်းများ...

ထိုင်းနှင့်ကမ္ဘောဒီးယားဝန်ကြီးချုပ်များဖိလစ်ပိုင်တွင်နယ်စပ်အရေးဆွေးနွေး

ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်သည် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပပြုလုပ်သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ပြင်ပဆွေးနွေးပွဲအဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် နှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်တို့နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံးက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးချုပ်အနုတင်သည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် အခြေအနေများကို ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ရတ်ချဒါ သနဒီရက် က ပြောကြားခဲ့သည်။ “ကျွန်တော် ဝန်ကြီးချုပ် ဟွန်မာနက်နဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေကတစ်ဆင့် ငြိမ်းချမ်းရေးဆီကို ဦးတည်သွားနိုင်ဖို့...

တောင်တရုတ်ပင်လယ်တွင်း နှောင့်ယှက်မှုများရပ်ရန် ဖိလစ်ပိုင်ကို တရုတ်တိုက်တွန်း

ပေကျင်း၊ မေ ၇ ရက် တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း သိပ္ပံသုတေသနလုပ်ငန်းများကို ဖိလစ်ပိုင်ဘက်က နှောင့်ယှက်ဟန့်တားမှုကို တုံ့ပြန်သည့်အနေဖြင့် တရားမဝင် နိုင်လိုမင်းထက်ပြုမှုများ၊ ဂုဏ်သိက္ခာညှိုးနွမ်းစေရန် လုပ်ဆောင်မှုများနှင့် မီးမွှေးလှုံ့ဆော်သည့် ဝါဒဖြန့်မှုများကို ချက်ချင်းရပ်တန့်ရန် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့တွင် တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်သုတေသနသင်္ဘော Xiangyanghong 33 သည် တရုတ်နိုင်ငံ၏ Houteng ကျောက်တန်း အနီးရှိ ရေပြင်တွင် ဥပဒေ နှင့်အညီပင်လယ်ရေကြောင်း ဂေဟစနစ်ကို စစ်တမ်းကောက်ယူနေစဉ်အတွင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင် Islander လေယာဉ်တစ်စင်းက ဗုဒ္ဓဟူးနေ့တွင် ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်နှောင့်ယှက်ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071