Tuesday, July 21, 2026

ချောင်းနှစ်ချောင်း ရေမြင့်တက်မှုကြောင့် ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင်...

ဖားကန့်၊ ဇူလိုင် ၂၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းတို့၏ ရေမြင့်တက်လာသဖြင့် ဇူလိုင် ၂၁ ရက်တွင် ကာမိုင်းမြို့၌...

လူငယ်ဘောလုံးသမားသစ်များ ရှာဖွေဖော်ထုတ်ရေးနှင့် နည်းပြစွမ်းရည်မြှင့်တင်ရေးအတွက် FIFA/MFF...

ရန်ကုန်၊ ဇူလိုင် ၂၁ မြန်မာနိုင်ငံတစ်ဝန်း လူငယ်ဘောလုံးသမားသစ်များကို စနစ်တကျ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် ဒေသအလိုက် နည်းပြများ၏ စွမ်းရည်မြှင့်တင်နိုင်ရေးကို ရည်ရွယ်သည့် FIFA/MFF Regional Football...

စစ်အုပ်ချုပ်ရေးအမိန့် ရက် ၉၀ သက်တမ်းတိုး၊အုပ်ချုပ်ရေးနှင့်...

နေပြည်တော်၊ဇူလိုင်-၂၁ နိုင်ငံတော်သမ္မတရုံးသည် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၄/၂၀၂၆) ကို ယနေ့ ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိကြောင်း ကြေညာထားသည့်...

တွန်းဇံမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှလွဲ၍ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ကြေညာထားသောမြို့နယ်များကိုထပ်မံသက်တမ်းတိုးရက်ပေါင်း(၉၀)ဖြစ်

ဥပဒေစိုးမိုးရေးလုပ်ငန်းများမူလအခြေအနေပြန်လည်ရောက်ရှိလာသည့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှလွဲ၍ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ကြေညာထားသောမြို့နယ်များကို ယနေ့ ဇူလိုင် ၂၁ ရက်မှစတင်ကာ ရက်ပေါင်း(၉၀)အထိ ယင်း အမိန့်ဆက်ရှိနေမည်ဟု ကြေညာခဲ့သည်။ အဆိုပါ...
HomeNewsLocal Newsအထည်ချုပ်လုပ်ငန်းများမှ အမေရိကန်ဒေါ်လာသန်း တစ်ထောင်ကျော်ရရှိထားယခင်နှစ်ထက်...

အထည်ချုပ်လုပ်ငန်းများမှ အမေရိကန်ဒေါ်လာသန်း တစ်ထောင်ကျော်ရရှိထားယခင်နှစ်ထက် သန်း နှစ်ရာနီးပါးပို

ယခု ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇွန်လအထိပြည်ပသို့ အထည်ချုပ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၂၁၇ ဒသမ ၄၄၈) သန်းရရှိထားကြောင်း သိရသည်။

ယခင်နှစ်ကာလထက် အမေရိကန်ဒေါ်လာ (၁၇၁ ဒသမ ၃၄ ၇) သန်း ပိုမိုရရှိခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်လုပ်ငန်းကို ပြည်ပမှ ကုန်ကြမ်းသွင်းကာ ပြည်တွင်း၌ ပြန်လည်ချုပ်လုပ်သည့် CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ လက်ခစားစနစ်ဖြင့် မြန်မာနိုင်ငံသို့ အော်ဒါမှာယူနေသာ အများဆုံး (၁၀)နိုင်ငံစာရင်းတွင် အီးယူ (ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ)၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်၊ တရုတ်စသည်တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်းစသည်တို့အနက် CMP စ နစ်ဖြင့် အထည်ချုပ်တင်ပို့မှုမှာ ပြည်ပတင်ပို့ မှုအများဆုံးဖြစ်ပြီး အထည်ချုပ် (ချုပ်ပြီးအထည်)သည် ပို့ကုန်ကဏ္ဍ၌ အတိုးတက်ဆုံးဖြစ်သည်။

ထို့ပြင် အထည်ချုပ်ကဏ္ဍသည် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း အများဆုံးဖန်တီး‌ပေးနေသည့် ကဏ္ဍတစ်ခုလည်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချောင်းနှစ်ချောင်း ရေမြင့်တက်မှုကြောင့် ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင် ရေကြီးရေလျှံ

ဖားကန့်၊ ဇူလိုင် ၂၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းတို့၏ ရေမြင့်တက်လာသဖြင့် ဇူလိုင် ၂၁ ရက်တွင် ကာမိုင်းမြို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းတို့၏ ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် မွန်းလွဲ ၂ နာရီခန့်မှစတင်၍ ကာမိုင်းမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ရေဝင်ရောက်မှုကြောင့် ထိခိုက်သည့် နေအိမ်များမှ ပြည်သူများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ဘေးလွတ်ရာဖြစ်သည့် မြို့မဘုန်းတော်ကြီးကျောင်း နှင့် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း တို့သို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း...

လူငယ်ဘောလုံးသမားသစ်များ ရှာဖွေဖော်ထုတ်ရေးနှင့် နည်းပြစွမ်းရည်မြှင့်တင်ရေးအတွက် FIFA/MFF RTC နည်းပြသင်တန်း ဖွင့်လှစ်

ရန်ကုန်၊ ဇူလိုင် ၂၁ မြန်မာနိုင်ငံတစ်ဝန်း လူငယ်ဘောလုံးသမားသစ်များကို စနစ်တကျ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် ဒေသအလိုက် နည်းပြများ၏ စွမ်းရည်မြှင့်တင်နိုင်ရေးကို ရည်ရွယ်သည့် FIFA/MFF Regional Football Training Center (RTC) Technical Director and Coaches Workshop 2026-2027 (Phase-2) သင်တန်းကို ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့...

စစ်အုပ်ချုပ်ရေးအမိန့် ရက် ၉၀ သက်တမ်းတိုး၊အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ပိုင်ခွင့်နှင့်တာဝန်များ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှင်း

နေပြည်တော်၊ဇူလိုင်-၂၁ နိုင်ငံတော်သမ္မတရုံးသည် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၄/၂၀၂၆) ကို ယနေ့ ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိကြောင်း ကြေညာထားသည့် မြို့နယ်များ၌ စစ်အုပ်ချုပ်ရေးအမိန့်ကို ဆက်လက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။ အဆိုပါအမိန့်တွင် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၃/၂၀၂၆) ဖြင့် အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိကြောင်း ကြေညာထားသည့် မြို့နယ်များ၌ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071