Tuesday, August 11, 2026

ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အမျိုးသမီးများ ခေါ်ယူနေဟု ထွက်ပေါ်နေသည့်သတင်းသည်...

နေပြည်တော်၊ဩဂုတ်-၁၁ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနှင့် သင်တန်းဖွင့်လှစ်ခြင်းများ လုံးဝမရှိကြောင်းနှင့် မှော်ဘီမြို့ရှိ ရကသ (၄) တွင် သင်တန်းဖွင့်လှစ်ထားသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏...

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်စောက်နှင့် ကလောတွင်...

ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရေးပေါ်ဆောင်ရွက်ပေးနေ ရပ်စောက်၊ ဩဂုတ် ၁၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နှင့် ကလောမြို့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇော်ဂျီမြစ်နှင့် ကလောချောင်းရေများ မြင့်တက်လာကာ...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးလွန် ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး...

ပုသိမ်၊ ဩဂုတ် ၁၁ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက...

မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌမှ ကွယ်လွန်သူ...

လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Xaysomphone Phomvihane ကွယ်လွန်သွားခဲ့သည့်အတွက် ယမန်နေ့ မွန်းလွဲပိုင်းတွင် မြန်မာ-လာအို ချစ်ကြည်ရေးအသင်း...
HomeNewsLocal Newsအဆိုးရွားဆုံးပုံစံ ခိုင်းစေခံရသည့် ကလေးအလုပ်သမားများ...

အဆိုးရွားဆုံးပုံစံ ခိုင်းစေခံရသည့် ကလေးအလုပ်သမားများ တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနံပါတ် 1566 သို့ သတင်းပို့ရမည်

နေပြည်တော်၊ ဩဂုတ် ၁၁
အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခံရသည့် ကလေးအလုပ်သမားများ တွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနံပါတ် 1566 သို့ သတင်းပို့ရန် ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က တိုက်တွန်းပြောကြားလိုက်သည်။

ယမန်နေ့က နေပြည်တော်၌ ကျင်းပသည့် အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်အညီ ကလေးများ၏ အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့် ပုံစံအမျိုးမျိုးဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများကို ကာကွယ်တားဆီးရန် ပြောကြားခဲ့သည်။

နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ကလေးလုပ်သားစစ်တမ်းအစီရင်ခံစာအရ တိုင်းဒေသကြီး၊ ပြည်နယ်တိုမှ အန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကလေးအလုပ်သမားများကို တိုင်းဒေသကြီး၊ ပြည်နယ်လူမှုဝန်ထမ်းရုံးများမှ လူမှုဖြစ်ရပ် စီမံခန့်ခွဲသူများက လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီ ကွင်းဆင်းမှုများပြုလုပ်၍ လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၄င်းက ဆိုသည်။

ထို့အပြင် လုပ်ငန်းရှင်များနှင့် ပြည်သူများအနေဖြင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာခြင်းဖြင့် ကလေးအလုပ်သမားများ၏ အခြေခံအခွင့်အရေးများကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး လက်ရှိတွင် အဆိုပါ အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခံရသည့် ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီကိုလည်း  ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အမျိုးသမီးများ ခေါ်ယူနေဟု ထွက်ပေါ်နေသည့်သတင်းသည် သတင်းမှားသာ ဖြစ်သည်ဟု ဆို

နေပြည်တော်၊ဩဂုတ်-၁၁ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနှင့် သင်တန်းဖွင့်လှစ်ခြင်းများ လုံးဝမရှိကြောင်းနှင့် မှော်ဘီမြို့ရှိ ရကသ (၄) တွင် သင်တန်းဖွင့်လှစ်ထားသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောသည်။ လက်ရှိအချိန်တွင် မိမိဆန္ဒအလျောက် လျှောက်လွှာတင်သွင်း၍ တက်ရောက်သည့် အမျိုးသမီးစစ်မှုထမ်း တပ်သား၊ တပ်ကြပ်ကြီးစာရေးနှင့် အရာရှိသင်တန်းများကိုသာ ဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးပြု၍ အမျိုးသမီးများကို ခေါ်ယူမှု မရှိသေးကြောင်းလည်း ဆိုသည်။ ထို့ကြောင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် မှော်ဘီ ရကသ (၄) ၌ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းသင်တန်း...

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်စောက်နှင့် ကလောတွင် ရေကြီးရေလျှံဖြစ်ပွား

ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရေးပေါ်ဆောင်ရွက်ပေးနေ ရပ်စောက်၊ ဩဂုတ် ၁၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နှင့် ကလောမြို့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇော်ဂျီမြစ်နှင့် ကလောချောင်းရေများ မြင့်တက်လာကာ ရပ်စောက်မြို့ ဇော်ဂျီရပ်ကွက်၊ ဥတ္တံတားရပ်ကွက်နှင့် ကလောမြို့ အမှတ် (၂)၊ (၃)၊ (၄) ရပ်ကွက်တို့မှ အနိမ့်ပိုင်းနေအိမ်များ ရေနစ်မြုပ်မှု ဖြစ်ပွားလျက်ရှိသည်။ လက်ရှိတွင် ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ရေးလှေများ၊ မော်တော်ယာဉ်များဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး ရပ်စောက်မြို့မှ ပြည်သူများကို ဇော်ဂျီအားကစားခန်းမနှင့် ဥတ္တံတားဓမ္မာရုံတို့၌ လည်းကောင်း၊ ကလောမြို့မှ ပြည်သူများကို အမှတ် (၅)...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးလွန် ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး ပြန်လည်စတင်နိုင်ရေး ကြိုတင်ပြင်ဆင်နေ

ပုသိမ်၊ ဩဂုတ် ၁၁ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက ပုသိမ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က ရေပြန်လည်ကျဆင်းပါက စပါးပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မြေယာပြုပြင်ခြင်း၊ စက်ယန္တရား၊ မျိုးစေ့နှင့် သွင်းအားစုများ ကြိုတင်ပြင်ဆင်ရန်နှင့် စာသင်ကျောင်းများ အမြန်ဆုံးပြန်ဖွင့်နိုင်ရေး၊ ကျန်းမာရေး၊ ကူညီထောက်ပံ့ရေးနှင့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများကို ကြိုတင်တွက်ချက် ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် စေတနာရှင်များ၏ အလှူငွေများနှင့် လေးမျက်နှာမြို့နယ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071