Sunday, September 20, 2026

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို...

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ...

မြဝတီမြို့နယ်ရှိ (၁,၄၅၀)ဗျူဟာကုန်း၌ ဥာဏ်တော် (၁၀၈)ပေအမြင့်...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျော်ခို့မြိုင်ကျေးရွာရှိ (၁,၄၅၀)ဗျူဟာကုန်းတွင် ဥာဏ်တော်(၁၀၈)ပေအမြင့်ရှိသော ရွှေတိဂုံပုံတူစေတီတော်အားတည်ထားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စေတီတော်ပရဝုဏ်တော်အတွင်း၌ ဗျူဟာကုန်းဓမ္မာရုံနှင့် သာသနိကအဆောက်အဦများကိုလည်းတည် ဆောက်လျက်ရှိကာ ယင်း စေတီတော်နှင့်...

ဘရိုက်တန်ကို သုံးဂိုးပြတ်ရှုံးပြီး အာဆင်နယ် ရာသီအစ...

အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ် (၅) အဖြစ် စက်တင်ဘာ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းသည် ဘရိုက်တန်အသင်း၏ အိမ်ကွင်း၌ ၃ ဂိုး-ဂိုးမရှိဖြင့်...
HomeCelebrities' Newsအဆိုတော် အိမ့်ချစ် ပြောပြတဲ့...

အဆိုတော် အိမ့်ချစ် ပြောပြတဲ့ သီတင်းကျွတ် အမှတ်တရ

ဝါလကင်းလွတ်တဲ့ သီတင်းကျွတ်အခါသမယဟာ မြန်မာလူမျိုး တွေအတွက် တော့ ပျော်ရွှင်ကြည်နူးဖွယ်ရာ အချိန်ကာလလေးတစ်ခုပဲ ဖြစ်ပါ တယ်။ ဘုရားရှင်ကို ရည်မှန်း ပြီးတော့ ရောင်စုံဆီမီးတွေ မြိုင်မြိုင် ဆိုင်ဆိုင် ထွန်းညှိ ပူဇော်ကြတာကို လည်း လမ်းတိုင်း၊ အိမ်တိုင်းမှာ တွေ့ မြင်ကြရမှာပဲဖြစ် ပါတယ်။ ဒီအခါသမယမှာ ကလေးငယ်တွေက မီးရှူး မီးပန်းတွေ ပစ်ဖောက်ပြီး ပျော်ရွှင်ကြ သလို လူကြီးမိဘတွေကိုလည်း အရိုအသေအားဖြင့် သွားရောက် ကန်တော့ကြ ပါတယ်။ တူနှစ်ကိုယ်နီးဖို့အရေး မင်္ဂလာပွဲဆင်နွှဲကြမယ့် ချစ်သူစုံတွဲတွေ အဖို့ လည်း သီတင်းကျွတ်ဟာ မျှော်တလင့်လင့် ရင်ခုန်စောင့်စားကြရတဲ့လ တစ်လပါ။ ဒါကြောင့် သီတင်းကျွတ်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေ၊ ခံစားမှု တွေက လူတိုင်းလိုလိုမှာ ရှိနေကြမယ် ထင်ပါတယ်။ အနုပညာရှင်တစ်ဦးဖြစ်တဲ့ အိမ့်ချစ် မှာရော သီတင်းကျွတ်နဲ့ ပတ်သက်ပြီး ဘယ်လို အမှတ်တရတွေ ရှိနေသလဲ ဆိုတာကို မေးမြန်းကြည့်မိပါတယ်။

”သီတင်းကျွတ်နဲ့ပတ်သက်ပြီး ငယ်ငယ်ကတော့အမှတ်တရတွေ အများကြီး ရှိတယ်။ ငယ်ငယ်ကဆို မီးရှူးမီးပန်းတွေလည်း ဖောက်တယ်။ သီတင်းကျွတ်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေက အများကြီးပဲဆိုတော့ ပြောရင် ကုန်မှာတောင် မဟုတ်ဘူး။ သီတင်းကျွတ်ဟာ ငယ်ငယ်ကဆိုရင်တော့ အိမ့်ချစ်တို့ အတွက် ဆော့လို့ကောင်းတဲ့ အရွယ်ပေါ့။ အခုအသက်ကြီးလာတော့ ဒီလိုမျိုး သီတင်း ကျွတ်ရာသီက အိမ့်ချစ်တို့အတွက် ပွဲတွေဆိုရတာ များတဲ့လပါ။ သူများတွေ အနားယူတဲ့အချိန် အိမ့်ချစ်တို့ ပိုအလုပ်လုပ်ရတဲ့ အချိန်ပေါ့။ ဒါပေမဲ့ အလုပ် လုပ်တွေလုပ်နေရတဲ့အတွက် အိမ့်ချစ်ပျော်ပါတယ်။ အိမ့်ချစ်ကို မေးကြတယ်။ သီတင်းကျွတ်ပြီဆိုတော့ မင်္ဂလာသတင်းလေးများ ကြားရမလားဆိုတော့ မင်္ဂလာ သတင်းကတော့ အိမ့်ချစ်မှာ နေ့တိုင်းကြားနေရတာပါပဲ (ရယ်လျက်)။ စတာပါ။ အိမ့်ချစ်မှာယူစရာယောက်ျားမရှိသေးပါဘူး။ အိမ့်ချစ်အချစ်ရေးကို လည်း မစဉ်းစားချင်သေးဘူး။ မိဘကိုပဲအများကြီး လုပ်ကိုင်ကျွေးမွေးချင်သေး တယ်”လို့ အိမ့်ချစ်ကပြောပါတယ်။

အိမ့်ချစ်က လတ်တလောမှာ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုထားတဲ့ အင်္ဂလိပ်သီချင်းတွေကို လာမယ့် နိုဝင်ဘာလထဲမှာ ပရိသတ်လက်ထဲ ရောက် အောင် ပို့နိုင်ဖို့အတွက် ကြိုး စားနေတယ်လို့ သိရပါတယ်။

”အိမ့်ချစ်ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးတွေ ထွက်ဖို့ရှိပါတယ်။အဲဒီသီချင်းခွေမှာ စုစုပေါင်း သီချင်း ၈ ပုဒ်ပါတယ်။ သီချင်းတွေကို Mixing တွေလည်း ဆွဲပြီးသွားပြီ။ ထွက်ဖို့လည်းအကုန်လုံး ပြင်ဆင်ထားပြီးပြီ။ ဘာဖြစ်လို့ မထွက်ဖြစ်သေးတာလဲဆိုရင်တော့ ဒီရက်ပိုင်းမှာ သီချင်းတွေထွက်တာ တအား များနေတာ တွေ့ရလို့ အိမ့်ချစ် ခဏစောင့်နေတာပါနောက်လ ထဲမှာ ထွက်ဖြစ် ဖို့များတယ်။ အခွေထွက်ရင်လည်း ပရိသတ်ကြီးက အားပေးကြ ပါဦး”လို့ အိမ့်ချစ် ကပြောပြခဲ့ပါတယ်။

သဲစုလှိုင်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071