Saturday, June 27, 2026

(၅)နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင်ကြိုးစားဆောင်ရွက်မည်၊ EAO များနှင့်ငြိမ်းချမ်းရေးအတွက်သတ်မှတ်ချက်မရှိဘဲဆွေးနွေးမည်ဟု...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၂၆ ရက်တွင်ကျင်းပသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုး တက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ကွာဟမှုရှိနေသည့်နယ်မြေများ ကွာဟမှုမရှိအောင်လုပ်ပေးရန်မှာ မလွဲမသွေဆောင်ရွက်မည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ကာ ယင်းသို့...

မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံအဖြစ် တည်ဆောက်မည့်...

စားရေရိက္ခာမူဝါဒကော်မရှင် (၁/၂၀၂၆) အစည်းအဝေးတွင် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က မူဝါဒဆိုင်ရာ လမ်းညွှန်ချက်...

လူသားချင်းစာနာမှုအကူအညီများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် MOFA...

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စဉ်ဆက်မပြတ် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်နှင့် အကူအညီလိုအပ်နေသူများထံ ထိရောက်စွာရောက်ရှိစေရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြုသဘောဆောင်ပြီး နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိသည့် ကြားနေမူဝါဒဖြင့်...

မုံရွာမြို့၌ MSME ထုတ်ကုန်များစျေးရောင်းပွဲတော်စတင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ ဥယျာဥ်၌ World MSME Day အထိမ်းအမှတ်အဖြစ် အ သေးစား၊ အငယ်စားနှင့် အလတ်စား...
HomeNewsLocal Newsအစ္စရေးနှင့် ဟားမတ်စ်တို့ ဂါဇာ...

အစ္စရေးနှင့် ဟားမတ်စ်တို့ ဂါဇာ အပ-စ်အခ-တ်ရပ်စဲရေး သဘောတူညီချက်၏ ‘ပထမအဆင့်’ ကို သဘောတူညီ

အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား သမိုင်းတစ်လျှောက် အ‌ေ-သအပျေ-ာက်အများဆုံး တို-က်ခို-က်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ဂါဇာစစ်ပွဲကြီးကို အဆုံးသတ်ရန် ရည်ရွယ်သော အပ-စ်အခ-တ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးနှင့် ဟားမတ်စ်တို့ သဘောတူညီခဲ့ကြသည်။

“အစ္စရေးနှင့် ဟားမတ်စ် နှစ်ဖက်စလုံးသည် ကျွန်ုပ်တို့၏ ငြိမ်းချမ်းရေးအစီအစဉ်၏ ပထမအဆင့်ကို လက်မှတ်ရေးထိုးခဲ့ကြပြီ” ဟု သမ္မတ ထရမ့်က သူ၏ Truth Social တွင် ပြောကြားခဲ့သည်။

“ဆိုလိုသည်မှာ ဓါးစာခံအားလုံးကို မကြာမီတွင် ပြန်လွှတ်ပေးမည်ဖြစ်ပြီး၊ အစ္စရေးသည် ခိုင်မာသော၊ ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးဆီသို့ ဦးတည်သည့် ပထမဆုံးခြေလှမ်းအဖြစ် သဘောတူညီထားသော နယ်မြေစည်းမျဉ်းအတိုင်း သူတို့၏ တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းပေးမည်ဖြစ်သည်။ နှစ်ဖက်စလုံးကို တရားမျှတစွာ ဆက်ဆံသွားမည်။ ဤသည်မှာ အာရပ်နှင့် မူဆလင်ကမ္ဘာ၊ အစ္စရေး၊ ပတ်ဝန်းကျင်ရှိ နိုင်ငံအားလုံးနှင့် အမေရိကန်ပြည်ထောင်စုအတွက် ကြီးမားသည့် နေ့တစ်နေ့ဖြစ်သည်၊ ဤသမိုင်းဝင်နှင့် မကြုံစဖူးသော အဖြစ်အပျက်ကို ဖြစ်မြောက်အောင် ကျွန်ုပ်တို့နှင့်အတူ လုပ်ဆောင်ပေးခဲ့သည့် ကာတာ၊ အီဂျစ်နှင့် တူရကီနိုင်ငံများမှ ကြားဝင်စေ့စပ်သူများကိုလည်း ကျေးဇူးတင်ရှိပါသည်။ ငြိမ်းချမ်းရေး ဖန်တီးသူတို့အ‌ပေါ် ကောင်းချီးမင်္ဂလာရှိစေသတည်း”ဟုလည်း ထရမ့်က ရေးသားထားသည်။

အဆိုပါ ကြေညာချက်သည် သမ္မတ ထရမ့်က အစောဆုံး ယခုသီတင်းပတ်ကုန်တွင် အရှေ့အလယ်ပိုင်းသို့ ခရီးသွားရန် အသင့်ရှိကြောင်း အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားပြီး နာရီပိုင်းအကြာတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အစ္စရေးနှင့် ဟားမတ်စ်တို့သည် တို-က်ရို-က်စကားပြောဆိုခြင်း မရှိသောကြောင့် သမ္မတ ထရမ့်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတိဗ် ဝစ်တ်ကော့ဖ်၊ သမ္မတ၏ သမက် ဂျာရက် ကူရ်ှနာ၊ အီဂျစ်၊ ကာတာနှင့် တူရကီနိုင်ငံများမှ ကြားဝင်စေ့စပ်သူများတို့က အီဂျစ်နိုင်ငံ၌ ကြားခံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်။

အပ-စ်အခ-တ်ရပ်စဲရေး သဘောတူညီချက် မည်သည့်အချိန်တွင် စတင်အသက်ဝင်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် ‌နေတန်ယာဟုကမူ ကက်ဘိနက်အစည်းအဝေးကို ကြာသပတေးနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ထိုအစည်းအဝေးတွင် “သဘောတူညီချက်ကို အတည်ပြုရန်နှင့် ကျွန်ုပ်တို့၏ ချစ်လှစွာသော ဓါးစာခံအားလုံးကို အိမ်သို့ ပြန်ခေါ်လာနိုင်ရန်” အပ-စ်အခ-တ်ရပ်စဲရေး သဘောတူညီချက်နှင့် ပတ်သက်၍ မဲပေးဆုံးဖြတ်ချက်ချဖွယ်ရှိကြောင်း ဆိုရှယ်မီဒီယာတွင် အတည်ပြုရေးသားခဲ့သည်။

ထိုပို့စ်တွင်ပင် နေတန်ယာဟုက “ကျွန်ုပ်တို့၏ ဓါးစာခံများကို လွတ်မြောက်စေရေးအတွက် မြင့်မြတ်သော ဤတာဝန်ကို အပ်နှံပေးသည့်အတွက် သမ္မတ ထရမ့်နှင့် ၎င်း၏အဖွဲ့အား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ရှိကြောင်း” ပြောကြားခဲ့သည်။

ယခု သဘောတူညီချက်တွင် ဟားမတ်စ်မှ အသက်ရှင်သူနှင့် ‌ေ-သဆုံးသူ ဓါးစာခံ ၅၀ နီးပါးကို ပြန်လွှတ်ပေးရန်နှင့် အစ္စရေးဖက်မှလည်း ပါလက်စတိုင်း အကျဉ်းသားနှင့် ဖမ်းဆီးထိန်းသိမ်းခံထားသူ ၂,၀၀၀ နီးပါးကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်ဟု ယုံကြည်ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၅)နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင်ကြိုးစားဆောင်ရွက်မည်၊ EAO များနှင့်ငြိမ်းချမ်းရေးအတွက်သတ်မှတ်ချက်မရှိဘဲဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၂၆ ရက်တွင်ကျင်းပသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုး တက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ကွာဟမှုရှိနေသည့်နယ်မြေများ ကွာဟမှုမရှိအောင်လုပ်ပေးရန်မှာ မလွဲမသွေဆောင်ရွက်မည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ကာ ယင်းသို့ လုပ်ဆောင်ရန်တည်ငြိမ်အေး ချမ်းရေးမှာအလွန်အရေးကြီးသဖြင့် အစိုးရသစ်တာဝန်ယူချိန်၌ တိုင်းပြည်ငြိမ်းချမ်းအောင်လုပ်မည်၊ ဖွံ့ဖြိုးတိုး တက်အောင်လုပ်မည်ဟု ပြောသည်။ " (၅)နှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင်အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်မယ်။ ရက်ပေါင်း(၁ဝဝ)အ တွင်းမှာငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေလုပ်ခဲ့တယ်။ ငြိမ်း ချမ်းရေးနဲ့ပတ်သတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှမထားဘူး။ ငြိမ်းချမ်းရေးအတွက်လာပြီးဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ အမှန်တကယ်ငြိမ်းချမ်းရေးလိုချင်ပါက ယနေ့ ငြိမ်း ချမ်းရေးလိုချင်လျင် ယနေ့ ရောက်လာမည်ဖြစ်ကာ ငြိမ်းချမ်းရေးမလိုချင်ရင်ပါက အကြောင်းပြ၍အချိန်...

မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံအဖြစ် တည်ဆောက်မည့် ရေရှည်မဟာဗျူဟာ ချမှတ်

စားရေရိက္ခာမူဝါဒကော်မရှင် (၁/၂၀၂၆) အစည်းအဝေးတွင် နိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က မူဝါဒဆိုင်ရာ လမ်းညွှန်ချက် (၉) ရပ်ကို ချမှတ်ခဲ့သည်။ မူဝါဒများအရ နိုင်ငံနှင့် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံမှုရရှိရေး၊ ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေး၊ အရည်အသွေးမြင့်၍ အထွက်နှုန်းကောင်းသော စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ရေးနှင့် ဂျုံ၊ ဆီထွက်သီးနှံများကို ပြည်တွင်းတွင် လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အဓိကဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် မွေးမြူရေးကဏ္ဍ အားကောင်းလာစေရေး၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် စက်မှုလယ်ယာစနစ်များ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရေး၊ သုတေသနလုပ်ငန်းများ...

လူသားချင်းစာနာမှုအကူအညီများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် MOFA ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စဉ်ဆက်မပြတ် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်နှင့် အကူအညီလိုအပ်နေသူများထံ ထိရောက်စွာရောက်ရှိစေရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြုသဘောဆောင်ပြီး နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိသည့် ကြားနေမူဝါဒဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက တိုက်တွန်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များအား ဇွန် ၂၆ ရက်က လက်ခံတွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို အမှန်တကယ်လိုအပ်သူများထံ ခွဲခြားမှုမရှိ ဖြန့်ဝေပေးနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071