Sunday, September 20, 2026

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ...

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း...

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026)...

ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင် တရားပွဲများ...

ရန်ကုန်၊ စက်တင်ဘာ ၂၀ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင်...
HomeCelebrities' Newsအစ်ကိုဖြိုးငွေစိုးကြောင့် အနုပညာလောကမှာ အခွင့်အလမ်းတွေ...

အစ်ကိုဖြိုးငွေစိုးကြောင့် အနုပညာလောကမှာ အခွင့်အလမ်းတွေ ရနေတာပါသီရိစိုး

ဖြိုးငွေစိုးရဲ့ ညီမဖြစ်သူ သီရိစိုးက Photo Model အဖြစ်ကနေ အနုပညာလောကထဲ ဝင်ရောက်ခဲ့သူဖြစ်ပြီး အခုဆိုရင် ဟိန်းဝေယံ၊ ညိမ်းသော်တို့ နဲ့လည်း ဇာတ်လမ်းတွဲ ရိုက်ကူးသွားဦးမှာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စလုပ်တဲ့အချိန်မှာတော့ အစ်ကိုဖြစ်သူက သဘောမကျခဲ့တာကြောင့် ခိုးလုပ်ခဲ့ရတယ်လို့ဆိုတဲ့ သီရိစိုးက –

”အမှန်အတိုင်းပြောရင် သူက အနုပညာအလုပ် မလုပ်စေချင်ဘူး။ ပထမဦးဆုံး MTV ရိုက်ကူးမယ်ဆိုပြီး ညီမကို လာခေါ်တယ်။ ကိုကြီးကိုပြောပြတဲ့အချိန်မှာ ဇာတ်ညွှန်းစာရွက်တွေကို ဆွဲဖြဲ၊ နံရံကိုလက်သီးနဲ့ထိုး၊ အကြီးအကျယ်တွေ သောင်းကျန်း။ အဖေတို့ကိုပါ မလုပ်ခိုင်းနဲ့ မလုပ်ရဘူးတဲ့။ ဘယ်သူကခေါ်တာလဲ ခေါ်တဲ့လူပါထိုးမယ် ကြိတ်မယ်တွေလုပ် တာ။ အဲဒါနဲ့ မလုပ်ရဲလို့ မလုပ်တော့ဘူး။ ၂ဝ၁၄ ခုနှစ်လောက်ကျတော့ မဂ္ဂဇင်းတွေက ဓာတ်ပုံတွေ ခေါ်ရိုက်တယ်။ ရှိုးလောက်တယ်။ အဓိကတော့ ကြော်ငြာတွေရိုက်တာများတယ်။ အစကတော့ ခိုးလုပ်တယ်။ နောက်တော့သွားတယ်။ ပြောတယ် မရဘူးဆိုတော့ နောက်ပိုင်းလိုက်ပို့ပေးတယ်။ လိုက် ကြိုပေးတယ်။ ဘယ်ဟာကကောင်းတယ်။ မကောင်းဘူးဆိုတာ ပြောပြတယ်။ သင်ပေး ပါတယ်” လို့ပြောပါတယ်။

သီရိစိုးဟာ အစ်ကိုဖြစ်သူ ဖြိုးငွေစိုးနဲ့ အသက်၈နှစ်ကွာပြီး ဘယ်အရာပဲလုပ်လုပ် အစ်ကိုဖြစ်သူကို ဖွင့်ဟတိုင်ပင်တတ်သူပါ။ အနုပညာလောကထဲ ဝင်တဲ့အခါမှာ ဖြိုးငွေစိုးရဲ့ ညီမဖြစ်တဲ့ အတွက် ချစ်ကြခင်ကြသလို အခွင့် အလမ်းတွေလည်း ပိုရခဲ့တယ်လို့ ဆိုပါတယ်။

”ကိုဖြိုးငွေစိုးရဲ့ ညီမ ဖြစ်တဲ့အတွက် ဒီလောက မှာ ယုတ်မာတာလည်း မခံ ခဲ့ရဖူးဘူး။ ကွက်ကျော်ရိုက် တာတို့၊ ကိုယ့်ကို မကောင်း ပြောတာတို့ တစ်ခါမှမခံခဲ့ရ ဖူးဘူး။ ဒါရိုက်တာတို့ မီးထိုး မှန်ထိုးစက်အဖွဲ့ကအစ ကိုဖြိုးရဲ့ ညီမဆိုပြီး ချစ်ကြတယ် ခင်ကြ တယ်။ လူတွေတအားများတဲ့ အသစ်တွေ ထဲကမှ ဒီလိုအခွင့်အရေး တွေရတယ်ဆိုတာ သူ့နာမည်နဲ့မကင်းပါဘူး။ ကိုယ့်ထက်အများကြီး အရည်အချင်း ရှိတဲ့သူတွေလည်းရှိမယ်။ လှတဲ့သူတွေလည်းရှိမယ်။ ဒီကြားထဲ မှာ တစ်ထောင့်တစ်နေရာကနေ အခွင့်အရေးလေးရတယ်ဆိုတာက ညီမအစ်ကိုရဲ့ပံ့ပိုးမှုက ၁ဝဝ% ပါပဲ။ သူက လက်ဆွဲပြီး ဒါ ကျွန်တော့်ညီမ ရိုက်ကူးပေးပါဆိုပြီး တစ်သက် လုံးမပြောဘူး။ သူခံယူထားတာက သူကိုယ် တိုင်လည်း ဒီအလုပ်ကိုလုပ်ချင်လို့ သုညကနေစလုပ်တယ်။ ညီမလည်း သုည ကနေစလုပ်ပဲ။ ဒါပေမဲ့ ညီမက သူ့နာမည်အောက်ကသွားတဲ့အတွက် အခွင့် အလမ်းတွေလည်း ပိုရပါတယ်” လို့ သီရိစိုးကပြောပြပါတယ်။

ခိုင်ဝေလွင်

Ads Space Available


Continue reading

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ ရွှေတံဆိပ်ဆွတ်ခူး

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s Singles အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောကစားသမား ခင်နှင်းဝေက ရှုံးပွဲမရှိ ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ခင်နှင်းဝေသည် အုပ်စုအဆင့်တွင် ပြိုင် ဘက်များကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီး သုံးပွဲကစား သုံးပွဲအနိုင်ဖြင့် အုပ်စုပထမနေရာရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် လက်ဘနွန်ကစားသမားနှင့် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင် ဒေသအများစု မိုးထစ်ချုန်းရွာမည်၊ ဒေသအချို့ မိုးကြီးနိုင်

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၀ ရက် နံနက် ၇ နာရီတွင် ထုတ်ပြန်သည်။ မိုးထစ်ချုန်းရွာနိုင်သည့် ဒေသများမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့်...

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး တက်ဂ်ဘော ကြေးတံဆိပ်ဆွတ်ခူး

ရန်ကုန်၊ စက်တင်ဘာ ၂၀ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘော အမျိုးသားတစ်ဦးချင်း (Men’s Singles) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား Saw Friday သည် ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ရရှိကာ ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ Saw Friday သည် ယနေ့ စက်တင်ဘာ ၂၀ ရက်က တတိယနေရာအတွက် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ဖိလစ်ပိုင်ကစားသမားကို ၁၂-၇ ရလဒ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071