ပေကျင်း၊ မေလ ၁၉ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ မကြာသေးမီက တရုတ်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် ဉာဏ်ရည်တု (AI) နည်းပညာနှင့် ပတ်သက်၍ အပြုသဘောဆောင်သော အမြင်ချင်းဖလှယ်မှုများ ပြုလုပ်ခဲ့ကြပြီး ယင်းကိစ္စရပ်အပေါ် နှစ်နိုင်ငံအစိုးရအချင်းချင်း ဆွေးနွေးပွဲကျင်းပသွားရန် သဘောတူညီခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျိခွန်း က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
တရုတ်နှင့် အမေရိကန်နိုင်ငံတို့သည် AI ကဏ္ဍတွင် ထိပ်တန်းဦးဆောင်နေသည့် အင်အားကြီးနှစ်နိုင်ငံဖြစ်ကြသည့်အလျောက် AI နည်းပညာသည် လူသားတို့၏ ယဉ်ကျေးမှုတိုးတက်မှုနှင့် နိုင်ငံတကာလူသားအဖွဲ့အစည်း၏ ဘုံကောင်းကျိုးကို ပိုမိုကောင်းမွန်စွာ အထောက်အကူပြုနိုင်စေရေးအတွက် AI ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် AI အုပ်ချုပ်မှုစနစ်ကို မြှင့်တင်ရန် နှစ်နိုင်ငံအတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကော့က နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြော ကြားခဲ့သည်။
Ref: ဆင်ဟွာ
