Monday, July 13, 2026

မိုးသည်းထန်စွာရွာသွန်း၍ ပုသိမ်-ကြံခင်းရထားလမ်းပိုင်း၌ အမြန်ရထားလမ်းချော်မှုဖြစ်ပွား

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်-ကြံခင်းရထားလမ်းပိုင်း၌ အမြန်ရထားလမ်းချော်ခဲ့မှု ယနေ့ ဇူလိုင် ၁၂ ရက်ညနေ ၄ နာရီ ၂၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်...

ဝယ်ယူပြီး စားအုန်းဆီကိုအသုံးမပြုဘဲ တစ်ဆင့်ပြန် လည်ရောင်းချသူများကိုစိစစ်အရေးယူနေ 

ဝယ်ယူထားသည့် စားအုန်းဆီကို အမှန်တကယ်အသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများအား စိစစ်အရေးယူလျက်ရှိသည်ဟု စားသုံးသူရေးရာဦးစီးဌာနမှ ဇူလိုင် ၁၁ ရက်က အသိပေးကြေညာခဲ့သည်။ ထို့ပြင် ပြည်ပမှတင်သွင်းသည့် စားအုန်းဆီကို ဇူလိုင်လအတွက်...

မြဝတီတွင် သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိ၊ နောက်...

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ သောင်ရင်း မြစ်ရေသည် ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ မြို့၏ စိုးရိမ်ရေမှတ်သို့...

နိုင်ငံခြားထုတ်ဖိနပ်များနှင့် စျေးကွက်ယှဉ်ပြိုင်နေရသည့် ပြည်တွင်းဖိနပ်ချုပ်လုပ်ငန်းများ

ပြည်တွင်းထုတ်ဖိနပ်စျေးကွက်အတွင်း နိုင်ငံခြားထုတ်ဖိနပ်များနှင့် ယှဉ်ပြိုင်နေရပြီး ပြည်တွင်းထုတ်ဖိနပ်များသည် ၂၅ ရာခိုင်နှုန်းခန့်သာစျေးကွက်အတွင်း လွှမ်းမိုးမှုရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကံညွန့်ကပြောသည်။ ယနေ့ ဇူလိုင် ၁၂ ရက်နေ့တွင်...
HomeMoviesအစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို...

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေး၌ MOFA ပြည်ထောင်စုဝန်ကြီး ပြောကြား

အစိုးရသစ်လက်ထက်၌ မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုး တက်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက အာဆီယံနိုင်ငံခြားရေးဝန် ကြီးများကြား အလွတ်သဘောအစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြား အလွတ်သ ဘောအစည်းအဝေးကို ဇူလိုင် ၁၂ ရက်က ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။

ရွေးကောက်ခံအစိုးရသစ်အနေဖြင့် နိုင်ငံတော်တာဝန် စတင်ယူချိန်မှစ၍ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပ ဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတို့အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အာဆီယံက AHA Centre မှတစ်ဆင့်ပေးအပ်သည့် လူ သားချင်းစာနာမှုအကူအညီများကို ခွဲခြားမှုမရှိဘဲဖြန့်ဝေပေးအပ်နေမှု၊ နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအပါအဝင် မြန်မာနိုင် ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်၌ “အာဆီယံထုတ်ပြန်ချက်(၅) ရပ်သည် အာဆီယံ၏အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအ နေနှင့် ကိုက်ညီမှုမရှိ၍ လိုအပ်သကဲ့သို့ သုံးသပ်ဆောင် ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအဖွဲ့ကိုတိုက် တွန်းကြောင်း”အရေးကြီးအဆိုကို လွှတ်တော်က ဇူလိုင် ၉ ရက်တွင်အတည်ပြုဆုံးဖြတ်ခဲ့သဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ရွေးကောက်ခံအစိုးရကအကောင်အ ထည်ဖော်ဆောင်ရန်တာဝန်ရှိသည်ဟုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏သိမ်မွေ့နက်နဲသည့် နိုင်ငံရေးအခြေအနေကိုနားလည်သဘောပေါက်ပြီး မြန်မာနိုင်ငံ၏ ပကတိ မြေပြင်အခြေအနေများနှင့် ကိုက်ညီသည့် အပြုသ ဘောဆောင်သော ရှုမြင်သုံးသပ်မှုများပြုလုပ်ကြရန်၊ အာဆီယံ၌ မြန်မာနိုင်ငံ၏မူလအခန်းကဏ္ဍနှင့် အခွင့်အ ရေးများ မကြာမီပြန်လည်ရရှိနိုင်မည်ဟုမျှော်လင့်ပြီး အာဆီယံနှင့်အဖြစ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်မည်ဟုလည်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများကလည်း အာဆီယံ၏ မြန်မာနိုင်ငံနှင့်ထိတွေ့ဆက်ဆံမှုတို့အပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးသည်းထန်စွာရွာသွန်း၍ ပုသိမ်-ကြံခင်းရထားလမ်းပိုင်း၌ အမြန်ရထားလမ်းချော်မှုဖြစ်ပွား

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်-ကြံခင်းရထားလမ်းပိုင်း၌ အမြန်ရထားလမ်းချော်ခဲ့မှု ယနေ့ ဇူလိုင် ၁၂ ရက်ညနေ ၄ နာရီ ၂၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုသိမ်မြို့ရှိ ပုသိမ် -ကြံခင်းသွားရထားလမ်းပိုင်းအတိုင်း ပုသိမ်မြို့ဘက်မှ ကြံခင်းမြို့ဘက်သို့မောင်းနှင်လာသောအမြန်ရထားသည် ရထားလမ်းမိုင်တိုင်အမှတ် ၁၈၇/၂ နှင့် ၁၈၇/၃ ကြားအရောက်ရထားဘီးသံလမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ပုသိမ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့်အတူ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝယ်ယူပြီး စားအုန်းဆီကိုအသုံးမပြုဘဲ တစ်ဆင့်ပြန် လည်ရောင်းချသူများကိုစိစစ်အရေးယူနေ 

ဝယ်ယူထားသည့် စားအုန်းဆီကို အမှန်တကယ်အသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများအား စိစစ်အရေးယူလျက်ရှိသည်ဟု စားသုံးသူရေးရာဦးစီးဌာနမှ ဇူလိုင် ၁၁ ရက်က အသိပေးကြေညာခဲ့သည်။ ထို့ပြင် ပြည်ပမှတင်သွင်းသည့် စားအုန်းဆီကို ဇူလိုင်လအတွက် ပြည်သူများထံဖြန့်ဖြူးရာ၌ တိုင်း/ပြည်နယ်အလိုက် လူဦးရေနှင့် စားသုံးမှုနှုန်းပေါ်မူတည်၍ ယခင်လများ၏ ဖြန့်ဖြူးမှုအပေါ်အခြေခံကာလျာထား ချက်အတိုင်းအပြည့်အဝရောက်ရှိစေရန် အသုတ်လိုက် ဖြန့်ခွဲပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။ ထို့ကြောင့် စားအုန်းဆီအား စားသုံးသူများထံအပြည့် အဝရောက်ရှိရေးအတွက် သက်ဆိုင်ရာဒေသများတွင်ဖွဲ့စည်းထားသော စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။ ထို့ပြင် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများထံ အပြည့်အဝရောက်ရှိစေရေးအတွက်လည်း စက်မှုလုပ်ငန်းသုံး စားအုန်းဆီထုတ်ယူရရှိရန် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ကဆောင်ရွက်ပေးလျက်ရှိကာ စက်မှုလုပ်ငန်းသုံးစားအုန်းဆီကိုလည်း အမှန်တကယ်လိုအပ်သည့်...

မြဝတီတွင် သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိ၊ နောက် ၁ ရက်အတွင်း ၂ ပေခန့် ထပ်မံမြင့်တက်နိုင်

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ သောင်ရင်း မြစ်ရေသည် ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ မြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ သောင်ရင်းမြစ်ရေသည် နောက် ၁ ရက်အတွင်း ၂ ပေခန့် ထပ်မံမြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သဖြင့် မြဝတီမြို့နယ်အတွင်း မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုနေထိုင်ကြရန် နှိုးဆော်ထားသည်။ ယင်းမတိုင်မီ ယနေ့ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတိုင်းထွာချက်များအရ မြဝတီမြို့တွင် သောင်ရင်းမြစ်ရေသည် ၈၇၁...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071