နှစ်စဉ်ကျင်းပနေကျဖြစ်သည့် အင်းလေးဖောင်တော်ဦး ဘုရားပွဲကို လာမည့် စက်တင်ဘာ (၂၂) ရက်မှ အောက်တိုဘာ (၉) ရက်အထိ ဒေသစာရီကြွချီ အပူဇော်ခံမည်ဖြစ်ကြောင်း အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို (၁၇) ရက် ကြာကျင်းပသွားမည်ဖြစ်ပြီး ဘုရားပွဲတော်အတွင်း ဖောင်တော်ဦးဘုရားများသည် အင်းတိန်ကျေးပေါခုံကျောင်း၊ အင်းတိန်စံကျောင်း၊ ဟဲယာရွာမ၊ ငါးဖယ်ချောင်း၊ ကြေးစား၊ ပွဲစားကုန်း၊ လင်းကင်း၊ ညောင်ရွှေ၊ နန်းသဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ ဇရပ်ကြီး၊ အလိုတော်ပေါက်၊ နန်းပန်ကျောင်း၊ မန်ကျည်းဆိပ်၊ ကျိုင်းခမ်း၊ မိုင်းပျိုး၊ နောင်တော၊ အင်းပေါခုံ၊ ရေသာ စသည့် (၂၁) ဌာနကို ကြွချီမည်ဖြစ်သည်။
ထို့ပြင် တိုင်းရင်းသားရိုးရာ အစဉ်အလာအတိုင်း ကျင်းပသွားမည်ဖြစ်ပြီး အင်းသားရိုးရာလှေပြိုင်ပွဲကိုလည်း ထည့် သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ငလျင်ကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့်အင်းလေးဖောင်တော်ဦး ရင်ပြင်တော်နှင့် ရတနာစံကျောင်းတော် အချို့အပါအဝင် ဒေသစာရီ ကြွချီချိန်တွင် အသုံးပြုသည့် က ရဝိတ်ဖော်တော် ထိခို-က်ပျ-က်စီးမှုများရှိခဲ့သည့်အတွက် ဘုရားပွဲတော်ကာလအမီ ပြုပြင်မွမ်းမံတဲ့လုပ်ငန်းများဆောင်ရွက်နေကြောင်း သိရသည်။
