Thursday, May 7, 2026

မန္တလေး-မြစ်ကြီးနား ကားလမ်းကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ကာ...

မန္တလေးမြို့နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားအထိဖောက်လုပ်ထားသည့် မန္တလေး-မြစ်ကြီးနား ကားလမ်းကိုတပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကာ ကုန်စည်စီးဆင်းရေးအတွက် လမ်းပိုင်းပြန်ပွင့်ပြီ ဖြစ်ကြောင်း သိရသည်။ နိုင်ငံပိုင်သတင်းစာမှ တဆင့် သိရခြင်း ဖြစ်ပြီး...

မော်လိုက်မြို့တွင် နိုင်ငံသားကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့ မြို့မ(၁)ရက်ကွက် သရက်ကုန်းဓမ္မာရုံတွင် မေလ(၆)ရက်၊နံနက်(၉)နာရီက ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို ဦးစားပေးအနေဖြင့်လည်းကောင်း၊ အသက်...

အီရန်နိုင်ငံအပေါ် ဆင်နွှဲသည့် “Operation Epic...

အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းဆင်နွှဲခဲ့သည့် "Operation Epic Fury" စစ်ဆင်ရေးသည် ၎င်း၏ ရည်မှန်းချက်များ အောင်မြင်ခဲ့ပြီဖြစ်သောကြောင့် ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့်...

ကုန်ဈေးနှုန်းတည်ငြိမ်စေရန် သဘာဝဓာတ်ငွေ့ရည် (LNG)၊ ဒီဇယ်ဆီနှင့်...

ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များအပေါ် သက်ရောက်မှုကို လျှော့ချနိုင်ရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အရေးပါသည့် သွင်းကုန်ပစ္စည်း ၃ မျိုးအပေါ်...
HomeNewsLocal Newsအင်းစိန်ဆေးဝါးစက်ရုံတွင် ဆေးအမျိုးအစား ၁၉၀...

အင်းစိန်ဆေးဝါးစက်ရုံတွင် ဆေးအမျိုးအစား ၁၉၀ ထုတ်လုပ်နေ

ကမ္ဘာ့ကျန်းမားရေးအဖွဲ့၏ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ခြင်းဖြစ်

ရန်ကုန်တိုင်းဒေသကြီး ဆေးဝါးစက်ရုံ(အင်းစိန်) တွင် ပြည်သူများအတွက်လိုအပ်သည့် အခြေခံအကျဆုံးဆေးဝါးအုပ်စု ၁၁ခု ဆေးအမျိုးအစားပေါင်း ၁၉၀ ကို ထုတ်လုပ်ပေးနေကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့အချိန်အထိ BPI အမှတ် တံဆိပ်၏ ကျော်ဇောမှုနှင့် အရည်အသွေးကို ထိန်းသိမ်းထားနိုင်သည့်အတွက် များစွာဂုဏ်ယူကြောင်းလည်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင် ကပြောသည်။

ယမန်နေ့ က ဆေးဝါးစက်ရုံ(အင်းစိန်)ကို သွားရောက်စဉ် ဒုတိယဝန်ကြီး ဦးသွင်အောင် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ထိုကြောင့် အင်းစိန်ဆေးဝါးစက်ရုံအနေဖြင့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ပိုမိုတိုးတက်အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရုံတွင် မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေးဌာနတွင် မြွေဆိပ်ဖြေဆေး အေးခဲခြောက်များ ထုတ်လုပ်နေမှု၊ အရည်အသွေးထိန်းသိမ်းရေးဌာနတွင် အရည်အသွေးတိုင်းတာစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး-မြစ်ကြီးနား ကားလမ်းကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ကာ လမ်းပိုင်းပြန်ပွင့်ပြီ

မန္တလေးမြို့နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားအထိဖောက်လုပ်ထားသည့် မန္တလေး-မြစ်ကြီးနား ကားလမ်းကိုတပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကာ ကုန်စည်စီးဆင်းရေးအတွက် လမ်းပိုင်းပြန်ပွင့်ပြီ ဖြစ်ကြောင်း သိရသည်။ နိုင်ငံပိုင်သတင်းစာမှ တဆင့် သိရခြင်း ဖြစ်ပြီး ယင်းလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ဆင်ရေးကာလ ၁ နှစ်နှင့် ၃ လကျော် ကြာပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းဖြစ်သည့် လမ်းပေါ်၌ မတ္တရာ၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်နှင့် မော်လူးတို့ကို မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် လမ်းပိုင်း ပြန်ပွင့်ခဲ့ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် ကုန်စျေးနှုန်းကြီးမြင့်နေသော မြစ်ကြီးနားမြို့တွင် အထိုက်အလျောက် ကုန်စျေးနှုန်းများ...

မော်လိုက်မြို့တွင် နိုင်ငံသားကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့ မြို့မ(၁)ရက်ကွက် သရက်ကုန်းဓမ္မာရုံတွင် မေလ(၆)ရက်၊နံနက်(၉)နာရီက ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို ဦးစားပေးအနေဖြင့်လည်းကောင်း၊ အသက် (၁၀) နှစ်မှ (၁၈)နှစ်အထိ လဲလှယ်သူများ၊ ပျောက်ဆုံးပျက်ဆီးသူများကိုလည်းကောင်း၊ ဓာတ်ပုံရို-က်ခြင်း၊ သွေးစစ်ခြင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်/မြို့နယ်ဦးစီးမှူးရုံး၊ ကျန်းမာရေးဌာနနှင့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့က ပူးပေါင်း၍ One stop service ဖြင့်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်နေမှုများကို မော်လိုက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်၊...

အီရန်နိုင်ငံအပေါ် ဆင်နွှဲသည့် “Operation Epic Fury” စစ်ဆင်ရေး ပြီးဆုံးပြီဟု စစ်ပွဲ ၆၇ ရက်မြောက်နေ့တွင်မာကို ရူဘီယို ပြောကြား

အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းဆင်နွှဲခဲ့သည့် "Operation Epic Fury" စစ်ဆင်ရေးသည် ၎င်း၏ ရည်မှန်းချက်များ အောင်မြင်ခဲ့ပြီဖြစ်သောကြောင့် ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် Project Freedom ကိုသာ အာရုံစိုက်တော့မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို င်္က အင်္ဂါနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ အဆိုပါစစ်ဆင်ရေးမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စတင်ခဲ့ပြီး ဒေသတွင်း ပဋိပက္ခများကို ဖြစ်ပွားစေခဲ့ခြင်းဖြစ်သည်။ ဝါရှင်တန်အနေဖြင့် ယခုအခါတွင် "ငြိမ်းချမ်းရေးလမ်းစဉ်" ကိုသာ ပိုမိုလိုလားကြောင်း ရူဘီယိုက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071