အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ယနေ့ စက် တင်ဘာ ၄ ရက်နံနက်အစောပိုင်းက ကလေးဝမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။
ယနေ့ နံနက်အစောပိုင်း ၁ နာရီ ၁၁ မိနစ် ၃၃ စက္ကန့်က ကလေးဝမြို့၏ အရှေ့-အရှေ့တောင်ဘက်(၁၉)မိုင်ခန့် အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့ (၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
