Home News Local News အင်ဒိုနီးရှားသမ္မတ မြောက်ကိုရီးယားသွားမည်

အင်ဒိုနီးရှားသမ္မတ မြောက်ကိုရီးယားသွားမည်

0
85

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနိုင်ငံကိုသွားရောက်၍ ဆွေးနွေးပွဲ စတင်အထမြောက်စေရန် ဆောင်ရွက်ပေးနိုင်မည်လားဟု မိမိကို မေးခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြောကြားခဲ့ပြီး သူ သွားရောက်မည်ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။
       
အင်ဒိုနီးရှား ကုန်သည်ကြီးများအသင်းနှင့် တွေ့ဆုံစဉ် ပရာဘိုဝိုက ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
       
အင်ဒိုနီးရှားသည် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအားလုံးနှင့် တန်းတူညီမျှ ကောင်းမွန်သော ဆက်ဆံရေးထားရှိကြောင်း ပရာဘိုဝိုက ပြောကြားရင်း ဧပြီလအတွင်း ဆိုးလ်သို့ နောက်ဆုံးအကြိမ်သွားရောက်ခဲ့စဉ် သူ့ကို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
     
အင်ဒိုနီးရှားကို အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် စိတ်မဝင်စားဟု အများက ရှုမြင် ထားကြပြီး မိမိတို့သည် ထိုအချက်ကို ခိုင်မာစွာ ကိုင်စွဲထားသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
        
တောင်ကိုရီးယားသည် ဆိုးလ်နှင့် ပြုံယမ်းနှစ်ဖက်စလုံးနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးရှိသော အင်ဒိုနီးရှားနှင့် အခြားနိုင်ငံများအနေဖြင့် ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို မြှင့်တင်ရာ၌ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းနှင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများကို ဆက်လက်ရှာဖွေနေကြောင်း လီ၏ ရုံးက ပြောကြားခဲ့သည်။
       
အင်ဒိုနီးရှားသည် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည့် အစဉ်အလာရှိသည်။
    
လီနှင့် ပရာဘိုဝိုတို့သည် ဧပြီလအစည်းအဝေးအတွင်း စွမ်းအင်ဖူလုံရေးကို ဆွေးနွေးခဲ့ပြီး ကာကွယ်ရေးကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် သဘောတူခဲ့ကြသည်။
      
ပြီးခဲ့သည့်နှစ်တွင် ရာထူးတာဝန်ထမ်းဆောင်ချိန်မှစကာ လီသည် ပြုံယမ်းနှင့် တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းနေခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် တောင်ကိုရီးယားကို ရန်လိုသော နိုင်ငံအဖြစ် ကြေညာခဲ့သော မြောက်ကိုရီးယားက တွေ့ဆုံဆွေးနွေးရန် အကြိမ်ကြိမ်ကမ်းလှမ်းမှုများကို ပယ်ချခဲ့သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here