အင်ဒိုနီးရှားနိုင်ငံ၊ တန်ဂီရန်မြို့ရှိ Indonesia Convention Exhibition (ICE) BSD တွင် လာမည့် အောက်တိုဘာ ၁၄ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံးနိုင်ငံတကာကုန်သွယ်မှုပြပွဲဖြစ်သည့် (၄၁)ကြိမ်မြောက် Indonesia Trade Expo (TEI) 2026 တွင်ပါဝင်ပြသရန် မြန်မာစီး ပွားရေးလုပ်ငန်းရှင်များကိုဖိတ်ခေါ်ခဲ့သည်။
အဆိုပါ ပြပွဲနှင့်ပတ်သက်၍ အသိပညာဖြန့်ဝေခြင်းကို ယနေ့ ဇူလိုင် ၂၃ ရက်က မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံး၌ပြုလုပ်ရာ အင်ဒိုနီးရှားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များက “The Ultimate Hub for Global Sourcing”ဆောင်ပုဒ်ဖြင့်ကျင်းပမည့် Indonesia Trade Expo (TEI) 2026 ၏အကြောင်းအ ရာများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ပြပွဲ၌ပါဝင်ပြသမည့် အဓိကကုန်သွယ်ရေးက ဏ္ဍများ၊ ဝယ်ယူသူများမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များ၊ Business Matching အစီအစဉ်များ၊ စီးပွားရေးဖိုရမ်များ၊ အကြံပေးဆွေးနွေးမှုများနှင့် ကုန်သွယ်ရေးပူး ပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်မည့်အခွင့်အလမ်းများကိုလည်း မိတ်ဆက်ပြောကြားခဲ့ကြသည်။
ထို့အတူ အင်ဒိုနီးရှားသံရုံးမှလည်း အင်ဒိုနီးရှား-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆက်ဆံမှုများပိုမိုတိုးတက်ခိုင်မာစေရန် ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည်ဟုအတည်ပြုပြောကြားခဲ့ကာ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များကြား မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်ဖော်ဆောင်ခြင်းနှင့် မြန်မာဝယ်ယူသူများ၏ TEI 2026 တွင်ပါဝင်မှုကိုအားပေးမြှင့်တင်သွားမည်ဟု ပြောကြားခဲ့သည်။
ကုန်သွယ်ရေး၊ ထုတ်လုပ်မှု၊ ကျန်းမာရေးဝန်ဆောင်မှု၊ အစားအသောက်နှင့် အဖျော်ယမကာ၊ စိုက်ပျိုးရေး၊ ပ ရိဘောဂနှင့် သွင်းကုန်လုပ်ငန်းများအပါအဝင် စီးပွား ရေးကဏ္ဍအသီးသီးမှ မြန်မာစီးပွားရေးလုပ်ငန်းရှင်များကလည်း အင်ဒိုနီးရှားနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ ပို့ကုန်ထုတ်ကုန်များ၊ TEI 2026 တွင် Buyer အဖြစ်ပါဝင်နိုင်ရေးအ တွက်လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
