အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမတြားပြည်နယ်တစ်ဝန်းတွင် ရက်သတ္တတစ်ပတ်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုပြီး မြေပြိုကာ လူ ၃၁ ဦးထက်မနည်း ေ-သဆုံးခဲ့သည်ဟု အာဏာပိုင်များက သောကြာနေ့တွင် ပြောကြားခဲ့သည်။
သဘာဝဘေးသည် Midan မှသည် Sibolangit၊ Sayur နှင့် Matinggi ကဲ့သို့ ကျေးလက်ဧရိယာများပါဝင်သော ခရိုင်လေးခုတွင် ကြုံတွေ့ခဲ့ရပြီး ယင်းဒေသများတွင် မြေပြိုကာ လမ်းများပိတ်ဆို့ကုန်သည့်အတွက် အဆက်အသွယ်များ ဆိုးဝါးစွာ ပြတ်တောက်ခဲ့သည်ဟု အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအေဂျင်စီက ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် လမ်းကြောင်းပြန်ပွင့်ရန်နှင့် ပျောက်ဆုံးနေသူများကို ရှာဖွေနိုင်ရေးအတွက် အန္တရာယ်များသော အခြေအနေများဖြင့် အလုပ်လုပ်နေရစဉ် ရေဘေးရှောင်သူများကို ထားရှိမည့် ယာယီအမိုးအကာများရရှိမှုသည် မလုံမလောက်ဖြစ် နေသည်။
မြောက်ဆူမားတြား၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ အကြီးအကဲ Tuahta Ramajaya Saragih က သဘာဝဘေးဆိုင်ရာ အရေးပေါ်အခြေအနေကြေညာပေးရန် ပြည်နယ်အုပ်ချုပ်ရေးမှူးထံ အေဂျင်စီက တင်ပြန်တောင်းဆိုထားသည်ဟု ပြောဆိုသည်။
ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကို ဆက်လက်ရင်ဆိုင်နေရပြီး အနည်းဆုံး ဒီဇင်ဘာလအစောပိုင်းအထိ သဘာဝဘေးများကို ထပ်ရင်ဆိုင်ရနိုင်သည့် အခြေအနေရှိနေသည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ပြေဆိုခဲ့သည်။
ဗုဒ္ဓဟူးနေ့က Medan မြို့မှ Berastagi မြို့သို့သွားရာ လမ်းကြောင်းတွင် မြေပြိုမှုဖြစ်ပွားခဲ့သောကြောင့် ချောက်ကမ်းပါးအခြေသို့ ကျသွားခဲ့သည့် ကားသုံးစီးနှင့် ကမ္ဘာလှည့်ခရီးသွားဘတ်စ်တစ်စီးတို့မှ အသက်ရှင်ဖွယ်ရှိသူများကို သောကြာနေ့တွင် ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမားများက ဆက်လက်ရှာဖွေခဲ့ကြသည်။
သစ်ပင်များ၊ ရွှံ့များနှင့် ကျောက်တုံးကျောက်ခဲများအောက်ရောက်သွားသည့် ဘတ်စ်ကားထဲမှ အလေ-ာင်းများကို ထပ်မံတွေ့ရှိနေသဖြင့် ယင်းမြေပြိုမှုဖြစ်စဉ်တွင် ေ-သဆုံးဦးရေသည် ၇ ဦးမှ ၉ ဦးအထိ ရှိလာခဲ့သည်ဟု သောကြာနေ့တွင် တာဝန်ရှိသူများက ပြောဆိုခဲ့သည်။
Ref: ဒီဒဗလျူ
