Sunday, September 6, 2026

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်ကြီး(၃)ခုအကြောင်းကို မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်ကြီး(၃)ခုအကြောင်းကို မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယ နေ့ စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်၌ပြောကြားခဲ့သည်။ ဗီယက်နမ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင်...

ဗီယက်နမ်နိုင်ငံမှလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌လာရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

ဗီယက်နမ်နိုင်ငံမှလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌လာရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင် ဟနွိုင်းမြို့၌ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီး ပွားရေးဖိုရမ်တွင်...

Mytel Myanmar လုပ်ငန်းသည် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား...

Mytel Myanmar လုပ်ငန်းသည် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၏စံနမူနာကောင်းတစ်ခုဖြစ်သည်ဟု မြန် မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက် တင်ဘာ...

အာရှလမ်းမကြီး၏ ကွမ်းခြံကွေ့အနီးရှိ “နဘယသုခ” စေတီတော်အား...

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်သွားကားလမ်း၏ ကွမ်းခြံကွေ့ရှိ "နဘယသုခ"စေတီတော်အား ပြန်လည်ပြုပြင်မွမ်းမံ၍ ရွှေထီးတော်အသစ်ပြန်လည်တင်လှူပူ​ဇော်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ စက်တင်ဘာ ၆...
HomeMoviesအင်ဒိုနီရှားတွင်မီးတောင်ပေါက်ကွဲမှုကြောင့် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်း

အင်ဒိုနီရှားတွင်မီးတောင်ပေါက်ကွဲမှုကြောင့် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်း

အင်ဒိုနီးရှားနိုင်ငံတွင် အာနက်ကရာကာတော မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ပြာများထွက်နေသဖြင့် ဆူကာနို-ဟတ်တာ နိုင်ငံတကာလေဆိပ်၏ လေယာဉ်ခရီးစဉ်များကို နာရီများစွာ ရပ်ဆိုင်းထားရကြောင်း ဂျကာတာ၏ အဓိကလေဆိပ်က အင်စတာဂရမ်တွင် ပို့စ်တင်ထုတ်ပြန်ခဲ့သည်။
         
ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲမှ စတင်ရပ်ဆိုင်းထားမှုကို နောက်တစ်နေ့ နံနက် ၅ နာရီခွဲအထိ တိုးချဲ့ထားခြင်းကြောင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအပါအဝင် လေယာဉ်ခရီးစဉ် ၂၀၉ ခုကို ထိရောက်ခဲ့ကြောင်း အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
         
အာနက်ကရာကာတောမီးတောင်သည် သောကြာနေ့နှောင်းပိုင်းမှစ၍ ပေါက်ကွဲနေခဲ့ကာ တနင်္ဂနွေနေ့နံနက်ပိုင်းတွင် လေဆိပ်၌ မီးတောင်ပြာများကျရောက်မှုရှိခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
         
မီးတောင်ပြာများ ပျံ့နှံ့နေခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်ရှိ လမ်ပန်ပြည်နယ်နှင့် ဂျာဗားကျွန်းပေါ်ရှိ ဘန်တန်ပြည်နယ်တို့တွင် နေ့စဉ်လှုပ်ရှားသွားလာမှုများကို အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးလျှော့ချရေးအေဂျင်စီ (BNPB) ၏ ပြောရေးဆိုခွင့်ရှိသူ ဘာတန် ပန်ဂျေတန်က ပြောကြားခဲ့သည်။
      
ပြည်သူလူထုအနေဖြင့် စိတ်အေးအေးထားကြရန်နှင့် ပိုမိုနိုးနိုးကြားကြားရှိကြရန် BNPB က တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
     
စနေနေ့တွင် စာသင်ကျောင်းအတော်များများကို ပိတ်ခဲ့ပြီး မီးတောင်ပြာများကြောင့် ကျောင်းသားများနှင့် ဒေသခံများ မျက်လုံးယားယံသည့် ဝေဒနာခံစားခဲ့ရပြီး မီးတောင်ပေါက်ကွဲမှုကြောင့် ငါးဖမ်းသမားများသည် ၎င်းတို့၏ ငါးဖမ်းခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြောင်း ဒေသခံမီဒီယာ Kompas က ဖော်ပြခဲ့သည်။
      
မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဆူနာမီရေလှိုင်းများဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်မရှိကြောင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီက စနေနေ့တွင် ပြောကြားခဲ့သည်။

Ref: အေဘီစီနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်ကြီး(၃)ခုအကြောင်းကို မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားခဲ့

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်ကြီး(၃)ခုအကြောင်းကို မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယ နေ့ စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်၌ပြောကြားခဲ့သည်။ ဗီယက်နမ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များတွင်သာမက လယ်ယာပေါင်းစည်းဇုန်များနှင့် စက် မှုစီမံကိန်းများကိုလည်း ထူထောင်ဆောင်ရွက်နိုင်​သည်ဟု ပြောသည်။ မြန်မာနိုင်ငံတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အ ထူးစီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန်နှင့် ထား ဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ဟူ၍ အ ထူးစီးပွားရေးဇုန်ကြီး(၃)ခုရှိပြီး သီလဝါစီးပွားရေးဇုန်သည် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံများ (GMS Economic Corridors)အနက် အရှေ့-အနောက် စီးပွား ရေးစင်္ကြံ...

ဗီယက်နမ်နိုင်ငံမှလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌လာရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖိတ်ခေါ်

ဗီယက်နမ်နိုင်ငံမှလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌လာရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင် ဟနွိုင်းမြို့၌ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီး ပွားရေးဖိုရမ်တွင် ဖိတ်ခေါ်ခဲ့သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် တရုတ်၊ အိန္ဒိယ၊ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အိန္ဒိယ သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးနိုင်သည့် အချက်အချာနေရာတွင်ရှိပြီး စိုက်ပျိုးဖြစ်ထွန်းသည့် မြေဧရိယာများစွာရှိကာ သဘာဝသယံဇာတများ၊ ရေချိုနှင့် ရေငန်သ ဘာဝအရင်းအမြစ်များပေါကြွယ်ဝသည်ဟု ပြော သည်။ ထို့ပြင် ပူအိုက်စွတ်စိုသည့် ရာသီဥတုရှိ၍ တစ်နှစ်ပတ် လုံးစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်သဖြင့် ဗီ ယက်နမ်နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် ဒေသတွင်း...

Mytel Myanmar လုပ်ငန်းသည် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၏စံနမူနာကောင်းတစ်ခုဖြစ်ဟု မြန်မာနိုင် ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော

Mytel Myanmar လုပ်ငန်းသည် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၏စံနမူနာကောင်းတစ်ခုဖြစ်သည်ဟု မြန် မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက် တင်ဘာ ၆ ရက်နံနက်ပိုင်းတွင် ဟနွိုင်းမြို့၌ကျင်းပသည့် "မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်"တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသည့် ကုန် သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် စားသောက်ကုန်များကို ဗီ ယက်နမ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချပြီး ဗီယက်နမ်နိုင်ငံမှ ဓာတ်မြေဩဇာ၊ ပလတ်စတစ်ထုတ်ကုန်များ၊ မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ၊ သံမဏိထုတ်ကုန်များကို အဓိကတင်သွင်းလျက်ရှိ​သည်ဟု ပြောသည်။ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071