Friday, May 1, 2026

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာသည့် အိန္ဒိယရေတပ်ဦးစီးချုပ်

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ...

ရန်ကုန် – မန္တလေး လမ်းပိုင်းတွင်...

ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း အဆိုပါ DEMU ရထားတွဲဆိုင်းများ စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ (မေလ ၁ ရက်) နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့သည်။...
HomeNewsFootballအင်ဒို-မြန်မာပွဲစဉ်အတွင်း အခွင့်အရေးကောင်းများရရှိခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်သည့်အတွက်...

အင်ဒို-မြန်မာပွဲစဉ်အတွင်း အခွင့်အရေးကောင်းများရရှိခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်သည့်အတွက် ရှူံးနိမ့်ခြင်းဖြစ်ဟု ဦးမျိုးလှိုင်ဝင်းပြော

ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲ အင်ဒိုနီးရှား-မြန်မာ အဖွင့်ပွဲစဉ်အတွင်း အခွင့်အရေးကောင်းများရရှိခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်သည့်အတွက် ရှူံးနိမ့်ခြင်းဖြစ်သည်ဟု မြန်မာအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပွဲပြီး သတင်းစာရှင်းလင်းပွဲအတွင်းပြောကြားခဲ့သည်။

ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ၊သုဝဏ္ဏကွင်းအတွင်း ယှဉ်ပြိုင်ကစားကြသည့် အင်ဒို-မြန်မာပွဲစဉ်အတွင်း ပထမပိုင်းပွဲချိန် ပြီးဆုံးသည်အထိ နှစ်ဖက်အသင်း ဂိုးသွင်းယူနိုင်ခြင်းမရှိကြဘဲ ၊ ဒုတိယပိုင်းပွဲ့ချိန်အတွင်းမှသာ အင်ဒိုနီးရှားအသင်းက တစ်ဂိုးသွင်းယူ၍ ရမှတ် (၃)မှတ် ရရှိခဲ့ခြင်းဖြစ်သည်။

“ပထမပိုင်းမှာလည်း အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ဘူး။ အသင်းအနေနဲ့ ကံမကောင်းခဲ့ဘဲ ရသင့်တဲ့ဂိုးတွေ မရခဲ့ပါဘူး။ဘောလုံးမှာ ဘယ်အသင်းမဆို ရသင့်တဲ့ဂိုးတွေမရရင် မရှုံးသင့်ဘဲ ရှုံးရတဲ့ပွဲတွေ ရှိပါတယ်။ အရန်လူအင်အားပိုင်းမှာ အင်ဒိုနီးရှားက ကျွန်တော်တို့ထက်သာပါတယ်။ အဖွင့်ပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် ဖိလစ်ပိုင်အသင်းနဲ့ပွဲအတွက် သေချာလေး ပြင်ဆင်သွားမှာပါ”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ကစားသမားများကို နှစ်ရက်အတွင်း Recovery ဖြစ်အောင်ပြန်လုပ်၍ အုပ်စုအဆင့် တက်ရောက်နိုင်ရေးအတွက် လာမယ့် ဖိလစ်ပိုင်ပွဲစဥ်၌ အမှတ်ရရှိအောင် ကစားသွားမည်ဟုဆိုသည်။

ပြိုင်ပွဲအတွင်း ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှား ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ကမ္ဘော ဒီးယား၊ လာအိုနှင့် တီမောအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော နိုင်ငံတော်အလုပ်သမားနေ့၌ ၎င်း၏ လုပ်သားအင်အားဆိုင်ရာ မဟာဗျူဟာကို ဖွဲ့စည်းပုံဆိုင်ရာ၌ အကြီးအကျယ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ဒ်ချနန် ဝေါင်ဆာဝတ်က ၎င်း၏ မိန့်ခွန်းတွင် နိုင်ငံ့လုပ်သားအင်အားအတွက် အန္တရာယ်နှစ်ရပ်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ယင်းတို့မှာ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ထောက်ပံ့ရေးကွင်းဆက် မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသော ပြင်ပစီးပွားရေး ဖိအားများဖြစ်ပြီး ယင်းနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန် သောကြာနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ Milli Majlis ဟု သိကြသော ပါလီမန်သည် ဥရောပပါလီမန်နှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ရန်နှင့် အီးယူ-အဇာဘိုင်ဂျန် ပါလီမန်ချင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွင် ပါဝင်မှုကို အဆုံးသတ်ရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုသည်။ နွေဦးကာလ ပါလီမန်အစည်းအဝေး ဖွင့်လှစ်ချိန်တွင် ပါလီမန် ဥက္ကဋ္ဌ ဆာဟီဘာ ဂါဖာရိုဗာ က ဥရောပပါလီမန်၏...

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိလာသည့် အိန္ဒိယရေတပ်ဦးစီးချုပ်

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ ၁ ရက်ညနေပိုင်းက ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိလာခဲ့သည်။ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်လေဆိပ်၌ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ရွှေတိ ဂုံစေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုပြီး မြန်မာ နိုင်ငံ၌ မေ ၆ ရက်အထိနေထိုင်၍ အထင်ကရနေရာများကိုလေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံရေတပ်ဆိုင်ရာချစ် ကြည်ရေးခရီးစဉ်များဆောင်ရွက်ခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071