Thursday, June 25, 2026

မြန်မာအမျိုးသမီးလိဂ် Week-2 အကောင်းဆုံးကစားသမား (၅)...

မြန်မာအမျိုးသမီးလိဂ် (Myanmar Women's League 2026–27) Week-2 ပွဲစဉ်များအပြီးတွင် အကောင်းဆုံးကစားသမား (Best XI) အဖြစ် ရွေးချယ်ခံရသည့် ကစားသမား...

ပတ္တရားကမ်းလွန် အပျော်စီးသင်္ဘောပေါ်၌ ဓာတ်လိုက်ကာ ပင်လယ်ထဲပြုတ်ကျခဲ့သည့်...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ အပျော်စီးသင်္ဘောတစ်စင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးသည် လုပ်ငန်းခွင်အတွင်း ဓာတ်လိုက်ပြီး ပင်လယ်ထဲသို့ ပြုတ်ကျခဲ့သဖြင့် ဆေးရုံအထူးကြပ်မတ်ကုသဆောင် (ICU) တွင် ကုသမှုခံယူနေရကြောင်း...

ကလေး–သိုင်းငင်း–တီးတိန်လမ်းပိုင်းနှင့် တီးတိန်မြို့ရှိ စာသင်ကျောင်းများကို ဆောက်လုပ်ရေးဒုတိယဝန်ကြီး...

ချင်းပြည်နယ်အတွင်းရှိ ကလေး–သိုင်းငင်း–တီးတိန် လမ်းပိုင်း၏ လမ်းအခြေအနေနှင့် တီးတိန်မြို့ရှိ စာသင်ကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၂၅ ရက်တွင်...

တနင်္သာရီတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများခန့်အပ်တာဝန်ပေး

တနင်္သာရီတိုင်းတရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ဒေါ်အေးအေးသန်း၊ တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်ထွေးထွေးတို့အား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇွန် ၂၅ ရက်တွင်ထုတ်ပြန်ခဲ့သည်။ အမိန့်အမှတ် ၅၈ /၂၀၂၆ ဖြင့်...
HomeNewsLocal Newsအခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို...

အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်းအခွန်ဆောင်ရန်အသိပေး

၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်း အခွန်ဆောင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှုအပေါ် ပေးဆောင်ရမည့် အခွန်ပေးဆောင်ခြင်းမရှိပါက လိုင်စင်ပယ်ဖျက်ကာ အမည်မည်းစာရင်းသွင်းမည်ဖြစ်ကြောင်း မေလ (၁၇) ရက် က ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။

လက်ရှိတွင် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ (၂၈)ခုကို သတ်မှတ်ရက်အတွင်း အခွန်မဆောင်ပါက အမည်မည်းစာရင်းသွင်းမည်ဖြစ်ကြောင်း အသိပေးထားသည်။

အလုပ်သမားဝန်ကြီးဌာန၏ ကြေညာချက်အရ အမည်စာရင်းပါရှိသည့်ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ (၂၈) ခုအနေဖြင့်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အခွန်များကို မေလ (၃၁) ရက်မတိုင်မီ သက်ဆိုင်ရာမြို့ နယ်အခွန်ရုံးများတွင် အခွန်စည်းကြပ်မှုခံယူပြီး အချိန်မီတင်ပြကြရန်လိုကြောင်း ဖော်ပြထားသည်။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွက် အေဂျင်စီများက နိုင်ငံအလိုက် အလုပ်သမားစေလွှတ်ခဲ့မှုအပေါ် သက်ဆိုင်ရာမြို့ နယ်အခွန်ရုံးများတွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လနောက်ဆုံးထားပြီး အခွန်စည်းကြပ်မှုခံယူပြီး ပြန်လည်တင်ပြကြရန် ၂၀၂၄ ခုနှစ် ဇွန်လ (၇) ရက်၌ အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအမျိုးသမီးလိဂ် Week-2 အကောင်းဆုံးကစားသမား (၅) ဦး ရွေးချယ်ခံရ၊ ဇင်မိုးပြည့် နှစ်ပတ်ဆက်တိုက် ပါဝင်

မြန်မာအမျိုးသမီးလိဂ် (Myanmar Women's League 2026–27) Week-2 ပွဲစဉ်များအပြီးတွင် အကောင်းဆုံးကစားသမား (Best XI) အဖြစ် ရွေးချယ်ခံရသည့် ကစားသမား (၅) ဦးကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ရွေးချယ်ခံရသည့် ကစားသမားများမှာ ရတနာပုံအသင်းမှ တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း၊ ဧရာဝတီအမျိုးသမီး FC မှ စန်းသော်သော်၊ ရန်ကုန်ယူနိုက်တက် FC မှ ဇင်မိုးပြည့်၊ ISPE FC မှ မီမီဇင်နှင့် သစ္စာအားမာန်အသင်းမှ ဝင်းဝင်းတို့ ဖြစ်ကြသည်။ Week-2 ပွဲစဉ်များအတွင်း ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သည့်...

ပတ္တရားကမ်းလွန် အပျော်စီးသင်္ဘောပေါ်၌ ဓာတ်လိုက်ကာ ပင်လယ်ထဲပြုတ်ကျခဲ့သည့် မြန်မာအလုပ်သမား ICU တွင် ကုသမှုခံယူနေရ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ အပျော်စီးသင်္ဘောတစ်စင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးသည် လုပ်ငန်းခွင်အတွင်း ဓာတ်လိုက်ပြီး ပင်လယ်ထဲသို့ ပြုတ်ကျခဲ့သဖြင့် ဆေးရုံအထူးကြပ်မတ်ကုသဆောင် (ICU) တွင် ကုသမှုခံယူနေရကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးမှ သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၁၇ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာအလုပ်သမား ဦးသွင်ကိုကိုဦးသည် သင်္ဘောပေါ်ရှိ မီးသီးများကို ဖြုတ်ချနေစဉ် လှိုင်းရို-က်ခတ်မှုကြောင့် လျှပ်စစ်မီးကြိုး ရေနှင့်ထိတွေ့ကာ ဓာတ်လိုက်ခဲ့ပြီး ပင်လယ်ထဲသို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်အပြီးတွင် ဒ-ဏ်ရာရရှိခဲ့သည့် ဦးသွင်ကိုကိုဦးအား ချွန်ဘူရီခရိုင်ရှိ ပတ္တရားစီးတီးဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကာ ICU အထူးကြပ်မတ်ကုသဆောင်တွင် ဆေးဝါးကုသမှုပေးလျက်ရှိကြောင်း...

ကလေး–သိုင်းငင်း–တီးတိန်လမ်းပိုင်းနှင့် တီးတိန်မြို့ရှိ စာသင်ကျောင်းများကို ဆောက်လုပ်ရေးဒုတိယဝန်ကြီး ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်အတွင်းရှိ ကလေး–သိုင်းငင်း–တီးတိန် လမ်းပိုင်း၏ လမ်းအခြေအနေနှင့် တီးတိန်မြို့ရှိ စာသင်ကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၂၅ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ကွင်းဆင်းစစ်ဆေးစဉ် ဒုတိယဝန်ကြီးက လမ်းတည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ထားသည့် လမ်းဒီဇိုင်းစံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်၊ လမ်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ လျာထားလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည့်နေရာများတွင် ရေကျော်ပိုက် (Culvert) များ တည်ဆောက်ထားရန် မှာကြားခဲ့သည်။ ထို့ပြင် မိုးရာသီကာလအတွင်း တောင်ပြိုကျမှုများကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071