Wednesday, December 17, 2025

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...
HomeNewsLocal Newsအခေါက်ရွှေ (၁) ကျပ်သား...

အခေါက်ရွှေ (၁) ကျပ်သား (၂၈) သိန်းအထိ ဈေးတက်လာ၊ (၃) ရက်အတွင်း (၃) သိန်းဝန်းကျင်အထိ တက်လာခြင်းဖြစ်

အခေါက်ရွှေ (၁) ကျပ်သား (၂၈) သိန်းအထိ ဈေးတက်လာ၊ (၃) ရက်အတွင်း (၃) သိန်းဝန်းကျင်အထိ တက်လာခြင်းဖြစ်


ပြည်တွင်း ရွှေဈေးကွက်ကို ထိန်းချုပ်ရန် အခက်အခဲဖြစ်နေပြီး ယနေ့ ‌ပေါက်ဈေးအရ ရက်ပိုင်းအတွင်း ကျပ် (၃) သိန်းဝန်းကျင် မြင့်တက်သွားကြောင်း ရွှေဈေးကွက် အတွင်းမှ သိရသည်။

ဩဂုတ်လ (၁၃) ရက် ညနေ အပိတ်ဈေးအရ ဈေး ကွက်အတွင်း၌ (၁၆) ပဲရည် အကယ်ဒမီ မီးလင်းရွှေ (၁) ကျပ်သားလျင် (၂၈) သိန်း ဈေးပေါက်နေပြီး (၃) ရက်အတွင်း ကျပ် (၃)သိန်းခွဲဝန်းကျင် ဈေးမြင့်တက်သွားခြင်း ဖြစ်သည်။

ရန်ကုန် ရွှေလုပ်ငန်းရှင်အသင်း၏ ယနေ့ ဩဂုတ်လ (၁၃) ရက် ညနေပိုင်းအထိ ရည်ညွှန်းရွှေဈေးနှုန်းမှာ (၁) ကျပ်သားလျင် ၂၁၀, ၁၀၀၀ ကျပ် သတ်မှတ်ထားသော်လည်း ဈေးကွက်တွင် မည်သည့်ဆိုင်ကမှ အဆိုပါ ဈေးနှုန်းအတိုင်း ရောင်းဝယ်ခြင်း မလုပ်ကြပေ။

” အရောင်းအဝယ် လုပ်ချင်တယ်ဆိုရင် ဆိုင်ကိုရောက်တဲ့အချိန် ဈေးကွက်ပေါက်ဈေးနဲ့ တွက်ပြီး အရောင်းအဝယ် လုပ်မှာ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့ရှိ နာမည်ကြီး ရွှေဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ ညနေပိုင်းတွင် ပြောသည်။

ပြည်တွင်း ရွှေဈေးနှုန်း မြင့်တက်ရခြင်းမှာ သယ်ယူစရိ တ်များ မြင့်တက်ခြင်း၊ ကုန်ထုတ်လုပ်မှု စရိတ်များ မြင့်တက်ခြင်းနှင့် အထွေထွေ ဝန်ဆောင်စရိတ်များ မြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်အသင်းများက ပြောဆိုနေသော်လည်း နိုင်ငံခြားငွေ ဈေးနှုန်း နှင့် မြန်မာ ကျပ်ငွေ တန်ဖိုးထိုးကျနေမှုကို မထိန်းချုပ်နိုင်ခြင်းသည် အဓိက အကြောင်းရင်း ဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

ဈေးကွက်အတွင်း ရွှေကုန်ကြမ်း အလုံအလောက်ရှိသည့် အတွက် ရွှေဈေးနှုန်း အဆမတန်မြင့်တက်မည် မဟုတ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းအတွင်းက ရန်ကုန် တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌက ပြောကြားထားသော်လည်း ယင်းသို့ ပြောဆိုပြီးနောက် ကျပ် (၆) သိန်းဝန်းကျင်အထိ တဟုန်ထိုး မြင့်တက်လာခြင်း ဖြစ် သည်။

ယင်းကဲ့သို့ ဈေးနှုန်းမတည်မငြိမ်ဖြစ်ပေါ်နေသည့်အတွ က် ရန်ကုန်အခြေစိုက် ‌နာမည်ကျော် ရွှေဆိုင်အချို့ အ ရောင်းအဝယ် ရပ်နားထားကြောင်းလည်း သိရသည်။

” ဒီနေ့ ရွှေဈေးလည်း မဖွင့်ပါဘူး။ အရောင်းအဝယ်လည်း မလုပ်ဘူး။ နားထားပါတယ်” ဟု အဆိုပါ ရပ်နားထားသ ည့် ရွှေဆိုင်တာဝန် ရှိသူက ပြောသည်။

ဩဂုတ်လ (၁၃) ရက် ရန်ကုန်ရွှေအသင်း ရည်ညွှန်းဈေးနှုန်းမှာ (၁၆) ပဲရည် အကယ်ဒမီ မီးလင်းရွှေ (၁)ကျပ် သားလျင် ၂၁၀၁၀၀၀ ကျပ် သတ်မှတ်ထား ဈေးကွက် ပေါက်ဈေးမှ ၂၈၀၀၀၀၀ ကျပ် ဝန်းကျင်နှင့် (၁၅) ပဲရည် (၁) ကျပ်သားလျင် ၂၆၀၀၀၀၀ ကျပ်အထက် ပေါက်ဈေး ရှိနေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071