Saturday, August 1, 2026

အင်ဒိုနီးရှားသမ္မတ မြောက်ကိုရီးယားသွားမည်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနိုင်ငံကိုသွားရောက်၍ ဆွေးနွေးပွဲ စတင်အထမြောက်စေရန် ဆောင်ရွက်ပေးနိုင်မည်လားဟု မိမိကို မေးခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဇူလိုင်လ ၃၁...

မန္တလေး-ရန်ကုန် DEMU ရထားအား ခဲဖြင့်ပ-စ်ပေ-ါက်သူ...

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေး-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးနေသည့် အမှတ် (၆) DEMU လူစီးအမြန်ရထားအား ဧလာနှင့် သာဝတ္ထိဘူတာအကြား၌ ခဲဖြင့် ပ-စ်ပေ-ါက်ခဲ့သူ...

သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည့် Yangon Galacticos (YG)...

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပလျက်ရှိသည့် Esports World Cup (EWC 2026) ၏ Mobile Legends:...

မြန်မာ့ဆေးဝါးလုပ်ငန်းက ဆေးဝါးအသစ် (၆) မျိုး...

ရန်ကုန်၊ ဩဂုတ် ၁ မြန်မာ့ဆေးဝါးလုပ်ငန်းက ပြည်တွင်းထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ သုတေသနပြု စမ်းသပ်ဆောင်ရွက်ခဲ့သည့် ဆေးဝါးအမယ်သစ် (၆) မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။ သုတေသနအောင်မြင်ခဲ့သည့်...
HomeNewsLocal Newsအခက်အခဲများကို တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု...

အခက်အခဲများကို တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု NSPNC ဥက္ကဋ္ဌ ပြောကြား

နေပြည်တော်၊ ဩဂုတ် ၁

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)(AM) တို့၏ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပြီး လိုအပ်သည့် အခက်အခဲများကို တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နာဂဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေဖြင့် ထောက်ပံ့ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှသာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် NSCN-K (AM) အနေဖြင့် နာဂဒေသ ငြိမ်းချမ်းရေးနှင့် ဒေသတည်ငြိမ်ရေးကို ဦးစားပေးပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

၎င်းက နိုင်ငံရေးဆန္ဒများကို တည်ဆဲဥပဒေဘောင်အတွင်း ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်းနှင့် လိုအပ်သည့် အခက်အခဲများကိုလည်း တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

NSCN-K (AM) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း၊ နာဂဒေသတွင် ယနေ့အချိန်အထိ မလိုလားအပ်သည့် ပဋိပက္ခများ မရှိဘဲ တည်ငြိမ်အေးချမ်းလျက်ရှိကြောင်းနှင့် ယင်းအခြေအနေကို ရေရှည်ထိန်းသိမ်းကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် နှစ်ဖက်တာဝန်ရှိသူများက ဒေသတည်ငြိမ်အေးချမ်းရေး၊ နာဂဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်နိုင်ရေး၊ နှစ်ဖက်ခေါင်းဆောင်များ ပုံမှန်တွေ့ဆုံညှိနှိုင်းနိုင်ရေး၊ တပ်မတော်နှင့် အစိုးရဌာနများနှင့် ပူးပေါင်း၍ ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်ဒိုနီးရှားသမ္မတ မြောက်ကိုရီးယားသွားမည်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနိုင်ငံကိုသွားရောက်၍ ဆွေးနွေးပွဲ စတင်အထမြောက်စေရန် ဆောင်ရွက်ပေးနိုင်မည်လားဟု မိမိကို မေးခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြောကြားခဲ့ပြီး သူ သွားရောက်မည်ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။       အင်ဒိုနီးရှား ကုန်သည်ကြီးများအသင်းနှင့် တွေ့ဆုံစဉ် ပရာဘိုဝိုက ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။       အင်ဒိုနီးရှားသည် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအားလုံးနှင့် တန်းတူညီမျှ ကောင်းမွန်သော ဆက်ဆံရေးထားရှိကြောင်း ပရာဘိုဝိုက ပြောကြားရင်း ဧပြီလအတွင်း ဆိုးလ်သို့ နောက်ဆုံးအကြိမ်သွားရောက်ခဲ့စဉ် သူ့ကို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။     အင်ဒိုနီးရှားကို အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို...

မန္တလေး-ရန်ကုန် DEMU ရထားအား ခဲဖြင့်ပ-စ်ပေ-ါက်သူ လူငယ်နှစ်ဦးကို ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေး-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးနေသည့် အမှတ် (၆) DEMU လူစီးအမြန်ရထားအား ဧလာနှင့် သာဝတ္ထိဘူတာအကြား၌ ခဲဖြင့် ပ-စ်ပေ-ါက်ခဲ့သူ လူငယ်နှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်ခန့်တွင် အမှတ် (၆) အစုန် မန္တလေး-ရန်ကုန် DEMU ရထားသည် ဧလာဘူတာနှင့် သာဝတ္ထိဘူတာအကြား မိုင်တိုင်အမှတ် ၂၁၂/၂၀ နှင့် ၂၁ အကြားသို့ အရောက် ရထားလမ်း အရှေ့ဘက်ခြမ်းမှ...

သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည့် Yangon Galacticos (YG) အသင်း MSC 2026 ဗိုလ်လုပွဲသို့ တက်ရောက်

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပလျက်ရှိသည့် Esports World Cup (EWC 2026) ၏ Mobile Legends: Bang Bang Mid Season Cup (MSC 2026) ပြိုင်ပွဲကြီးတွင် မြန်မာကိုယ်စားပြု Yangon Galacticos (YG) အသင်းသည် ဖိလစ်ပိုင်အသင်းကြီးဖြစ်သော Team Falcons PH ကို အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ယူကာ Grand Final (ဗိုလ်လုပွဲ) သို့ ပထမဆုံးအကြိမ် တက်ရောက်သွားပြီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071